သာေကတတြင္ဆြမ္းခံႂကြရာမွ ျပန္လာေသာ သံဃာေတာ္မ်ား ယာဥ္မေတာ္တဆျဖစ္ပြား ရာမွသံဃာငါးပါးအျပင္းထန္ဒဏ္ရာရ



ရန္ကုန္၊ဇူလိုင္ ၅

ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္၊ ရႈခင္းသာၿမိဳ႕ပတ္လမ္းေပၚ ေရဝကၤဘာ ကစားကြင္းအလြန္ေကြ႕၌ ဇူလုိင္လ (၅)ရက္ေ္န ့ယေန႔ နံနက္ ၁၀နာရီေက်ာ္က ယာဥ္မေတာ္တဆ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ရာ သံဃာေတာ္ ငါးပါးအျပင္းအထန္ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။

သန္လ်င္ၿမိဳ႕နယ္ သဘာဝတရားရိပ္သာမွ သံဃာေတာ္မ်ား ဆြမ္းခံရာမွ အျပန္ ယင္းေနရာအေရာက္တြင္ ေဘးမွ ၿပိဳင္ေမာင္းလာေသာ ဒိုင္နာယာဥ္တစ္စီးေပၚမွ သံထည္ပစၥည္းမ်ား သံဃာေတာ္မ်ား လိုက္ပါသည့္ ယာဥ္ေပၚသို႔ ျပဳတ္က်ရာမွ အျပင္းအထန္ ဒဏ္ရာရျခင္းျဖစ္သည္။

 "ဥဴးဇင္းတို႔ ဆြမ္းခံရာကေန ျပန္ရင္း ျဖစ္တာပါ၊ ဝုန္းဆိုအသံၾကားၿပီး ဥဴးဇင္းတို႔ စီးလာတဲ့ကားမွာ ေခါင္မိုးမရွိေတာ့ဘူး၊ ေဘးကားေပၚက သံထည္ေတြဟာ ဥဴးဇင္းတို႔ ကားေပၚက်လာတယ္၊ ကားေပၚမွာ ဥဴးဇင္းကေထာင့္မွာ ကပ္သြားတယ္၊ သံဃာနွစ္ပါးလည္း ေသြးေတြ႐ႊဲေနတာ၊ ဥဴးဇင္းဆီကမ်ား ေသြးထြက္ေသးလားစစ္ၾကည့္ေတာမဟုတ္ဘူး၊ ဟိုနွစ္ပါးဆီကထြက္တာ၊ ငါးမိနစ္ေလာက္ရွိမယ္ထင္တယ္ ခဏေမ့သြားေသးတယ္၊ အခု ဓာတ္မွန္ေတာ့ ရိုက္ထားတယ္၊ အတြင္းေၾကလိုမ်ဳိးထိတာပါ"ဟု အဆိုပါျဖစ္စဥ္တြင္ပါဝင္ေသာ ဦးဝိဇယက မိန္႔ၾကားသည္။

ထိုသံဃာေတာ္မ်ားသည္ ေယာက္လမ္းသို႔ ဆြမ္းခံႂကြရာမွ ျပန္လာၾကျခင္းျဖစ္ၿပီး ေက်ာက္ေျမာင္း ဆြမ္းပါတ္အဖြဲ႕ဟုအမည္ရေၾကာင္း၊ ေက်ာက္ေျမာင္းဘက္သို႔ တစ္ပါတ္လ်ွင္ ငါးရက္ဆြမ္းခံႂကြရၿပီး ေယာက္လမ္းသို႔ အဂၤါေန႔တိုင္းတြင္ ႂကြရေၾကာင္း ယင္းဆြမ္းပါတ္အဖြဲ႕သို႔ ျပဳစုကုသမႈေပးေသာ ဆရာေတာ္က မိန္းၾကားရွင္းျပသည္။

ထိုလိုက္ေအ့စ္အမ်ဳိးအစား ယာဥ္ေပၚတြင္ သံဃာေတာ္ ၁၀ပါး ပါရွိကာ ရႈခင္းသာေကြ႕တြင္ ေဘးမွ ေက်ာ္တက္ရန္အတြက္ ျပိဳင္ေမာင္းလာ ေသာ ဒိုင္နာယာဥ္ေပၚမွ သံထည္ပစၥည္းမ်ား က်ကာ သံဃာေတာ္မ်ား စီးနင္းသည့္ယာဥ္အေပၚပိမိ၍ စုစုေပါင္း သံဃာရွစ္ပါးထိခိုက္မိ၍ ငါးပါးမွာ ယခုလက္ရွိအခ်ိန္အထိ ရန္ကုန္ေဆးရံုႀကီး ဦးေနွာက္နွင့္အာရံုေၾကာ ကုသေဆာင္တြင္အတြင္းလူနာအျဖစ္ တက္ေရာက္ကုသခံေနရေၾကာင္း သိရသည္။
 "ဥဴးဇင္း ငါးမိနစ္ေလာက္ သတိေမ့သြားတယ္၊ သတိျပန္ရေတာ့ ကားေထာင့္မွာ ကပ္ေနတယ္၊ ကားေပၚမွာ သံဃာနွစ္ပါးကလည္း ေသြးေတြတအား ရႊဲေနတယ္၊ ဥဴးဇင္းသကၤန္းေတြေတာင္ အကုန္ရႊဲေတာ့ ကိုယ့္ဆီကလားလို႔ ၾကည့္မိေသးတယ္"ဟု သက္ေတာ္ ၇၀ ရွိေသာ ဦးဝိဇယက မိန္႔ၾကားေတာ္မူခဲ့သည္။

 "ကားသမားက ယာဘက္ကိုဆြဲလို႔ နည္းနည္းသက္သာတာ၊ ေဘးကဒိုင္နာေပၚက တစ္ခုခုကို ၿဖိဳဖ်က္ၿပီး သယ္လာတဲ့ သေဘာမွာရွိတယ္၊ သံထည္ပစၥည္းေတြက်တာ" ဟု ယင္းျဖစ္ပြားရာသို႔ လာေရာက္အကူအညီေပးသူတစ္ဦးက ေျပာသည္။

 ထိုဒဏ္ရာရေသာ သံဃာေတာ္ရွစ္ပါးအနက္တြင္ သံုးပါးမွာ လက္က်ဳိးျခင္း၊ ပြန္းပဲ့ဒဏ္ရာ႐ရွိျခင္းတို႕ျဖစ္ပြားခဲ႔ေသာ္လည္းေဆးရံုတြင္အတြင္းလူနာအျဖစ္တက္ေရာက္ေနရသည့္ ဦးဇင္းငါးပါးအနက္ႏွစ္ပါးမွာ အျပင္းထန္စိုးရိမ္ရဖြယ္ရွိေႀကာင္းသိရသည္။

ျဖိဳးေဝေအာင္
china.com Myanmar
https://www.facebook.com/china.com.mm
.....



ရန်ကုန်၊ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းပေါ် ရေဝင်္ကဘာ ကစားကွင်းအလွန်ကွေ့၌ ဇူလိုင်လ (၅)ရက်ေ်န ့ယနေ့ နံနက် ၁၀နာရီကျော်က ယာဉ်မတော်တဆ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ သံဃာတော် ငါးပါးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် သဘာဝတရားရိပ်သာမှ သံဃာတော်များ ဆွမ်းခံရာမှ အပြန် ယင်းနေရာအရောက်တွင် ဘေးမှ ပြိုင်မောင်းလာသော ဒိုင်နာယာဉ်တစ်စီးပေါ်မှ သံထည်ပစ္စည်းများ သံဃာတော်များ လိုက်ပါသည့် ယာဉ်ပေါ်သို့ ပြုတ်ကျရာမှ အပြင်းအထန် ဒဏ်ရာရခြင်းဖြစ်သည်။

 "ဥူးဇင်းတို့ ဆွမ်းခံရာကနေ ပြန်ရင်း ဖြစ်တာပါ၊ ဝုန်းဆိုအသံကြားပြီး ဥူးဇင်းတို့ စီးလာတဲ့ကားမှာ ခေါင်မိုးမရှိတော့ဘူး၊ ဘေးကားပေါ်က သံထည်တွေဟာ ဥူးဇင်းတို့ ကားပေါ်ကျလာတယ်၊ ကားပေါ်မှာ ဥူးဇင်းကထောင့်မှာ ကပ်သွားတယ်၊ သံဃာနှစ်ပါးလည်း သွေးတွေရွှဲနေတာ၊ ဥူးဇင်းဆီကများ သွေးထွက်သေးလားစစ်ကြည့်တောမဟုတ်ဘူး၊ ဟိုနှစ်ပါးဆီကထွက်တာ၊ ငါးမိနစ်လောက်ရှိမယ်ထင်တယ် ခဏမေ့သွားသေးတယ်၊ အခု ဓာတ်မှန်တော့ ရိုက်ထားတယ်၊ အတွင်းကြေလိုမျိုးထိတာပါ"ဟု အဆိုပါဖြစ်စဉ်တွင်ပါဝင်သော ဦးဝိဇယက မိန့်ကြားသည်။

ထိုသံဃာတော်များသည် ယောက်လမ်းသို့ ဆွမ်းခံကြွရာမှ ပြန်လာကြခြင်းဖြစ်ပြီး ကျောက်မြောင်း ဆွမ်းပါတ်အဖွဲ့ဟုအမည်ရကြောင်း၊ ကျောက်မြောင်းဘက်သို့ တစ်ပါတ်လျှင် ငါးရက်ဆွမ်းခံကြွရပြီး ယောက်လမ်းသို့ အင်္ဂါနေ့တိုင်းတွင် ကြွရကြောင်း ယင်းဆွမ်းပါတ်အဖွဲ့သို့ ပြုစုကုသမှုပေးသော ဆရာတော်က မိန်းကြားရှင်းပြသည်။

ထိုလိုက်အေ့စ်အမျိုးအစား ယာဉ်ပေါ်တွင် သံဃာတော် ၁၀ပါး ပါရှိကာ ရှုခင်းသာကွေ့တွင် ဘေးမှ ကျော်တက်ရန်အတွက် ပြိုင်မောင်းလာ သော ဒိုင်နာယာဉ်ပေါ်မှ သံထည်ပစ္စည်းများ ကျကာ သံဃာတော်များ စီးနင်းသည့်ယာဉ်အပေါ်ပိမိ၍ စုစုပေါင်း သံဃာရှစ်ပါးထိခိုက်မိ၍ ငါးပါးမှာ ယခုလက်ရှိအချိန်အထိ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ကုသဆောင်တွင်အတွင်းလူနာအဖြစ် တက်ရောက်ကုသခံနေရကြောင်း သိရသည်။
 "ဥူးဇင်း ငါးမိနစ်လောက် သတိမေ့သွားတယ်၊ သတိပြန်ရတော့ ကားထောင့်မှာ ကပ်နေတယ်၊ ကားပေါ်မှာ သံဃာနှစ်ပါးကလည်း သွေးတွေတအား ရွှဲနေတယ်၊ ဥူးဇင်းသင်္ကန်းတွေတောင် အကုန်ရွှဲတော့ ကိုယ့်ဆီကလားလို့ ကြည့်မိသေးတယ်"ဟု သက်တော် ရ၀ ရှိသော ဦးဝိဇယက မိန့်ကြားတော်မူခဲ့သည်။

 "ကားသမားက ယာဘက်ကိုဆွဲလို့ နည်းနည်းသက်သာတာ၊ ဘေးကဒိုင်နာပေါ်က တစ်ခုခုကို ဖြိုဖျက်ပြီး သယ်လာတဲ့ သဘောမှာရှိတယ်၊ သံထည်ပစ္စည်းတွေကျတာ" ဟု ယင်းဖြစ်ပွားရာသို့ လာရောက်အကူအညီပေးသူတစ်ဦးက ပြောသည်။

 ထိုဒဏ်ရာရသော သံဃာတော်ရှစ်ပါးအနက်တွင် သုံးပါးမှာ လက်ကျိုးခြင်း၊ ပွန်းပဲ့ဒဏ်ရာရရှိခြင်းတို့ဖြစ်ပွားခဲ့သော်လည်းဆေးရုံတွင်အတွင်းလူနာအဖြစ်တက်ရောက်နေရသည့် ဦးဇင်းငါးပါးအနက်နှစ်ပါးမှာ အပြင်းထန်စိုးရိမ်ရဖွယ်ရှိကြောင်းသိရသည်။

ဖြိုးဝေအောင်
china.com Myanmar
https://www.facebook.com/china.com.mm
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)