လ.ဝ.က ဦးစီးမွဴးက ေျခေထာက္ျဖစ္ကန္၍ ဝန္ထမ္း နဖူးေပါက္ျပဲ


Photo - Khumi Media Group -ခူမီးမီဒီယာ
ပလက္ဝၿမိဳ႕နယ္ လ.ဝ.က ဦးစီးမွဴး ဦးတင္ျမင့္ေမာင္က စားပြဲေပၚတက္ၿပီး ေျခေထာက္ျဖစ္ကန္၍ ၄င္းဝန္ထမ္း ဦးမ်ဳိးေက်ာ္ထိုက္၏ နဖူးေပါက္ျပဲမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ယင္းအခင္းျဖစ္ပြားမႈသည္ ဇူလိုင္ ၉ရက္ေန႔၌ ပလက္ဝၿမိဳ႕နယ္ လူဝင္မႈၾကီးၾကပ္ေရးႏွင့္အမ်ဳိးသားမွတ္ပံုတင္ေရးဦးစီးဌာန တြင္ျဖစ္ပြားခဲ့သည္။

အခင္းျဖစ္ပြားပံုမွာ ဇူလိုင္ဒုတိယပတ္တြင္ အခင္းျဖစ္ပြားသူ ဦးတင္ျမင့္ေမာင္ႏွင့္အတူ ဦးမ်ဳိးေက်ာ္ထုိက္သည္ ရွင္းလက္ဝေက်းရြာတစ္ဝိုက္တြင္ လူအေယာက္ (၈၀)အတြက္ မွတ္ပံုတင္သြားေရာက္လုပ္ေဆာင္ေပးေၾကာင္း၊ ဗုဒၶဟူးတြင္ ပလက္ဝသို႔ေရာက္လာၿပီး ေသာၾကာေန႔တြင္ မွတ္ပံုတင္ျပဳလုပ္ျခင္းမၿပီးစီးေသးသျဖင့္ စေနေန႔တြင္အခ်ိန္ပိုဆက္လက္လုပ္ကိုင္ေၾကာင္း၊ ညေန သံုးနာရီအထိလုပ္ငန္းမၿပီးဆံုးေသးသျဖင့္ ရံုးတြင္ဝင္လိုက္ထြက္လိုက္ႏွင့္ယခုခ်ိန္ထိမၿပီးေသးဘူးလားဟုအဆက္မပ်က္ေမးျမန္းေၾကာင္း၊ မွတ္ပံုတင္ျပဳလုပ္ျခင္းသည္ အမည္၊ ဘာသာ၊ နံပါတ္ေတြအမွားမခံႏိုင္သည့္အခ်က္အလက္မ်ားျဖစ္ေၾကာင္း၊ အသက္(၁၈)ျပည့္ရန္ (၁၈)ရက္အလိုႏွင့္ (၇)ရက္အလိုႏွစ္ေယာက္ကို မည္သည့္က႑ာတြင္ထည့္သြင္းရမည္ဟုဦးစီးမွဴးကိုေမးျမန္းရာ အသက္ (၁၈)ႏွစ္ျပည့္တြင္ထည့္သြင္းရန္ေျပာေၾကာင္း၊ ေနာက္ပိုင္းတြင္ ၄င္းတို႔ႏွစ္ဦးကို (၁၈)ႏွစ္ျပည့္တြင္မထည့္သြင္းရန္ျပန္လည္းေျပာၾကားၿပီး ျပန္ျဖတ္မည္ဟုေျပာၾကားရာမွ ဦးစီးမွဴးက ျဖတ္ရာမလုိခ်င္ဘူး၊ မင္းမလုပ္ခ်င္ရင္ထြက္သြား၊ မင္းမ်က္ႏွာေနာက္ထပ္မေတြ႔ခ်င္ဘူးထြက္သြားဟုေျပာေၾကာင္း၊ ယင္းအခင္းျဖစ္ပြားစဥ္ လူေလးဦးရွိၿပီး ဒုရဲအုပ္ဦးထြန္းသာေအာင္ႏွင့္ လ.ဝ.ကဝန္ထမ္းႏွစ္ေယာက္လည္းရွိေၾကာင္း၊ ဦးမ်ဳိးေက်ာ္ထုိက္စာေရးစားပြဲေပၚသို႔တက္ၿပီး ၄င္းအားပိတ္ကန္ရာ နားေအာက္၊ ေမးရိုးကန္မိေၾကာင္း၊ နဖူးတြင္ ဦးစီးမွဴး၏ ေျခမေျခသည္းဝင္သြားရာ နဖူးမွေသြးမ်ားထြက္လာေၾကာင္း၊ ယင္းကဲ့သို႔စားပြဲေပၚမွ ကန္သည့္ခ်ိန္ အရွိန္ျဖစ္ စားပြဲေအာက္သို႔ျဖဳတ္က်သြားေၾကာင္း၊ လက္ရွိအခ်ိန္တြင္ရဲစခန္းသို႔တိုင္ခ်က္ဖြင့္ထားေၾကာင္း၊ ဆရာဝန္ထံ ေဆးစာလည္းယူထားေၾကာင္း၊ ရင္အံုတြင္ ၄င္း၏ေျခရာမ်ားက်န္ထားၿပီးယင္းအကၤ်ီကိုေသခ်ာသိမ္းထားေၾကာင္း သိရသည္။

“ရံုးမွာအလုပ္လုပ္တုန္း လုပ္ရင္းနဲ႔ အလုပ္လည္းမၿပီးႏိုင္ဘူးဆိုၿပီးေတာ့ ကၽြန္ေတာ့္ကို အတင္းအဓမၼဗ်ာ ကၽြန္ေတာ့္ကို ဆဲဆိုၿပီးမွ ဒီလုိပဲ ျပန္ထြက္သြားလိုက္ကၽြန္ေတာ့္ကို ဆူသြားလုိက္ ျပန္ဝင္လာလုိက္ေပါ့ေလ။ ၿပီးရင္ ခဏၾကာ အလုပ္မၿပီးေသးဘူးလာ၊ ျပန္ပါကြာေျပာၿပီးမွ ကၽြန္ေတာ့္စာအုပ္ကိုသိမ္းၿပီးမွ သူ႔စားပြဲေပၚမွာ ဆရာဒီမွာဗ်ာလုိ႔ခ်လိုက္တယ္။ အဲခ်ိန္မွာ ဘာစိတ္ကူးေပါက္တာလည္းမသိဘူး။ စာေရးတဲ့စားပြဲခံုေပၚတက္ၿပီးေတာ့ ေျခေထာက္နဲ႔မ်က္ႏွာကိုပိတ္ကန္တာ။ တစ္ခ်က္ပဲကန္တာနဲ႔ သူလည္းသူ႔အေလးခ်ိန္နဲ႔သူေခ်ာ္လဲၿပီးေတာ့ ၾကမ္းျပင္နဲ႔သူ႔တင္ပါေဆာင့္မိတယ္။ ေမးေစ့မွာဒဏ္ရာတစ္ခ်က္၊ နဖူးေပၚမွာေပါက္ေတာ့ ေသြးကေတာ့အရမ္းမ်ားတယ္။ အမႈေတာ့မဖြင့္ေသးဘူး။ ေဆးစာေတာ့ယူသြားတယ္။ သူက်န္းမာေရးျပန္ေကာင္းလာရင္ လာေတာင္းပန္မယ္လို႔ဆိုေတာ့ သူလာေတာင္းပန္မယ့္အခ်ိန္ကိုေစာင့္ေနတယ္။ ခုထိလည္း လာမေတာင္းပန္ေသးဘူး။ လာမေတာင္းပန္ဘူးဆိုရင္ေတာ့ အမႈဖြင့္မယ္။ သူလည္းခုေလာေလာဆယ္ သူလမ္းမေလွ်ာက္ႏိုင္ေသးဘူးတဲ့”ဟု ဇူလိုင္ ၁၈ ရက္ေန႔တြင္ ပလက္ဝၿမိဳ႕နယ္ လ.ဝ.က ဝန္ထမ္း ဦးမ်ဳိးေက်ာ္ထုိက္ကေျပာသည္။

“ေဆးစာကို ကၽြန္ေတာ္မထုတ္ေပးေသးဘူး။ ေျခေထာက္နဲ႔ကန္တယ္ဆိုေတာ့လည္း အျပင္ဒဏ္ရာက သိပ္ၾကီးၾကီးမားမားမရွိဘူး။ နဖူးေပၚမွာေတာ့ အဲကန္တဲ့ခ်ိန္မွာ ေျခသည္ခြန္နဲ႔ထိၿပီးမွ နည္းနည္းေလး အသားပြန္႔ပဲ့တာေတာ့ရွိတယ္။ တစ္ျခားေနရာေတာ့ ကန္တယ္ဆိုေတာ့ ဒီေနရာနာတယ္၊ ဟိုေနရာနာတယ္လို႔သူေျပာတာေလာက္ေတာ့ရွိတာေပါ့။ ေနာက္တစ္ေန႔က်ေတာ့ လည္ပင္ဘယ္ဘက္ျခမ္းမွာ နည္းနည္းေလးေယာင္တယ္လို႔ေတာ့ေျပာတယ္။ ေဆးစာမထုတ္ေပးေသးဘူးဆိုတာက သူတို႔ကအမႈလည္းတရားဝင္မဖြင့္ေသးဘူးဆိုေတာ့၊ သူတို႔လည္းမသည္းကြဲေသးတာရယ္၊ ရဲစခန္းကလည္း ေဆးစာကို တရားဝင္ထုတ္ေပးပါလို႔ေျပာလာရင္ေတာ့ ထုတ္ေပးဖို႔ကၽြန္ေတာ္အဆင္သင့္ပါ”ဟုပလက္ဝၿမိဳ႕နယ္ ျပည္နယ္ေဆးရံုမွ ေဒါက္တာစန္းမာကေျပာသည္။

ပလက္ဝၿမိဳ႕နယ္ လ.ဝ.က ဦးစီးဌာန ဦးစီးမွဴး ဦးတင္ျမင့္ေမာင္၏ဖုန္းကို ဇူလိုင္ ၁၈ ရက္ႏွင့္ ၁၉ ရက္တြင္အၾကိမ္ၾကိမ္ဖုန္းဆက္ေသာ္လည္း ဖုန္းပိတ္ထားသျဖင့္ ဆက္သြယ္၍မရႏိုင္ေပ။

“သူ႔လက္ေအာက္ကလူေတြကလာေတာင္းပန္တယ္။ ဒါေပမယ့္ လုပ္တဲ့သူက သူ႔ေအာက္ကလူေတြကလုပ္တာမွမဟုတ္တာ။ စားပြဲေပၚမွ ကန္သည့္ခ်ိန္ အရွိန္ျဖစ္ စားပြဲေအာက္သို႔ျဖဳတ္က်သြားၿပီးေျခေထာက္နာၿပီး လမ္းမေလွ်ာက္ႏိုင္ဘူးလို႔အေၾကာင္းျပတယ္။ တကယ္တမ္းေတာ့ သူသြားႏိုင္ပါတယ္။ သူကိုယ္တိုင္လာေတာင္းပန္ရင္ေတာ့ ေက်ေအးမယ္။ သူကိုယ္တုိင္လာမေတာင္းပန္ရင္ေတာ့ ဆက္လုပ္စရာရွိတာဆက္လုပ္မယ္လို႔ အေၾကာင္းျပန္လိုက္တယ္” ဟု ဦးမ်ဳိးေက်ာ္ထုိက္၏ အစ္မျဖစ္သူကေျပာသည္။

ထုိ႔ျပင္ ပလက္ဝၿမိဳ႕နယ္ ရဲစခန္းသို႔ဖုန္းဆက္ေမးျမန္းေသာ္လည္း ဖုန္းပိတ္ထားသျဖင့္ ဆက္သြယ္၍မရႏိုင္ပါ။

ဆလုိင္းလာလ္ႏြန္အုပ္
credit - Chin World
..........


Photo - Khumi Media Group -ခူမီးမီဒီယာ
ပလက်ဝမြို့နယ် လ.ဝ.က ဦးစီးမှူး ဦးတင်မြင့်မောင်က စားပွဲပေါ်တက်ပြီး ခြေထောက်ဖြစ်ကန်၍ ၄င်းဝန်ထမ်း ဦးမျိုးကျော်ထိုက်၏ နဖူးပေါက်ပြဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းအခင်းဖြစ်ပွားမှုသည် ဇူလိုင် ၉ရက်နေ့၌ ပလက်ဝမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန တွင်ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပွားပုံမှာ ဇူလိုင်ဒုတိယပတ်တွင် အခင်းဖြစ်ပွားသူ ဦးတင်မြင့်မောင်နှင့်အတူ ဦးမျိုးကျော်ထိုက်သည် ရှင်းလက်ဝကျေးရွာတစ်ဝိုက်တွင် လူအယောက် (၈၀)အတွက် မှတ်ပုံတင်သွားရောက်လုပ်ဆောင်ပေးကြောင်း၊ ဗုဒ္ဓဟူးတွင် ပလက်ဝသို့ရောက်လာပြီး သောကြာနေ့တွင် မှတ်ပုံတင်ပြုလုပ်ခြင်းမပြီးစီးသေးသဖြင့် စနေနေ့တွင်အချိန်ပိုဆက်လက်လုပ်ကိုင်ကြောင်း၊ ညနေ သုံးနာရီအထိလုပ်ငန်းမပြီးဆုံးသေးသဖြင့် ရုံးတွင်ဝင်လိုက်ထွက်လိုက်နှင့်ယခုချိန်ထိမပြီးသေးဘူးလားဟုအဆက်မပျက်မေးမြန်းကြောင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်းသည် အမည်၊ ဘာသာ၊ နံပါတ်တွေအမှားမခံနိုင်သည့်အချက်အလက်များဖြစ်ကြောင်း၊ အသက်(၁၈)ပြည့်ရန် (၁၈)ရက်အလိုနှင့် (၇)ရက်အလိုနှစ်ယောက်ကို မည်သည့်ကဏ္ဍာတွင်ထည့်သွင်းရမည်ဟုဦးစီးမှူးကိုမေးမြန်းရာ အသက် (၁၈)နှစ်ပြည့်တွင်ထည့်သွင်းရန်ပြောကြောင်း၊ နောက်ပိုင်းတွင် ၄င်းတို့နှစ်ဦးကို (၁၈)နှစ်ပြည့်တွင်မထည့်သွင်းရန်ပြန်လည်းပြောကြားပြီး ပြန်ဖြတ်မည်ဟုပြောကြားရာမှ ဦးစီးမှူးက ဖြတ်ရာမလိုချင်ဘူး၊ မင်းမလုပ်ချင်ရင်ထွက်သွား၊ မင်းမျက်နှာနောက်ထပ်မတွေ့ချင်ဘူးထွက်သွားဟုပြောကြောင်း၊ ယင်းအခင်းဖြစ်ပွားစဉ် လူလေးဦးရှိပြီး ဒုရဲအုပ်ဦးထွန်းသာအောင်နှင့် လ.ဝ.ကဝန်ထမ်းနှစ်ယောက်လည်းရှိကြောင်း၊ ဦးမျိုးကျော်ထိုက်စာရေးစားပွဲပေါ်သို့တက်ပြီး ၄င်းအားပိတ်ကန်ရာ နားအောက်၊ မေးရိုးကန်မိကြောင်း၊ နဖူးတွင် ဦးစီးမှူး၏ ခြေမခြေသည်းဝင်သွားရာ နဖူးမှသွေးများထွက်လာကြောင်း၊ ယင်းကဲ့သို့စားပွဲပေါ်မှ ကန်သည့်ချိန် အရှိန်ဖြစ် စားပွဲအောက်သို့ဖြုတ်ကျသွားကြောင်း၊ လက်ရှိအချိန်တွင်ရဲစခန်းသို့တိုင်ချက်ဖွင့်ထားကြောင်း၊ ဆရာဝန်ထံ ဆေးစာလည်းယူထားကြောင်း၊ ရင်အုံတွင် ၄င်း၏ခြေရာများကျန်ထားပြီးယင်းအင်္ကျီကိုသေချာသိမ်းထားကြောင်း သိရသည်။

“ရုံးမှာအလုပ်လုပ်တုန်း လုပ်ရင်းနဲ့ အလုပ်လည်းမပြီးနိုင်ဘူးဆိုပြီးတော့ ကျွန်တော့်ကို အတင်းအဓမ္မဗျာ ကျွန်တော့်ကို ဆဲဆိုပြီးမှ ဒီလိုပဲ ပြန်ထွက်သွားလိုက်ကျွန်တော့်ကို ဆူသွားလိုက် ပြန်ဝင်လာလိုက်ပေါ့လေ။ ပြီးရင် ခဏကြာ အလုပ်မပြီးသေးဘူးလာ၊ ပြန်ပါကွာပြောပြီးမှ ကျွန်တော့်စာအုပ်ကိုသိမ်းပြီးမှ သူ့စားပွဲပေါ်မှာ ဆရာဒီမှာဗျာလို့ချလိုက်တယ်။ အဲချိန်မှာ ဘာစိတ်ကူးပေါက်တာလည်းမသိဘူး။ စာရေးတဲ့စားပွဲခုံပေါ်တက်ပြီးတော့ ခြေထောက်နဲ့မျက်နှာကိုပိတ်ကန်တာ။ တစ်ချက်ပဲကန်တာနဲ့ သူလည်းသူ့အလေးချိန်နဲ့သူချော်လဲပြီးတော့ ကြမ်းပြင်နဲ့သူ့တင်ပါဆောင့်မိတယ်။ မေးစေ့မှာဒဏ်ရာတစ်ချက်၊ နဖူးပေါ်မှာပေါက်တော့ သွေးကတော့အရမ်းများတယ်။ အမှုတော့မဖွင့်သေးဘူး။ ဆေးစာတော့ယူသွားတယ်။ သူကျန်းမာရေးပြန်ကောင်းလာရင် လာတောင်းပန်မယ်လို့ဆိုတော့ သူလာတောင်းပန်မယ့်အချိန်ကိုစောင့်နေတယ်။ ခုထိလည်း လာမတောင်းပန်သေးဘူး။ လာမတောင်းပန်ဘူးဆိုရင်တော့ အမှုဖွင့်မယ်။ သူလည်းခုလောလောဆယ် သူလမ်းမလျှောက်နိုင်သေးဘူးတဲ့”ဟု ဇူလိုင် ၁၈ ရက်နေ့တွင် ပလက်ဝမြို့နယ် လ.ဝ.က ဝန်ထမ်း ဦးမျိုးကျော်ထိုက်ကပြောသည်။

“ဆေးစာကို ကျွန်တော်မထုတ်ပေးသေးဘူး။ ခြေထောက်နဲ့ကန်တယ်ဆိုတော့လည်း အပြင်ဒဏ်ရာက သိပ်ကြီးကြီးမားမားမရှိဘူး။ နဖူးပေါ်မှာတော့ အဲကန်တဲ့ချိန်မှာ ခြေသည်ခွန်နဲ့ထိပြီးမှ နည်းနည်းလေး အသားပွန့်ပဲ့တာတော့ရှိတယ်။ တစ်ခြားနေရာတော့ ကန်တယ်ဆိုတော့ ဒီနေရာနာတယ်၊ ဟိုနေရာနာတယ်လို့သူပြောတာလောက်တော့ရှိတာပေါ့။ နောက်တစ်နေ့ကျတော့ လည်ပင်ဘယ်ဘက်ခြမ်းမှာ နည်းနည်းလေးယောင်တယ်လို့တော့ပြောတယ်။ ဆေးစာမထုတ်ပေးသေးဘူးဆိုတာက သူတို့ကအမှုလည်းတရားဝင်မဖွင့်သေးဘူးဆိုတော့၊ သူတို့လည်းမသည်းကွဲသေးတာရယ်၊ ရဲစခန်းကလည်း ဆေးစာကို တရားဝင်ထုတ်ပေးပါလို့ပြောလာရင်တော့ ထုတ်ပေးဖို့ကျွန်တော်အဆင်သင့်ပါ”ဟုပလက်ဝမြို့နယ် ပြည်နယ်ဆေးရုံမှ ဒေါက်တာစန်းမာကပြောသည်။

ပလက်ဝမြို့နယ် လ.ဝ.က ဦးစီးဌာန ဦးစီးမှူး ဦးတင်မြင့်မောင်၏ဖုန်းကို ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တွင်အကြိမ်ကြိမ်ဖုန်းဆက်သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရနိုင်ပေ။

“သူ့လက်အောက်ကလူတွေကလာတောင်းပန်တယ်။ ဒါပေမယ့် လုပ်တဲ့သူက သူ့အောက်ကလူတွေကလုပ်တာမှမဟုတ်တာ။ စားပွဲပေါ်မှ ကန်သည့်ချိန် အရှိန်ဖြစ် စားပွဲအောက်သို့ဖြုတ်ကျသွားပြီးခြေထောက်နာပြီး လမ်းမလျှောက်နိုင်ဘူးလို့အကြောင်းပြတယ်။ တကယ်တမ်းတော့ သူသွားနိုင်ပါတယ်။ သူကိုယ်တိုင်လာတောင်းပန်ရင်တော့ ကျေအေးမယ်။ သူကိုယ်တိုင်လာမတောင်းပန်ရင်တော့ ဆက်လုပ်စရာရှိတာဆက်လုပ်မယ်လို့ အကြောင်းပြန်လိုက်တယ်” ဟု ဦးမျိုးကျော်ထိုက်၏ အစ်မဖြစ်သူကပြောသည်။

ထို့ပြင် ပလက်ဝမြို့နယ် ရဲစခန်းသို့ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရနိုင်ပါ။

ဆလိုင်းလာလ်နွန်အုပ်

credit - Chin World
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)