တိုင္းႏွင့္ျပည္နယ္ ၈ ခုမွာ မိုးႀကီးၿပီး ေရေဘးအႏၱရာယ္ က်ေရာက္ႏုိင္


မိုးဆက္တိုက္ရြာသြန္းမႈေၾကာင့္ ရခိုင္ျပည္နယ္ မင္းျပားနဲ႔ ေျမာက္ဦး ၿမိဳ႕နယ္တို႔မွာ ေရႀကီး၊ ေရလွ်ံမႈျဖစ္ေပၚေနသည္ကို ဇူလိုင္လ ၇ ရက္ေန႔က ေတြ႔ရစဥ္။ Photo: RFA
လာမယ့္ ႏွစ္ရက္အတြင္း ရခုိင္၊ တနသၤာရီ၊ ဧရာ၀တီ၊ မြန္၊ ကခ်င္၊ စစ္ကိုင္း၊ ပဲခူး၊ ခ်င္း စတဲ့တုိင္းနဲ႔ ျပည္နယ္ ၈ ခုမွာ မိုးၾကီးႏုိင္တဲ့အတြက္ ေရေဘးအႏၱရာယ္ သတိထားၾကဖို႔ မုိးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။

မုိးမ်ားၿပီး ေရႀကီးေရလွ်ံတာေတြ ျဖစ္လာႏုိင္တဲ့အတြက္ သတိေပးတာျဖစ္တယ္လို႔ မုိးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေက်ာ္မုိးဦး က ေျပာပါတယ္။

"ရခိုင္ျပည္နယ္မွာ ေဒသအလုိက္ မိုးႀကီးမယ့္ အေနအထားရွိပါတယ္၊ ဧရာဝတီတိုင္း မြန္ျပည္နယ္ တနသၤာရီ တိုင္းေတြမွာ ေနရာကြက္ၿပီး မိုးႀကီးမယ့္ အေနအထားရွိပါတယ္၊ ျမစ္ဝကြ်န္းေပၚေဒသေတြျဖစ္တဲ့ ရန္ကုန္တိုင္းနဲ႔ ပဲခူးတိုင္းမွာ ေနရာအႏွံ႔အျပား မိုးရြာႏိုင္ပါတယ္၊ ရခိုင္ကမ္းရိုးတန္းတို႔ ဧရာဝတီျမစ္ဝကြ်န္းေပၚတို႔ မြန္ျပည္နယ္ တနသၤာရီတို႔က ကမ္းရိုးတန္းေဒသေတြျဖစ္တဲ့အတြက္ အဲ့ေဒသေတြမွာ မိုးမ်ားတဲ့အတြက္ေၾကာင့္ ေရႀကီးေရလ်ံ မႈေတြျဖစ္ႏိုင္မယ့္ အေနအထားရွိပါတယ္"

လက္ရွိမွာ ရခိုင္ျပည္နယ္ဟာ ေရေဘးဒဏ္ခံခဲ့ၿပီးေနာက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြနဲ႔ ပ်က္စီးသြား တဲ့ ေရကန္ေတြကို ျပန္လည္ျပဳျပင္ေနဆဲျဖစ္ပါတယ္။

လက္ရွိ ခ်င္းတြင္းျမစ္ေရဟာ စစ္ကိုင္းတုိင္း ဟုမၼလင္း၊ ေဖာင္းျပင္၊ ေမာ္လိုက္ၿမိဳ႕၊ ကေလး၀၊ မင္းကင္း၊ ကနီနဲ႔ မံုရြာၿမိဳ႕ေတြမွာ စိုးရိမ္ေရမွတ္ထက္ ေက်ာ္ေနတဲ့အတြက္ ျမစ္ကမ္းတေလွ်ာက္ ေနထုိင္သူေတြကို သတိထားေန ထိုင္ၾကဖို႔ သက္ဆုိင္ရာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖဲြ႔ေတြက လိုက္လံသတိေပးေန ပါတယ္။

ဒီေန႔ ကနီၿမိဳ႕နယ္ ယင္းရြာ၊ မဲဒင္ရြာမ၊ မယ့္လဘို႔ေတာင္၊ ယင္းဘိုး၊ လက္ပံစု စတဲ့ ေက်းရြာ ၁၀ ရြာေလာက္ မွာ ေနအိမ္ေတြထဲကို ေရအျမင့္ေပ တစ္ေပကေန ၄ ေပေလာက္အထိ ၀င္ေရာက္တာေတြ ရွိေနတယ္လို႔ ကနီၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese/
.....


မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦး မြို့နယ်တို့မှာ ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နေသည်ကို ဇူလိုင်လ ရ ရက်နေ့က တွေ့ရစဉ်။ Photo: RFA
လာမယ့် နှစ်ရက်အတွင်း ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်၊ ကချင်၊ စစ်ကိုင်း၊ ပဲခူး၊ ချင်း စတဲ့တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ် သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မိုးများပြီး ရေကြီးရေလျှံတာတွေ ဖြစ်လာနိုင်တဲ့အတွက် သတိပေးတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးမယ့် အနေအထားရှိပါတယ်၊ ဧရာဝတီတိုင်း မွန်ပြည်နယ် တနင်္သာရီ တိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးမယ့် အနေအထားရှိပါတယ်၊ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ နေရာအနှံ့အပြား မိုးရွာနိုင်ပါတယ်၊ ရခိုင်ကမ်းရိုးတန်းတို့ ဧရာဝတီမြစ်ဝကျွန်းပေါ်တို့ မွန်ပြည်နယ် တနင်္သာရီတို့က ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့အတွက် အဲ့ဒေသတွေမှာ မိုးများတဲ့အတွက်ကြောင့် ရေကြီးရေလျံ မှုတွေဖြစ်နိုင်မယ့် အနေအထားရှိပါတယ်"

လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ ရေဘေးဒဏ်ခံခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပျက်စီးသွား တဲ့ ရေကန်တွေကို ပြန်လည်ပြုပြင်နေဆဲဖြစ်ပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်ထက် ကျော်နေတဲ့အတွက် မြစ်ကမ်းတလျှောက် နေထိုင်သူတွေကို သတိထားနေ ထိုင်ကြဖို့ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံသတိပေးနေ ပါတယ်။

ဒီနေ့ ကနီမြို့နယ် ယင်းရွာ၊ မဲဒင်ရွာမ၊ မယ့်လဘို့တောင်၊ ယင်းဘိုး၊ လက်ပံစု စတဲ့ ကျေးရွာ ၁၀ ရွာလောက် မှာ နေအိမ်တွေထဲကို ရေအမြင့်ပေ တစ်ပေကနေ ၄ ပေလောက်အထိ ၀င်ရောက်တာတွေ ရှိနေတယ်လို့ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)