ေရႊ႕ေျပာင္းေနထိုင္သူေတြကို အိမ္ေထာင္စုစာရင္း ထုတ္ေပးမယ့္အစီအစဥ္ SNLD ကန္႔ကြက္မည္

SNLD ပါတီ တြဲဖက္အတြင္းေရးမွဴး ဦးစိုင္းလိတ္ ကို ေတြ႔ရစဥ္။Photo: RFA
တစ္ႏုိင္ငံလံုးက ေရႊ႕ေျပာင္းေနထိုင္သူေတြကို အိမ္ေထာင္စုစာရင္း ထုတ္ေပးမယ္ဆိုတဲ့ လူဝင္မႈႀကီးၾကပ္ေရး နဲ႔ ျပည္သူ႔အင္အားဦးစီးဌာနရဲ့ ရက္ ၁၀၀ စီမံခ်က္ကို ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ပါတီက ရွမ္းျပည္နယ္လႊတ္ေတာ္မွာ ကန္႔ကြက္ဖို႔ စီစဥ္ေနပါတယ္။

စစ္ေဘးဒုကၡသည္ေတြနဲ႔ ႏိုင္ငံရပ္ျခားေရာက္ ေဒသခံေတြအေရးကို ဦးစားေပးေဆာင္ရြက္မႈမရွိဘဲ ေရႊ႕ေျပာင္း လုပ္သားေတြကို အိမ္ေထာင္စုစာရင္း ထုတ္ေပးဖို႔ျပင္ဆင္တာကို သေဘာမတူလို႔ လႊတ္ေတာ္မွာ အဆိုတင္ သြားမွာျဖစ္တယ္လိုု႔ SNLD ပါတီရဲ့ တြဲဖက္အတြင္းေရးမွဴး ဦးစိုင္းလိတ္က ေျပာပါတယ္။

ေက်းရြာ နဲ႔ ရပ္ကြက္ တစ္ခုခုမွာ ၆ လၾကာ အေျခခ်ေနထိုင္ရံုနဲ႔ အိမ္ေထာင္စုစာရင္းေတြကို ထုတ္ေပးမယ္ဆိုရင္ အိမ္ေထာင္စုစာရင္းအေရအတြက္ ေဖာင္းပြတာ၊ မွတ္ပံုတင္ အေရအတြက္ေတြ ေဖာင္းပြတာနဲ႔ ေရြးေကာက္ ပြဲေတြမွာ မဲမသမာမွဳေတြရွိလာႏိုင္မယ့္ အေနအထားေတြကိုလည္း ျပည္နယ္လႊတ္ေတာ္မွာ တင္ျပသြားမယ္ လို႔ ေျပာပါတယ္။

အစိုးရအေနနဲ႔ ရွမ္းျပည္နယ္က စစ္ပြဲေတြနဲ႔ပတ္သက္ၿပီး ဝင္ေရာက္ေျပာဆိုတာမရွိသလို စစ္ေဘးဒုကၡသည္ေတြရဲ့ စားဝတ္ေနေရးကိုကူညီေထာက္ပံ့မႈ အားနည္းတာ၊ စစ္ေဘးဒုကၡသည္ကေလးငယ္ေတြရဲ့ ပညာေရးအတြက္ ကူညီေထာက္ပံ့မႈေတြအားနည္းေနတာ ေတြ႔ရတယ္လို႔ ဦးစိုင္းလိတ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၁ ရက္ေန႔ကစၿပီး လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဦးစီးဌာနက ရက္ ၁၀၀ စီမံခ်က္နဲ႔ အိမ္ေထာင္စုစာရင္း ႏွစ္ေသာင္းခြဲေက်ာ္ကို ခ်ထားေပးၿပီးျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
......

SNLD ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ကို တွေ့ရစဉ်။Photo: RFA
တစ်နိုင်ငံလုံးက ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးမယ်ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်းပြည်နယ်လွှတ်တော်မှာ ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။

စစ်ဘေးဒုက္ခသည်တွေနဲ့ နိုင်ငံရပ်ခြားရောက် ဒေသခံတွေအရေးကို ဦးစားပေးဆောင်ရွက်မှုမရှိဘဲ ရွှေ့ပြောင်း လုပ်သားတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးဖို့ပြင်ဆင်တာကို သဘောမတူလို့ လွှတ်တော်မှာ အဆိုတင် သွားမှာဖြစ်တယ်လိုု့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

ကျေးရွာ နဲ့ ရပ်ကွက် တစ်ခုခုမှာ ၆ လကြာ အခြေချနေထိုင်ရုံနဲ့ အိမ်ထောင်စုစာရင်းတွေကို ထုတ်ပေးမယ်ဆိုရင် အိမ်ထောင်စုစာရင်းအရေအတွက် ဖောင်းပွတာ၊ မှတ်ပုံတင် အရေအတွက်တွေ ဖောင်းပွတာနဲ့ ရွေးကောက် ပွဲတွေမှာ မဲမသမာမှုတွေရှိလာနိုင်မယ့် အနေအထားတွေကိုလည်း ပြည်နယ်လွှတ်တော်မှာ တင်ပြသွားမယ် လို့ ပြောပါတယ်။

အစိုးရအနေနဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဝင်ရောက်ပြောဆိုတာမရှိသလို စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကိုကူညီထောက်ပံ့မှု အားနည်းတာ၊ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကူညီထောက်ပံ့မှုတွေအားနည်းနေတာ တွေ့ရတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ရက် ၁၀၀ စီမံချက်နဲ့ အိမ်ထောင်စုစာရင်း နှစ်သောင်းခွဲကျော်ကို ချထားပေးပြီးဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)