လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သံုးဘီးဆိုင္ကယ္ေတြကို ေကာ္မတီဖဲြ႔ၿပီး စစ္ေဆး



ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ကခ်င္ျပည္နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သံုးဘီးဆိုင္ကယ္ေတြကို ေကာ္မတီဖဲြ႔ၿပီး စစ္ေဆးဖို႔ ျပည္နယ္အစိုးရအဖြဲ႔က ျပင္ဆင္ေနပါတယ္။

ျပည္သူေတြမနစ္နာေအာင္နဲ႔ အစိုးရလည္းအခြန္ေငြရၿပီး ယာဥ္စည္းကမ္းထိန္းသိမ္းေရးကို ၾကပ္မတ္ ႏိုင္ဖို႔အတြက္ အရင္ဆံုး အသိပညာေပးအစီအစဥ္ေတြ ေပးသြားမယ္လို႔ ကခ်င္ျပည္နယ္ အစိုးရအဖဲြ႔ လီဆူတိုင္းရင္းသားေရးရာဝန္ႀကီး ဦးအားတီေယာဟန္က ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ေပၚက ေမာ္ေတာ္ဆိုင္ကယ္အေရာင္းဆိုင္ေတြကို ဥပေဒနဲ႔အညီ စစ္ေဆးၿပီးမွ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သံုးဘီးဆိုင္ကယ္ေတြကို စိစစ္သြားမွာျဖစ္ပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ ညႊန္ၾကားခ်က္ဟာ တစ္ႏိုင္ငံလံုးအတိုင္းအတာေဆာင္ရြက္ရမွာျဖစ္ၿပီး ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအလိုက္ မၾကာခင္ အေကာင္အထည္ေဆာင္ရြက္ၾကမွာျဖစ္ပါတယ္။

တရုတ္-ျမန္မာ နယ္စပ္ဂိတ္ေတြကေန ကခ်င္ျပည္နယ္ဘက္ဝင္ေရာက္လာတဲ႔ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ သံုးဘီးေတြကို အခြန္ေကာက္ လိုင္စင္ျပဳလုပ္ေစၿပီး အားလံုးတစ္ေျပးညီ စိစစ္မယ္ဆိုရင္ အစိုးရ နဲ႔ ပူးေပါင္း ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕က ဆိုင္ကယ္ဝယ္ေရာင္လုပ္ကိုင္သူတစ္ဦးက ေျပာပါတယ္။

ျမစ္ႀကီးနား၊ ဗန္းေမာ္၊ မိုးညွင္း၊ မိုးေကာင္း၊ ဟိုပင္၊ ဖားကန္႔ စတဲ့ ၿမိဳ႕ရြာေတြမွာ တရုတ္ႏိုင္ငံက ဝင္ေရာက္လာတဲ့ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြကို အမ်ားဆံုးအသံုးျပဳေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလကုန္အထိ ကခ်င္ျပည္နယ္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီး႒ာနရဲ့ စာရင္းေတြအရ ျပည္နယ္အတြင္းမွာ လိုင္စင္ျပဳလုပ္ထားတဲ့ ေမာ္ေတာ္ယာဥ္ေပါင္းစံု အစီးေရ တစ္သိန္းေက်ာ္ရွိပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
.......



ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေကို ကော်မတီဖွဲ့ပြီး စစ်ဆေးဖို့ ပြည်နယ်အစိုးရအဖွဲ့က ပြင်ဆင်နေပါတယ်။

ပြည်သူတွေမနစ်နာအောင်နဲ့ အစိုးရလည်းအခွန်ငွေရပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို ကြပ်မတ် နိုင်ဖို့အတွက် အရင်ဆုံး အသိပညာပေးအစီအစဉ်တွေ ပေးသွားမယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်က မော်တော်ဆိုင်ကယ်အရောင်းဆိုင်တွေကို ဥပဒေနဲ့အညီ စစ်ဆေးပြီးမှ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်တွေကို စိစစ်သွားမှာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်ရွက်ရမှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် မကြာခင် အကောင်အထည်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ ကချင်ပြည်နယ်ဘက်ဝင်ရောက်လာတဲ့ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို အခွန်ကောက် လိုင်စင်ပြုလုပ်စေပြီး အားလုံးတစ်ပြေးညီ စိစစ်မယ်ဆိုရင် အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြစ်ကြီးနားမြို့က ဆိုင်ကယ်ဝယ်ရောင်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဖားကန့် စတဲ့ မြို့ရွာတွေမှာ တရုတ်နိုင်ငံက ဝင်ရောက်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေကို အများဆုံးအသုံးပြုနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်အထိ ကချင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ စာရင်းတွေအရ ပြည်နယ်အတွင်းမှာ လိုင်စင်ပြုလုပ်ထားတဲ့ မော်တော်ယာဉ်ပေါင်းစုံ အစီးရေ တစ်သိန်းကျော်ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)