တမူးၿမိဳ႕တြင္ KGတန္းတက္ အမႊာညီအစ္ကို ကေလးနွစ္ဦး ေရနစ္ေသဆံုး


တမူးျမိဳ႕ ၿမိဳ႕မ (12/ခ )ရပ္ကြက္မွ kgတန္းတက္ေရာက္ေနသည့္ ေက်ာင္းသား ၂ေယာက္ ယမန္ေန႕ညေနပိုင္း(29.6.2016)တြင္ ေပ်ာက္ဆံုးေနေၾကာင္း သိရသည္။

ေပ်ာက္ဆံုးသူနွစ္ဦးမွာ အမႊာညီအစ္ကို ၂ေယာက္ျဖစ္ကာ ေခ်ာင္းနံေဘးတြင္ ေပ်ာက္ဆံုးကေလးငယ္၂ဦး၏ အ၀တ္အစားမ်ားကိုေတြ႕ရသည္ဟုဆိုသည္။

ယေန႔(30.6.2016)တြင္မူ ေခ်ာင္းအတြင္းမွ ကေလးတစ္ေယာက္ကို နံနက္ ၈ နာရီခန္႕တြင္ေတြ႕၍ က်န္တစ္ေယာက္အား ေန႕လည္ ၁ နာရီတြင္ ေတြ႕ရိွခဲ့ၾကသည္ဟုဆိုသည္။ ျပန္လည္ေတြ႕ရိွစဥ္တြင္ ကေလးငယ္၂ေယာက္လံုး အသက္မရွိေတာ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေက်ာင္းဆင္းျပီး အိမ္မျပန္ဘဲ ေခ်ာင္းထဲတြင္ ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆံုးသြားျခင္း ျဖစ္ကာ အနာဂတ္အတြက္ သားေကာင္းရတနာမ်ား ဆံုးရံႈးမႈပင္ျဖစ္သည္။ ကေလးမိဘမ်ား အတြက္ စိတ္မေကာင္းျဖစ္ရပါသည္။

ထို႔ေၾကာင့္ ‎မိဘမ်ားအေနျဖင့္‬ မိမိကေလးငယ္မ်ားအား ေက်ာင္းမွအိမ္သို႔ တန္းတန္းမတ္မတ္ျပန္လာေစရန္ သြန္သင္သင့္ေပသည္။

U Than Lwin
......

တမူးမြို့ မြို့မ (12/ခ )ရပ်ကွက်မှ kgတန်းတက်ရောက်နေသည့် ကျောင်းသား ၂ယောက် ယမန်နေ့ညနေပိုင်း(29.6.2016)တွင် ပျောက်ဆုံးနေကြောင်း သိရသည်။

ပျောက်ဆုံးသူနှစ်ဦးမှာ အမွှာညီအစ်ကို ၂ယောက်ဖြစ်ကာ ချောင်းနံဘေးတွင် ပျောက်ဆုံးကလေးငယ်၂ဦး၏ အဝတ်အစားများကိုတွေ့ရသည်ဟုဆိုသည်။

ယနေ့(30.6.2016)တွင်မူ ချောင်းအတွင်းမှ ကလေးတစ်ယောက်ကို နံနက် ၈ နာရီခန့်တွင်တွေ့၍ ကျန်တစ်ယောက်အား နေ့လည် ၁ နာရီတွင် တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။ ပြန်လည်တွေ့ရှိစဉ်တွင် ကလေးငယ်၂ယောက်လုံး အသက်မရှိတော့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောင်းဆင်းပြီး အိမ်မပြန်ဘဲ ချောင်းထဲတွင် ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခြင်း ဖြစ်ကာ အနာဂတ်အတွက် သားကောင်းရတနာများ ဆုံးရှုံးမှုပင်ဖြစ်သည်။ ကလေးမိဘများ အတွက် စိတ်မကောင်းဖြစ်ရပါသည်။

ထို့ကြောင့် ‎မိဘများအနေဖြင့်‬ မိမိကလေးငယ်များအား ကျောင်းမှအိမ်သို့ တန်းတန်းမတ်မတ်ပြန်လာစေရန် သွန်သင်သင့်ပေသည်။


U Than Lwin
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)