ပြင်ဦးလွင်အဆင်းလမ်း မီးသတ်ဂွေ့တွင် ကုန်ကားကြီးတစီး လမ်းချော်တိမ်းမှောက်
စိုင်းထူးခန့် 
..........
မန္တလေး ပြင်ဦးလွင်မြို့နယ် ၁၉ မိုင် အဆင်းလမ်း မီးသတ်ဂွေ့တွင် ကုန်ကားကြီး ၁ စီး လမ်းချော်၍တိမ်းမှောက်မှု ဇွန် ၂၀ ရက်နေ ့နေခင်း ၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျိန်စာသင့်ထားသောနေရာလို ပြောလို့ရပါတယ်။ ၁၉၉၉ ခုနှစ်ထဲက ဇီးပင်ကြီး မီးသတ်သင်တန်းကျောင်းက သင်တန်းဆင်းလာသော မီးသတ်တပ်ဖွဲ့ဝင် ၄၀ကျော် အဲဒီနေရာမှ တယောက်မကျန် သေဆုံးခဲ့ပြီး မကြာခဏဆိုသလို ကားတွေတိမ်မှောက်တဲ့နေရာလို့ပြောလိုရပါတယ်။ လမ်းတွေက လိမ်တယ်၊ တွဲကားတွေက ကြီးလို့ ပမ်းကွေ့ရာကနေ လမ်ချော်ပြီး အခုလိုမှောက်သွားတာ။ မူဆယ်ဘက်ကနေ ဓါက်မြေသြဇာတွေ သယ်ဆောင်လာတဲ့ တွဲကားကြီးပါ။ မန္တလေးအဆင်း အခုလိုဖြစ်ပွားသွားတာ”ဟု ဒေသခံ ဦးကျော်ဝင်းက ပြောသည်။
“ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိရသေပါဘူး။ စခန်းကို ဖုန်းဆက်အကြောင်းကြား ထားပါတယ်”ဟု ကားတိမ်မှောက်သည့်နေရာသို့ ရောက်ရှိနေသော ရဲအရာရှိတဥိီး ပြောသည်။
စိုင်းထူးခန် ့
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)