တုိင္းနဲ႔ျပည္နယ္ မိုးေလ၀သအေျခအေနဆိုး



ၿပီးခဲ့တဲ့ သီတင္းပတ္ကစလုိ႔ ျမန္မာႏုိင္ငံ စစ္ကုိင္း၊ ဧရာ၀တီနဲ႔ မေကြးတုိင္းေဒသႀကီးေတြနဲ႔ မြန္ျပည္နယ္နဲ႔ ရခုိင္ျပည္တုိ႔မွာ မုိးသည္းထန္စြာ ရြာသြန္းၿပီး ေရးႀကီမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ရခုိင္ျပည္နယ္၊ သံတြဲၿမိဳ႕မွာ ျဖစ္ေပၚေနတဲ့ ေရႀကီးမႈဟာ စုိးရိမ္ရတဲ့ အေျခအေနကုိ ေရာက္လာေနေၾကာင္း ေဒသခံေတြက ေနျပည္ေတာ္မွာဖြင့္ထားတဲ့ အေရးေပၚအေျခအေန စီမံခန္႔ခြဲမႈ ဗဟုိဌာနကုိ ဆက္သြယ္လာတာေၾကာင့္ လုိအပ္တဲ့အကူအညီိေတြ ခ်က္ျခင္း ေဆာင္ရြက္ေပးေနေၾကာင္း ေနျပည္ေတာ္ရုံး တာ၀န္က် ၀န္ထမ္းတဦးက ဗီြအုိေအကုိ ေျပာျပပါတယ္။

“ရခိုင္၊ သံတြဲရဲ႕ ၁၆ မိုင္အကြာ သူေ႒းေခ်ာင္း၊ ေရႊေလွရြာ၊ လင္းသီရြာ၊ ေပါက္ေတာ၊ ေစ်းကၽြန္း၊ ျပင္ေခ်ာင္းရြာ၊ သျပဳခ်ိဳင္ရြာ အဲဒါေတြက မေန႔ညက ၁ နာရီကေနစၿပီးေတာ့ အဲဒီ သူေ႒းေခ်ာင္းကေန စၿပီး ေရတက္ၿပီးေတာ့ ေရႀကီးတာေပါ့။ သူက သတင္းပို႔တာ။ က်ေနာ္တု႔ိ ဖုန္းဆက္ၿပီးေတာ့ ညႊန္မႉးကို ဖုန္းဆက္ေပးလုိက္ေတာ့ သူတုိ႔ သတင္းပို႔ၿပီး သိပ္မၾကာဘူး။ သံတြဲက အုပ္ခ်ဳပ္ေရးမႉးတုိ႔၊ က်ေနာ္တုိ႔ ကယ္ဆယ္ေရး႐ံုးက်ေတာ့ သံတြဲမွာ မရွိဘူး။ ေက်ာက္ျဖဴနဲ႔ စစ္ေတြမွာရွိတယ္။ အဲဒါနဲ႔ သူတို႔က ခ်က္ျခင္းပဲ ကြင္းဆင္းၿပီး သြားၾကတယ္။”

စေနေန႔က မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕မွာ မုိးသက္ေလျပင္း တုိက္ခတ္တဲ့အတြက္ အိမ္တခ်ဳိ႕ ပ်က္စီးသြားေၾကာင္းလည္း ျပန္ၾကားေရးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ ဧရာ၀တီတုိင္း၊ ႀကံခင္းၿမိဳ႕မွာလည္း စေနေန႔က တေနကုန္နီးပါး မုိးသည္းထန္စြာ ရြာသြန္းခဲ့တဲ့အတြက္ ေရႀကီးမႈေတြ ျဖစ္ေပၚခဲ့တာမွာ အစုိးရအေဆာက္အဦးေတြနဲ႔ လူေနအိမ္ေတြထဲ ေရေတြ၀င္ခဲ့တဲ့အျပင္ မ်ဳိးစပါးေတြလည္း ပ်က္ဆီးကုန္တယ္လုိ႔ ဆုိပါတယ္။ မေကြးတုိင္းအတြင္းက ကံမၿမိဳ႕မွာလည္း မုိးသည္း ေရႀကီးမႈေတြျဖစ္ေပၚခဲ့တာေၾကာင့္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲေတြ ျဖစ္ကုန္တယ္လုိ႔ ဆုိပါတယ္။


​စစ္ကုိင္းေဒသႀကီး ေကာလင္းၿမိဳ႕မွာ အခါတုိင္းႏွစ္ ေရႀကီးေနက် အခ်ိန္ထက္ေစာၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ ၾကာပေတးေန႔က ႐ုတ္တရက္ ေရႀကီး ေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့တာမွာ တၿမိဳ႕လုံးနီးပါး ေရလႊမ္းသြားခဲ့ပါတယ္။ ေရႀကီးမႈေၾကာင့္ အသက္ဆုံးရႈံးမႈ မရွိေပမဲ့လည္း ပစၥည္းဆုံး႐ႈံးမႈေတြ အမ်ားအျပား ျဖစ္ႏုိင္တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ ေကာလင္း ၿမိဳ႕မွာ ေရႀကီးမႈေတြ ႏွစ္စဥ္ ျဖစ္ေပၚေလ့ ရွိေပမဲ့့လည္း အခုႏွစ္ ေရႀကီးမႈဟာ ခါတုိင္းႏွစ္ေတြထက္ ေစာၿပီး ျဖစ္တာေၾကာင့္ ခါတုိင္းျဖစ္ေနက် အခ်ိန္ေရာက္ရင္ အေျခအေန အေတာ္ေလး ဆုိးရြားႏုိင္တယ္ဆုိၿပီး ေဒသခံေတြအၾကား စုိးရိမ္မႈေတြ ျဖစ္ေပၚေနပါတယ္။

မႏွစ္က ေကာလင္းၿမိဳ႕မွာ ျဖစ္သြားခဲ့တဲ့ မုိးသည္း ေရႀကီးမႈေတြေၾကာင့္ အသက္ဆုံးရႈံးမႈေတြ ရွိခဲ့သလုိ စုိက္ပ်ဳိးေရးေတြလည္း အမ်ားအျပား ပ်က္စီးခဲ့ရတာပါ။

ဒီကေန႔ တနဂၤေႏြေန႔မွာလည္း ျမန္မာႏုိင္ငံ စစ္ကုိင္းတုိင္းေသႀကီးေအာက္ပုိင္း၊ မႏၱေလး၊ မေကြးတုိင္းေဒသႀကီးတုိ႔မွာ ေနရာစိပ္စိပ္ မုိးရြာႏုိင္ၿပီး ပဲခူး၊ ဧရာ၀တီ၊ မႏၱေလး၊ ရန္ကုန္တုိင္းေဒသႀကီးေတြနဲ႔ မြန္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ ရခုိင္ျပည္နယ္တုိ႔မွာ မုိးသည္းထန္စြာ ရြာသြန္းႏုိင္ေၾကာင္း မုိးေလ၀သဌာနက သတင္းထုတ္ျပန္ထားပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......



ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မြန်မာနိုင်ငံ စစ်ကိုင်း၊ ဧရာဝတီနဲ့ မကွေးတိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေးကြီမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာနေကြောင်း ဒေသခံတွေက နေပြည်တော်မှာဖွင့်ထားတဲ့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနကို ဆက်သွယ်လာတာကြောင့် လိုအပ်တဲ့အကူအညီိတွေ ချက်ခြင်း ဆောင်ရွက်ပေးနေကြောင်း နေပြည်တော်ရုံး တာဝန်ကျ ၀န်ထမ်းတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ရခိုင်၊ သံတွဲရဲ့ ၁၆ မိုင်အကွာ သူဋ္ဌေးချောင်း၊ ရွှေလှေရွာ၊ လင်းသီရွာ၊ ပေါက်တော၊ စျေးကျွန်း၊ ပြင်ချောင်းရွာ၊ သပြုချိုင်ရွာ အဲဒါတွေက မနေ့ညက ၁ နာရီကနေစပြီးတော့ အဲဒီ သူဋ္ဌေးချောင်းကနေ စပြီး ရေတက်ပြီးတော့ ရေကြီးတာပေါ့။ သူက သတင်းပို့တာ။ ကျနော်တို့ ဖုန်းဆက်ပြီးတော့ ညွှန်မှူးကို ဖုန်းဆက်ပေးလိုက်တော့ သူတို့ သတင်းပို့ပြီး သိပ်မကြာဘူး။ သံတွဲက အုပ်ချုပ်ရေးမှူးတို့၊ ကျနော်တို့ ကယ်ဆယ်ရေးရုံးကျတော့ သံတွဲမှာ မရှိဘူး။ ကျောက်ဖြူနဲ့ စစ်တွေမှာရှိတယ်။ အဲဒါနဲ့ သူတို့က ချက်ခြင်းပဲ ကွင်းဆင်းပြီး သွားကြတယ်။”

စနေနေ့က မွန်ပြည်နယ်၊ ချောင်းဆုံမြို့မှာ မိုးသက်လေပြင်း တိုက်ခတ်တဲ့အတွက် အိမ်တချို့ ပျက်စီးသွားကြောင်းလည်း ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာလည်း စနေနေ့က တနေကုန်နီးပါး မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ အစိုးရအဆောက်အဦးတွေနဲ့ လူနေအိမ်တွေထဲ ရေတွေဝင်ခဲ့တဲ့အပြင် မျိုးစပါးတွေလည်း ပျက်ဆီးကုန်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းက ကံမမြို့မှာလည်း မိုးသည်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။



​စစ်ကိုင်းဒေသကြီး ကောလင်းမြို့မှာ အခါတိုင်းနှစ် ရေကြီးနေကျ အချိန်ထက်စောပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကြာပတေးနေ့က ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ တမြို့လုံးနီးပါး ရေလွှမ်းသွားခဲ့ပါတယ်။ ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှု မရှိပေမဲ့လည်း ပစ္စည်းဆုံးရှုံးမှုတွေ အများအပြား ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကောလင်း မြို့မှာ ရေကြီးမှုတွေ နှစ်စဉ် ဖြစ်ပေါ်လေ့ ရှိပေမဲ့့လည်း အခုနှစ် ရေကြီးမှုဟာ ခါတိုင်းနှစ်တွေထက် စောပြီး ဖြစ်တာကြောင့် ခါတိုင်းဖြစ်နေကျ အချိန်ရောက်ရင် အခြေအနေ အတော်လေး ဆိုးရွားနိုင်တယ်ဆိုပြီး ဒေသခံတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မနှစ်က ကောလင်းမြို့မှာ ဖြစ်သွားခဲ့တဲ့ မိုးသည်း ရေကြီးမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့သလို စိုက်ပျိုးရေးတွေလည်း အများအပြား ပျက်စီးခဲ့ရတာပါ။

ဒီကနေ့ တနင်္ဂနွေနေ့မှာလည်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသေကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)