စမ္းေခ်ာင္းလႊတ္ေတာ္ကိုယ္စားလွယ္အိမ္ေဖာက္ထြင္းခံရ။ေဖာက္ထြင္းသူကအိမ္ရွင္ကိုရန္ျပဳဓားျဖင့္ထိုးကာထြက္ေျပး



အမ်ိဳးသားဒီမိုကေရစီအဖြဲ့ခ်ဳပ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္
ဦးဘိုဘိုဦး ေနထိုင္ရာ စမ္းေခ်ာင္းၿမိဳ႕နယ္ ေအာင္ခ်မ္းသာရပ္ကြက္အမွတ္(၈) ေအာင္ခ်မ္းသာ(၆)လမ္း ေနအိမ္တြင္ ယေန့ဇြန္၂၄ရက္ေန႔ နံနက္ ၀၂ : ၀၀ ခန္႔၌ ေဖါက္ထြင္းမႈျဖစ္ပြါးရာမွ လူသတ္ရန္
ၾကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရပါသည္။


အဆိုပါေနအိမ္ ျပဴတင္းေပါက္ကို ေဖါက္ၿပီး လူတစ္ဦး အိမ္အတြင္းဝင္ေရာက္လာရာ အိမ္ရွင္ဦးဘိုဘိုဦး၏ ေယာက္ခမျဖစ္သူ ေဒၚခင္သန္းႏြဲ႕မွ က်ဳးေက်ာ္ဝင္လာသူကို ျမင္ေတြ႕ခဲ့ေၾကာင္းနွင့္ ညသန္းေခါင္ အိမ္ေဖါက္ထြင္း က်ဴးေက်ာ္လာသူက အသက္ ၇၃နွစ္အရြယ္ရွိ ယင္းအေမအိုကို
ဓါးျဖင့္သံုးခ်က္ထိုးသတ္ရန္ ျပဳခဲ့ေၾကာင္း သိရသည္။

ယခုအခါ ေနျပည္ေတာ္မွ ရန္ကုန္သို႔ ျပန္လာေနျပီျဖစ္သည့္္ ဦးဘိုဘိိုဦးအား ယခုနံနက္၇နာရီခြဲ၌ ေမးျမန္ရာ` ဂုတ္ပိုးပခံုးသားနဲ႔ လက္ျပင္တို႔ကို ထိုးမိခဲ့ပါတယ္။ ခ်က္ေကာင္းမထိလို႔ စိုးရိမ္စရာမရွိေပမယ့္
ခြဲစိပ္ကုသမႈခံရပါမယ္´လို႔ ေျဖၾကားပါသည္။

အေမၾကီးအသက္အႏၱရာယ္ စိုးရိမ္စရာမရွိေၾကာင္းသိရ၍ စိတ္သက္သာရာရၾကေပမယ္႔ အခုလို ေဖါက္ထြင္းမႈ လူသတ္ရန္ၾကံစည္မႈမ်ားသည္
ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ေျခာက္လွန္႔ကာ ရပ္ရြာ
ေအးခ်မ္းသာယာေရးနွင့္ တရားဥပေဒစိုးမိုးေရးကို ထိပါးေနွာင့္ယွက္လာေနျခင္းေၾကာင့္ စိတ္မသက္မသာရွိေနၾကရပါသည္။

လီမို‬@The New Sky
.................
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်
ဦးဘိုဘိုဦး နေထိုင်ရာ စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်
အမှတ်(၈) အောင်ချမ်းသာ(၆)လမ်း နေအိမ်တွင် ယနေ့ဇွန်၂၄ရက်နေ့ နံနက် ၀၂ : ၀၀ ခန့်၌ ဖေါက်ထွင်းမှုဖြစ်ပွါးရာမှ လူသတ်ရန်
ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါနေအိမ် ပြူတင်းပေါက်ကို ဖေါက်ပြီး လူတစ်ဦး အိမ်အတွင်းဝင်ရောက်လာရာ အိမ်ရှင်ဦးဘိုဘိုဦး၏ ယောက်ခမဖြစ်သူ ဒေါ်ခင်သန်းနွဲ့မှ ကျုးကျော်ဝင်လာသူကို မြင်တွေ့ခဲ့ကြောင်းနှင့် ညသန်းခေါင် အိမ်ဖေါက်ထွင်း ကျူးကျော်လာသူက အသက် ရ၃နှစ်အရွယ်ရှိ ယင်းအမေအိုကို
ဓါးဖြင့်သုံးချက်ထိုးသတ်ရန် ပြုခဲ့ကြောင်း သိရသည်။

ယခုအခါ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာနေပြီဖြစ်သည့်် ဦးဘိုဘိိုဦးအား ယခုနံနက်ရနာရီခွဲ၌ မေးမြန်ရာ` ဂုတ်ပိုးပခုံးသားနဲ့ လက်ပြင်တို့ကို ထိုးမိခဲ့ပါတယ်။ ချက်ကောင်းမထိလို့ စိုးရိမ်စရာမရှိပေမယ့်
ခွဲစိပ်ကုသမှုခံရပါမယ်´လို့ ဖြေကြားပါသည်။

အမေကြီးအသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းသိရ၍ စိတ်သက်သာရာရကြပေမယ့် အခုလို ဖေါက်ထွင်းမှု လူသတ်ရန်ကြံစည်မှုများသည်
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြောက်လှန့်ကာ ရပ်ရွာ
အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောင့်ယှက်လာနေခြင်းကြောင့် စိတ်မသက်မသာရှိနေကြရပါသည်။

လီမို‬@The New Sky
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)