ေလယာဥ္ ဆင္းသက္စဥ္ ေျပးလမ္းေပၚဆိုင္ကယ္ေမာင္းသည့္ တပ္မေတာ္သားနွစ္ဦးကို အေရးယူ


(ဓာတ္ပံု-Asia Wings ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္တစ္စင္းအားေတြ႕ျမင္ရစဥ္ )
ဟုမၼလင္းျမိဳ႕ ေလဆိပ္ သို႕ ေလယာဥ္ဆင္းသက္ လာခ်ိန္တြင္ ေလယာဥ္ ေျပးလမ္းေပၚ ျဖတ္ကာ တပ္မေတာ္သားႏွစ္ဦး ဆိုင္ကယ္ေမာင္း နွင္လာ သည့္အတြက္ ေလယာဥ္မွာ ဟန္ခ်က္ပ်က္ခဲ့သျဖင့္ ၄င္းတုိ႕ နွစ္ဦးကို ေဒသနၱရ ဥပေဒျဖင့္ အေရးယူထားေၾကာင္း ဟုမၼလင္းေလတပ္က သိရသည္။

အဆိုပါ ဟုမၼလင္းေလယာဥ္ကြင္းသို႕ Asian Wings ေလေၾကာင္းလိုင္း မွ ေလယာဥ္မွဴးအပါအ၀င္ ေနာက္လုိက္ (၅) ဦး မွ ရန္ကုန္-မနၱေလး-မံုရြာ လမ္းေၾကာင္းတြင္ ဟုမၼလင္းေလဆိပ္သို႕ ဆင္းသက္ရန္ေမာင္းလာစဥ္ ဟုမၼလင္းေလတပ္စခန္းမွ တပ္ၾကပ္ ထြန္းထြန္း၀င္းႏွင့္ ေနာက္ထိုင္လုိက္ပါလာသူ တပ္ၾကပ္ထြန္းထြန္း၀င္း(နာမည္တူသူ ) တို႕ သည္ ေလယာဥ္ေျပးလမ္းအတိုင္း အေရွ့မွအေနာက္သို့ ေမာင္းနွင္လာခဲ့ရာ ေလယာဥ္ႏွင့္ ၀င္တိုက္မိရန္ အနည္းငယ္သာလိုေတာ့ေၾကာင္း ရဲမႈခင္းမွတ္တမ္းတြင္ေဖာ္ျပထားသည္။

အဆိုပါမႈခင္းမွတ္တမ္းႏွင့္ ပတ္သက္၍ တပ္မေတာ္ေလ မွ တာ၀န္ရွိသူတစ္ဦးကမႈ မဟုတ္မွန္ေၾကာင္းျငင္းဆိုထားသည္။
“ တကယ္တမ္းက်ေတာ့ ေလယာဥ္ေျပးလမ္းေပၚမွာ မဟုတ္ပါဘူး။ တိုက္မိမလိုလည္းမျဖစ္ခဲံပါဘူး။ ေပ(၂၀၀) အက်ယ္ရွိ တဲ့ ေဘးကပ္လမ္းကေန ေမာင္းလာတာပါ။ တကယ္တမ္းက်ေတာ့ ေလယာဥ္ကြင္းထဲမွာ ေလယာဥ္ဆိုက္ကပ္ခ်ိန္ ဆိုင္ကယ္ ေမာင္းနွင္ ခြင့္မျပဳထားပါဘူး။ ေလယာဥ္အတြက္ အနၱရာယ္ျဖစ္မွာစိုးလို့ပါ။ အခုေတာ့ တပ္ၾကပ္နစ္ေယာက္က ဆိုင္ကယ္ကို ေမာင္းလာတယ္။ ဒါေၾကာင့္ ေလတပ္အေနနဲ့ ေဒသနၱရ ဥပေဒ အရ အေရးယထားပါတယ္။ ထိခိုက္မွဴဘာမွမျဖစ္ခဲ့ပါဘူး” ဟု ဟုမၼလင္းေလတပ္မွ တာ၀န္ရိွေလတပ္ဗိုလ္ၾကီး တစ္ဦး က The Messenger Media သို့ေျပာသည္။

အဆိုပါ ေလယာဥ္ကြင္းတြင္ ေလယာဥ္ဆင္းသက္သည့္ရက္မ်ား ဆိုင္ကယ္မ်ား လံုး၀ မေမာင္းနွင္ရန္ သတ္မွတ္ထားျပီး ေလယာဥ္ဆင္းသည့္ရက္မ်ား မရွိ ပါက one Way အေနျဖင့္ နားလည္မွဴအရ ေမာင္းႏွင္ ေနျခင္းသာျဖစ္ေၾကာင္း အဆိုပါေလဆိပ္တာ၀န၀္ခံ ဗိုလ္ၾကီးကဆို သည္။

ယင္းသို့ ေလယာဥ္ပတ္လမ္းအတိုင္း စည္ကမ္းမဲ့စြာ ဆိုင္ကယ္ေမာင္းနွင္လာသည့္ တပ္ၾကပ္နွစ္ဦအား ေလတပ္မွ ေဒသနၱရ ဥပေဒ အျပင္ တပ္မေတာ္စည္ကမ္းထိန္းသိမ္းေရး အက္ဥပေဒႏွင့္ ပါ အေရးယူသြားမည္ျဖစ္ေၾကာင္း အဆိုပါ ဟုမၼလင္းေလတပ္က သိရသည္။

မႏၱေလးအလင္း ေန႔စဥ္ထုတ္သတင္းစာ
https://www.facebook.com/mandalayahlindailynewspaper
......


(ဓာတ်ပုံ-Asia Wings လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းအားတွေ့မြင်ရစဉ် )
ဟုမ္မလင်းမြို့ လေဆိပ် သို့ လေယာဉ်ဆင်းသက် လာချိန်တွင် လေယာဉ် ပြေးလမ်းပေါ် ဖြတ်ကာ တပ်မတော်သားနှစ်ဦး ဆိုင်ကယ်မောင်း နှင်လာ သည့်အတွက် လေယာဉ်မှာ ဟန်ချက်ပျက်ခဲ့သဖြင့် ၄င်းတို့ နှစ်ဦးကို ဒေသန္တရ ဥပဒေဖြင့် အရေးယူထားကြောင်း ဟုမ္မလင်းလေတပ်က သိရသည်။

အဆိုပါ ဟုမ္မလင်းလေယာဉ်ကွင်းသို့ Asian Wings လေကြောင်းလိုင်း မှ လေယာဉ်မှူးအပါအဝင် နောက်လိုက် (၅) ဦး မှ ရန်ကုန်-မန္တလေး-မုံရွာ လမ်းကြောင်းတွင် ဟုမ္မလင်းလေဆိပ်သို့ ဆင်းသက်ရန်မောင်းလာစဉ် ဟုမ္မလင်းလေတပ်စခန်းမှ တပ်ကြပ် ထွန်းထွန်းဝင်းနှင့် နောက်ထိုင်လိုက်ပါလာသူ တပ်ကြပ်ထွန်းထွန်းဝင်း(နာမည်တူသူ ) တို့ သည် လေယာဉ်ပြေးလမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာခဲ့ရာ လေယာဉ်နှင့် ၀င်တိုက်မိရန် အနည်းငယ်သာလိုတော့ကြောင်း ရဲမှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။

အဆိုပါမှုခင်းမှတ်တမ်းနှင့် ပတ်သက်၍ တပ်မတော်လေ မှ တာဝန်ရှိသူတစ်ဦးကမှု မဟုတ်မှန်ကြောင်းငြင်းဆိုထားသည်။
“ တကယ်တမ်းကျတော့ လေယာဉ်ပြေးလမ်းပေါ်မှာ မဟုတ်ပါဘူး။ တိုက်မိမလိုလည်းမဖြစ်ခဲံပါဘူး။ ပေ(၂၀၀) အကျယ်ရှိ တဲ့ ဘေးကပ်လမ်းကနေ မောင်းလာတာပါ။ တကယ်တမ်းကျတော့ လေယာဉ်ကွင်းထဲမှာ လေယာဉ်ဆိုက်ကပ်ချိန် ဆိုင်ကယ် မောင်းနှင် ခွင့်မပြုထားပါဘူး။ လေယာဉ်အတွက် အန္တရာယ်ဖြစ်မှာစိုးလို့ပါ။ အခုတော့ တပ်ကြပ်နစ်ယောက်က ဆိုင်ကယ်ကို မောင်းလာတယ်။ ဒါကြောင့် လေတပ်အနေနဲ့ ဒေသန္တရ ဥပဒေ အရ အရေးယထားပါတယ်။ ထိခိုက်မှူဘာမှမဖြစ်ခဲ့ပါဘူး” ဟု ဟုမ္မလင်းလေတပ်မှ တာဝန်ရှိလေတပ်ဗိုလ်ကြီး တစ်ဦး က The Messenger Media သို့ပြောသည်။

အဆိုပါ လေယာဉ်ကွင်းတွင် လေယာဉ်ဆင်းသက်သည့်ရက်များ ဆိုင်ကယ်များ လုံးဝ မမောင်းနှင်ရန် သတ်မှတ်ထားပြီး လေယာဉ်ဆင်းသည့်ရက်များ မရှိ ပါက one Way အနေဖြင့် နားလည်မှူအရ မောင်းနှင် နေခြင်းသာဖြစ်ကြောင်း အဆိုပါလေဆိပ်တာဝနဝ်ခံ ဗိုလ်ကြီးကဆို သည်။

ယင်းသို့ လေယာဉ်ပတ်လမ်းအတိုင်း စည်ကမ်းမဲ့စွာ ဆိုင်ကယ်မောင်းနှင်လာသည့် တပ်ကြပ်နှစ်ဦအား လေတပ်မှ ဒေသန္တရ ဥပဒေ အပြင် တပ်မတော်စည်ကမ်းထိန်းသိမ်းရေး အက်ဥပဒေနှင့် ပါ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ ဟုမ္မလင်းလေတပ်က သိရသည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)