ေက်ာက္မိုင္းခြဲစီးပြားေရး လုပ္ငန္းရွင္မ်ားေၾကာင့္ မုံတဝ သဘာဝလႈိဏ္ဂူႀကီး ၿပိဳက်ႏိုင္

(မံုတ၀ဂူအား အေ၀းမွ ေတြ႕ျမင္ရပံု) (ဓါတ္ပံု - The Cherry Land)
(ေတာင္ႀကီး၊ ဇြန္ ၁၃)

ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ နယ္ေျမအတြင္း တည္ရွိသည့္ မုံတဝလႈိဏ္ဂူႀကီး၏ အနာဂတ္မွာ စီးပြားျဖစ္ေက်ာက္မိုင္းခြဲလုပ္ငန္းရွင္မ်ားေၾကာင့္ သက္ဆိုင္ရာဌာနမ်ားမွ အခ်ိန္မီ တားဆီးႏိုင္ျခင္းမရွိပါက ႏွစ္အနည္းငယ္အတြင္း ေတာင္ႀကီးၿမိဳ႕၏ သဘာဝအလွတရားေက်ာက္ဂူႀကီးတစ္ခုဆုံး႐ႈံးရႏိုင္ဖြယ္ရွိေၾကာင္း သိရွိရသည္။

''အခု မုံတဝလႈိဏ္ဂူႀကီးရဲ႕အနီးမွာ ေက်ာက္မိုင္းေတြခြဲၿပီး စီးပြားရွာေနၾကတဲ့အထဲမွာ တရားဝင္လိုင္စင္ရ အဖြဲ႕ ၄ ဖြဲ႕အျပင္ တရားမဝင္ဘဲနဲ႔ ေက်ာက္မိုင္းခြဲလုပ္ငန္းေတြကိုလုပ္ေနတဲ့ အဖြဲ႕ေတြလည္းအမ်ားႀကီးပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ကလည္း ေက်ာက္မိုင္းခြဲတာေတြကို တားျမစ္ေပးဖို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ထံ ႏွစ္ႀကိမ္တိုင္တိုင္စာတင္ခဲ့ပါတယ္။ ပထမတစ္ႀကိမ္ကေတာ့ ဘာမွလုပ္ေဆာင္မေပးခဲ့ေပမယ့္ ဒုတိယအႀကိမ္မွာေတာ့ ဇြန္လ ၆ ရက္ေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေန စက္ေတြသိမ္းၿပီး ေက်ာက္မိုင္းမခြဲဖို႔ရန္အတြက္ ႏႈတ္မိန္႔နဲ႔ လာေရာက္ေျပာၾကားသြားပါတယ္။ ေနာက္ၿပီး ဇြန္လ ၁၅ ရက္မွာ လာေရာက္ၾကည့္႐ႈစဥ္ေက်ာက္မိုင္းေတြခြဲေနတာ ထပ္မံေတြ႕ရွိခဲ့မယ္ဆိုရင္ေတာ့ ထိေရာက္စြာအေရးယူမယ္ျဖစ္ေၾကာင္း ေျပာၾကားသြားပါတယ္။ အခုလို ကြၽန္ေတာ္တို႔အေနနဲ႔ တားျမစ္ရတာကေတာ့ ေက်ာက္မိုင္းက ဂူႀကီးရဲ႕အေပၚဖက္မွာ ခြဲတဲ့အတြက္ ျပင္းထန္တဲ့ယမ္းေတြရဲ႕တုန္ခါမႈေတြေၾကာင့္ မုံတဝဂူရဲ႕ ဆြမ္းစားေက်ာင္းေဆာင္ေတြကို ေက်ာက္တုံးေတြက ထိမွန္ၿပီး ပ်က္စီးခဲ့ရဖူးပါတယ္။ ေက်ာက္မိုင္းေတြထပ္ၿပီးခြဲတာကို ထိထိေရာက္ေရာက္ အေရးယူမႈေတြ မျပဳလုပ္ဘူးဆိုရင္ မၾကာခင္ၿပိဳက်သြားႏိုင္တဲ့အျပင္ ေတာင္ႀကီးၿမိဳ႕ရဲ႕ အထင္ကရေနရာတစ္ခုျဖစ္တဲ့ သဘာဝလႈိဏ္ဂူႀကီးကလည္း ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။''ဟု မုံတဝဂူႀကီး၏ ေဂါပကဥကၠ႒တစ္ဦးက ေျပာၾကားခဲ့သည္။

ဖိုးျပည့္
ကေမၻာဇတိုင္းသတင္းဂ်ာနယ္
https://www.facebook.com/kanbawzatai/
..........

(မုံတဝဂူအား အဝေးမှ တွေ့မြင်ရပုံ) (ဓါတ်ပုံ - The Cherry Land)
(တောင်ကြီး၊ ဇွန် ၁၃)

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေအတွင်း တည်ရှိသည့် မုံတဝလှိုဏ်ဂူကြီး၏ အနာဂတ်မှာ စီးပွားဖြစ်ကျောက်မိုင်းခွဲလုပ်ငန်းရှင်များကြောင့် သက်ဆိုင်ရာဌာနများမှ အချိန်မီ တားဆီးနိုင်ခြင်းမရှိပါက နှစ်အနည်းငယ်အတွင်း တောင်ကြီးမြို့၏ သဘာဝအလှတရားကျောက်ဂူကြီးတစ်ခုဆုံးရှုံးရနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

''အခု မုံတဝလှိုဏ်ဂူကြီးရဲ့အနီးမှာ ကျောက်မိုင်းတွေခွဲပြီး စီးပွားရှာနေကြတဲ့အထဲမှာ တရားဝင်လိုင်စင်ရ အဖွဲ့ ၄ ဖွဲ့အပြင် တရားမဝင်ဘဲနဲ့ ကျောက်မိုင်းခွဲလုပ်ငန်းတွေကိုလုပ်နေတဲ့ အဖွဲ့တွေလည်းအများကြီးပါ။ ကျွန်တော်တို့အနေနဲ့ကလည်း ကျောက်မိုင်းခွဲတာတွေကို တားမြစ်ပေးဖို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ နှစ်ကြိမ်တိုင်တိုင်စာတင်ခဲ့ပါတယ်။ ပထမတစ်ကြိမ်ကတော့ ဘာမှလုပ်ဆောင်မပေးခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ ဇွန်လ ၆ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စက်တွေသိမ်းပြီး ကျောက်မိုင်းမခွဲဖို့ရန်အတွက် နှုတ်မိန့်နဲ့ လာရောက်ပြောကြားသွားပါတယ်။ နောက်ပြီး ဇွန်လ ၁၅ ရက်မှာ လာရောက်ကြည့်ရှုစဉ်ကျောက်မိုင်းတွေခွဲနေတာ ထပ်မံတွေ့ရှိခဲ့မယ်ဆိုရင်တော့ ထိရောက်စွာအရေးယူမယ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အခုလို ကျွန်တော်တို့အနေနဲ့ တားမြစ်ရတာကတော့ ကျောက်မိုင်းက ဂူကြီးရဲ့အပေါ်ဖက်မှာ ခွဲတဲ့အတွက် ပြင်းထန်တဲ့ယမ်းတွေရဲ့တုန်ခါမှုတွေကြောင့် မုံတဝဂူရဲ့ ဆွမ်းစားကျောင်းဆောင်တွေကို ကျောက်တုံးတွေက ထိမှန်ပြီး ပျက်စီးခဲ့ရဖူးပါတယ်။ ကျောက်မိုင်းတွေထပ်ပြီးခွဲတာကို ထိထိရောက်ရောက် အရေးယူမှုတွေ မပြုလုပ်ဘူးဆိုရင် မကြာခင်ပြိုကျသွားနိုင်တဲ့အပြင် တောင်ကြီးမြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သဘာဝလှိုဏ်ဂူကြီးကလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။''ဟု မုံတဝဂူကြီး၏ ဂေါပကဥက္ကဋ္ဌတစ်ဦးက ပြောကြားခဲ့သည်။

ဖိုးပြည့်
ကမ္ဘောဇတိုင်းသတင်းဂျာနယ်
https://www.facebook.com/kanbawzatai/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)