သမၼတလယ္ေတာ ဘယ္လိုေပၚလာသလဲ


သမၼတလယ္ေတာလုိ႔ဆုိေပမယ့္ စုစုေပါင္းေျမဧက ၅၁၇ ဧကရွိရာမွာ သမၼတဦးသိန္းစိန္ပိုင္ဆုိင္တဲ့ လယ္ယာေျမ ၃၈ ဒသမ ၂၂ ဧက၊ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ေနတဲ့ ကုမၸဏီေတြ က ပိုင္ဆုိင္တဲ့ ဥယ်ာဥ္ၿခံေျမက ၃၁ ဧကနဲ႔ ေဒသခံ လယ္သမား ၁၆၅ ဦး ပိုင္ဆိုင္တဲ့ လယ္ေျမက ၄၄၇ ဒသမ ၇၈ ဧက ပါဝင္ေပါင္း စပ္ထားတယ္လို႔ သမၼတလယ္ေတာရဲ႕ စုိက္ပ်ဳိးေရးနည္းပညာ ေပးတာဝန္ခံ ဦးခုိင္ေဇာ္သန္းက ေျပာပါတယ္။

ဒါေၾကာင့္ သမၼတလယ္ေတာမွာ သမၼတဦးသိန္းစိန္ပိုင္ဆိုင္ တဲ့ လယ္ဧက ၃၈ ဧကေက်ာ္အျပင္ ေဒသခံလယ္သမားေတြ ပိုင္ ဆုိင္တဲ့ လယ္ယာေျမေတြကိုပါ ေပါင္းထည့္ကာ အဆင့္ျမင့္စက္မႈလယ္ယာစံျပစိုက္ခင္းအျဖစ္ ေဖာ္ေဆာင္ၿပီး လယ္ကြက္ကန္ သင္းပံုေဖာ္ျခင္း၊ ေရသြင္းေရထုတ္ေျမာင္းမ်ား တူးေဖာ္ျခင္းနဲ႔ လယ္ယာကုန္ထုတ္ လမ္းေဖာ္ေဆာင္ေပးျခင္းေတြကို သမၼတ ဦးသိန္းစိန္ကပဲ လုပ္ေပးတာျဖစ္တယ္လို႔ သမၼတရဲ႕ စံျပလယ္ ေတာထဲမွာ ပါဝင္လုပ္ကိုင္ေနတဲ့ လယ္သမားေတြက ရွင္းျပ ပါတယ္။

ဦးသိန္းစိန္ပုိင္ဆုိင္တဲ့ လယ္ယာေျမ ၃၈ ဧကေက်ာ္ဟာ သူ သမၼတရာထူးက အနားယူတဲ့အခါမွာလည္း သူပဲပုိင္ဆုိင္မွာ ျဖစ္ တယ္လုိ႔ ဦးခိုင္ေဇာ္သန္းက ေျပာပါတယ္။

ဦးသိန္းစိန္ သမၼတမျဖစ္ခင္ ၂ဝ၁၁ ႏွစ္ဦးပိုင္းကတည္းက ေဒသခံလယ္သမားေတြဆီက လယ္ကြက္ေတြကို ဝယ္ယူ အေကာင္ အထည္ေဖာ္ခဲ့တာျဖစ္တယ္လို႔ လယ္ေျမေတြေရာင္းခ်ခဲ့ရတဲ့ လယ္သမားေတြက စာခ်ဳပ္စာတမ္းအေထာက္ အထားေတြျပၿပီး ေျပာၾကပါတယ္။

ေဒသခံေတြဆီက လယ္ယာေျမအခ်ိဳ႕ကုိ ကာလေပါက္ေစ်း က်ပ္ဆယ္သိန္းဝန္းက်င္ရွိေနတဲ့အခ်ိန္မွာ က်ပ္တစ္သိန္းပုိေပး ၿပီး ဝယ္ယူခဲ႔တာလုိ႔ လယ္ယာေျမေရာင္းခ်ခဲ့တဲ့ လယ္သမားေတြ က ေမာ္ကြန္းကုိ ျပန္ေျပာျပပါတယ္။

လယ္ကြက္ေတြကုိ ဒီလုိ ေစ်းေကာင္းေပးကာ ဝယ္ယူခဲ့ေပ မယ့္ လယ္သမားတခ်ဳိ႕ကေတာ့ မေရာင္းလုိခဲ့ၾကပါဘူး။ ဒါေပမဲ့ ယခင္တပ္မေတာ္အစုိးရလက္ထက္တုန္းက လယ္သိမ္း၊ ယာ သိမ္းခဲ့တဲ့ ျဖစ္စဥ္ေတြကုိ ေတြ႕ႀကံဳဖူးခဲ့ၿပီျဖစ္တဲ့ လယ္သမားေတြ က အသိမ္းခံရမွာေၾကာက္ၿပီး ေရာင္းခ်လုိက္ရတာမ်ဳိးလည္း ရွိ ပါတယ္။

သမၼတလယ္ေတာနဲ႔ လမ္းတစ္ခုသာျခားတဲ႔ ေညာင္ပင္ႀကီး စုေက်းရြာမွာ ေနထုိင္တဲ႔ ဦးသိန္းဟန္ဆုိရင္ လြန္ခ႔ဲတဲ့ ေလးႏွစ္ ေက်ာ္က ယူနီေဖာင္းဝတ္စစ္ဗုိလ္အပါအဝင္ အရပ္ဝတ္ငါး ေယာက္က ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔အတူ သူပုိင္ဆုိင္တဲ့ လယ္ ယာေျမသံုးဧကခန္႔ကုိ အိမ္အထိလာေရာက္ဝယ္ယူခဲ႔တာေၾကာင့္ မိသားစုဝင္ေတြ တုန္လႈပ္ေၾကာက္လန္႔ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

အဲဒီအခ်ိန္တုန္းကေတာ့ မေရာင္းခ်င္လည္း ရပါတယ္လုိ႔ ဆုိတာေၾကာင့္ ဦးသိန္းဟန္က သူ႔လယ္ေတြကုိ မေရာင္းခဲ့ပါဘူး။

ဒါေပမဲ့ မတ္ပဲေတြ စုိက္ထားတဲ့ သူ႔လယ္မွာ တစ္ရက္ ေဆး သြားဖ်န္းတဲ့အခါမွာေတာ့ အလံတုိင္ေတြစုိက္၊ မွန္ေျပာင္းေတြနဲ႔ ခ်ိန္ၿပီး ေျမတုိင္းေနတဲ့ သူေတြကုိ ေတြ႕လုိက္ရပါတယ္။

ဒီအခါက်မွ ”သိမ္းသြားရင္ ဘာမွရမွာ မဟုတ္ဘူးဆုိၿပီး ေရာင္းလုိက္တာ”လုိ႔ ဦးသိန္းဟန္က ဆုိပါတယ္။

”မေရာင္းလည္း သိမ္းမယ့္သေဘာ”လု႔ိ သူက ခံစားမႈမဲ့တဲ့ မ်က္ႏွာနဲ႔ ျပန္ေျပာင္းေျပာျပတယ္။

ညေနခင္းလုိအခ်ိန္မွာ ေရာင္းမယ္လုိ႔ သြားေျပာေတာ့ ေနာက္တစ္ရက္မွာပဲ စာခ်ဳပ္စာတမ္းေတြနဲ႔ လာဝယ္သြားတာပါ။ အဲဒီတုန္းက သူ႔လယ္ သံုးဧကနီးပါးကုိ က်ပ္သိန္းသံုးဆယ္နဲ႔ သံုးေသာင္းရလုိက္ပါတယ္။

ေနျပည္ေတာ္မေပၚခင္က ဦးသိန္းဟန္မွာ လယ္ေျမ ၁၂ ဧကေလာက္ ပိုင္ဆုိင္ခဲ့ပါတယ္။ ေနျပည္ေတာ္ေပၚလာတဲ့အခါ ၿမိဳ႕ေတာ္သစ္ေဖာ္ေဆာင္တာေၾကာင့္ လယ္ေျမသိမ္းယူတာခံခဲ့ ရၿပီး လယ္ ၂ ဒသမ ၇ ဧကသာက်န္ရိွပါေတာ့တယ္။ အဲဒီ လက္ က်န္လယ္ေျမကို မေရာင္းခ်င္ဘဲ ေရာင္းလိုက္ရတဲ့ ေနာက္ပိုင္း သူ႔လယ္လုပ္ငန္းမွာသံုးတဲ့ ႏြားတစ္ရွဥ္းကိုပါ ေရာင္းထုတ္လိုက္ ရတယ္။

အဲဒီအခ်ိန္ကစၿပီး သူတစ္သက္လံုးလုပ္လာတဲ့ လယ္ သမားဘဝကို စြန္႔လႊတ္လိုက္ရပါေတာ့တယ္။ လယ္ေရာင္းလို႔ရ လာတဲ့ ေငြနဲ႔ ေငြတုိးေခ်းစားခဲ့တယ္။ ေနျပည္ေတာ္တည္ေဆာက္ စဥ္က အသိမ္းခံရတဲ့ လယ္ေျမအစား ျပန္ေပးထားတဲ့ ေပ ၄ဝxေပ ၆ဝ အက်ယ္ရွိ ၿခံေျမကြက္နဲ႔ အတူပါတဲ့ တစ္ထပ္တုိက္တစ္လံုး ကုိ ငွားရမ္းၿပီးစားေသာက္ေနခဲ့တယ္လို႔ သူ႔ဘဝရဲ႕တစ္ဆစ္ခ်ဳိးကို ေျပာျပတယ္။

အဲဒီအခ်ိန္တုန္းက လယ္ယာေျမလာဝယ္တဲ့သူေတြဟာ ေက်းရြာဥကၠ႒အိမ္ကို ညဘက္ဆုိေရာက္လာတယ္။ ၿပီးရင္ လယ္သမားေတြကိုဆင့္ေခၚၿပီး လယ္ယာေျမေတြ ေရာင္း၊ မေရာင္း ေမးျမန္းခဲ့ၾကတယ္။ တစ္လ တစ္ႀကိမ္ႏႈန္းနဲ႔ သံုးႀကိမ္ ေလာက္လာၿပီးတဲ့အခါမွာေတာ့ လယ္သမားေတြက အသိမ္းခံ ရမွာ စိုးရိမ္တာေၾကာင့္ ေရာင္းခ်ေပးခဲ့လိုက္ရတယ္လို႔ ေညာင္ပင္ ႀကီးစုေက်းရြာမွ လယ္သမားေတြက ေျပာပါတယ္။

လယ္ယာေျမ လာဝယ္တဲ့သူေတြက သမၼတလယ္ေတာ စီမံကိန္းအတြက္ ဝယ္ယူတယ္ဆုိတာကုိ အဲဒီတုန္းက မေျပာခဲ့ ပါဘူး။ လယ္သမားေတြက စစ္တပ္ထားမယ္လုိ႔သာ သိထားၿပီး သမၼတလယ္ေတာ ျဖစ္ေပၚလာမွာကုိ လံုးဝမသိခဲ့ဘူးလုိ႔ ေျပာပါတယ္။

သမၼတလယ္ေတာ စံျပကြက္ေတြ ေဖာ္ထုတ္ၿပီးတဲ့ လပုိင္း အတြင္းမွာေတာ့ လယ္ယာေျမေစ်းႏႈန္းေတြဟာ ယခင္က တစ္ ဧကကို ကာလေပါက္ေစ်းက်ပ္ ၁ဝ သိန္းဝန္းက်င္တန္ဖိုးရွိခဲ့ တာကေန က်ပ္သိန္း ၄ဝ ဝန္းက်င္အထိ စတင္ေစ်းေပါက္ခဲ့ၿပီး ေတာ့ သံုးပတ္အတြင္းမွာပဲ အခ်ဳိ႕လယ္ေတြဟာ တစ္ဧကကို က်ပ္သိန္း ၁ဝဝ အထိ ေစ်းေပါက္ခဲ့တယ္လုိ႔ လယ္သမားေတြက ျပန္ေျပာျပပါတယ္။

အဆင့္ျမင့္လယ္ယာေတြ ေဖာ္ထုတ္ေတာ့မယ္ဆုိတာ ေၾကာင့္ လယ္ယာေျမေတြ ေစ်းတက္လာတာလို႔ လယ္သမားေတြ က ေျပာၾကတယ္။

အဲဒီလုိေစ်းေကာင္းရလာတဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္ႏွစ္က သမၼတရဲ႕ တပည့္ေတြဆီကို လယ္ငါးဧက ေရာင္းခ်ခဲ႔တယ္လုိ႔ ေဘာဂဝတီရပ္ကြက္မွ လယ္သမား ဦးျမေမာင္က ယခုလို ေျပာ ျပပါတယ္။

”သမၼတ လယ္ေတာထဲကုိ ကုန္းကြက္(ဥယ်ာဥ္ေျမ) ေလး ဧကေလာက္ကေတာ့ မေရာင္းခ်င္ဘဲ ေရာင္းလုိက္ရတယ္။ ေနာက္ငါးဧကကေတာ့ ေစ်းေကာင္းရလုိ႔ ေက်ေက်နပ္နပ္နဲ႔ ေရာင္းလုိက္တာ”လုိ႔ သူက ဆိုပါတယ္။

ပထမေရာင္းလိုက္ရတဲ့ လယ္ေလးဧကကို ၂ဝ၁၁ ခုႏွစ္ တုန္းက လာဝယ္ေတာ့ သူက ျငင္းဆုိခဲ့တယ္။ ေနာက္ပိုင္း သူ႔ လယ္ထဲမွာ သူ႔ကုိအသိမေပးဘဲ ႀကံေတြ လာစိုက္တာကို ေၾကာက္လို႔ မေျပာရဲခဲ့ဘဲ ”အသိမ္းခံရရင္ ငတ္မယ့္အတူတူေတာ့ တစ္ဧက (က်ပ္) ၁၉ သိန္းနဲ႔ေရာင္းလုိက္တယ္။ သိမ္း(ခံရ)ရင္ ဘာမွ ရမွာ မဟုတ္ဘူး” လုိ႔ သူက ဆုိတယ္။

အသက္ ၅ဝ ရွိၿပီျဖစ္တဲ့ ဦးျမေမာင္က သမၼတ ဦးသိန္းစိန္နဲ႔ ကုမၸဏီေတြထံကုိ စုစုေပါင္းေျမကုိးဧက ေရာင္းခ်ခဲ့သူ ျဖစ္ပါတယ္။

ဒီလုိနဲ႔ပဲ သမၼတဦးသိန္းစိန္ရဲ႕ စံျပလယ္ေတာႀကီး ထြက္ေပၚ လာပါေတာ့တယ္။

(ေအာက္တုိဘာလထုတ္-၂၀၁၅၊ ေမာ္ကြန္းမဂၢဇင္း အမွတ္(၂၈) မွ သတင္းေဆာင္းပါး)
...........
သမ္မတလယ်တော ဘယ်လိုပေါ်လာသလဲ
============================

သမ္မတလယ်တောလို့ဆိုပေမယ့် စုစုပေါင်းမြေဧက ၅၁၇ ဧကရှိရာမှာ သမ္မတဦးသိန်းစိန်ပိုင်ဆိုင်တဲ့ လယ်ယာမြေ ၃၈ ဒသမ ၂၂ ဧက၊ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ က ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံမြေက ၃၁ ဧကနဲ့ ဒေသခံ လယ်သမား ၁၆၅ ဦး ပိုင်ဆိုင်တဲ့ လယ်မြေက ၄၄၇ ဒသမ ရ၈ ဧက ပါဝင်ပေါင်း စပ်ထားတယ်လို့ သမ္မတလယ်တောရဲ့ စိုက်ပျိုးရေးနည်းပညာ ပေးတာဝန်ခံ ဦးခိုင်ဇော်သန်းက ပြောပါတယ်။

ဒါကြောင့် သမ္မတလယ်တောမှာ သမ္မတဦးသိန်းစိန်ပိုင်ဆိုင် တဲ့ လယ်ဧက ၃၈ ဧကကျော်အပြင် ဒေသခံလယ်သမားတွေ ပိုင် ဆိုင်တဲ့ လယ်ယာမြေတွေကိုပါ ပေါင်းထည့်ကာ အဆင့်မြင့်စက်မှုလယ်ယာစံပြစိုက်ခင်းအဖြစ် ဖော်ဆောင်ပြီး လယ်ကွက်ကန် သင်းပုံဖော်ခြင်း၊ ရေသွင်းရေထုတ်မြောင်းများ တူးဖော်ခြင်းနဲ့ လယ်ယာကုန်ထုတ် လမ်းဖော်ဆောင်ပေးခြင်းတွေကို သမ္မတ ဦးသိန်းစိန်ကပဲ လုပ်ပေးတာဖြစ်တယ်လို့ သမ္မတရဲ့ စံပြလယ် တောထဲမှာ ပါဝင်လုပ်ကိုင်နေတဲ့ လယ်သမားတွေက ရှင်းပြ ပါတယ်။

ဦးသိန်းစိန်ပိုင်ဆိုင်တဲ့ လယ်ယာမြေ ၃၈ ဧကကျော်ဟာ သူ သမ္မတရာထူးက အနားယူတဲ့အခါမှာလည်း သူပဲပိုင်ဆိုင်မှာ ဖြစ် တယ်လို့ ဦးခိုင်ဇော်သန်းက ပြောပါတယ်။

ဦးသိန်းစိန် သမ္မတမဖြစ်ခင် ၂ဝ၁၁ နှစ်ဦးပိုင်းကတည်းက ဒေသခံလယ်သမားတွေဆီက လယ်ကွက်တွေကို ဝယ်ယူ အကောင် အထည်ဖော်ခဲ့တာဖြစ်တယ်လို့ လယ်မြေတွေရောင်းချခဲ့ရတဲ့ လယ်သမားတွေက စာချုပ်စာတမ်းအထောက် အထားတွေပြပြီး ပြောကြပါတယ်။

ဒေသခံတွေဆီက လယ်ယာမြေအချို့ကို ကာလပေါက်စျေး ကျပ်ဆယ်သိန်းဝန်းကျင်ရှိနေတဲ့အချိန်မှာ ကျပ်တစ်သိန်းပိုပေး ပြီး ဝယ်ယူခဲ့တာလို့ လယ်ယာမြေရောင်းချခဲ့တဲ့ လယ်သမားတွေ က မော်ကွန်းကို ပြန်ပြောပြပါတယ်။

လယ်ကွက်တွေကို ဒီလို စျေးကောင်းပေးကာ ဝယ်ယူခဲ့ပေ မယ့် လယ်သမားတချို့ကတော့ မရောင်းလိုခဲ့ကြပါဘူး။ ဒါပေမဲ့ ယခင်တပ်မတော်အစိုးရလက်ထက်တုန်းက လယ်သိမ်း၊ ယာ သိမ်းခဲ့တဲ့ ဖြစ်စဉ်တွေကို တွေ့ကြုံဖူးခဲ့ပြီဖြစ်တဲ့ လယ်သမားတွေ က အသိမ်းခံရမှာကြောက်ပြီး ရောင်းချလိုက်ရတာမျိုးလည်း ရှိ ပါတယ်။

သမ္မတလယ်တောနဲ့ လမ်းတစ်ခုသာခြားတဲ့ ညောင်ပင်ကြီး စုကျေးရွာမှာ နေထိုင်တဲ့ ဦးသိန်းဟန်ဆိုရင် လွန်ခဲ့တဲ့ လေးနှစ် ကျော်က ယူနီဖောင်းဝတ်စစ်ဗိုလ်အပါအဝင် အရပ်ဝတ်ငါး ယောက်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ သူပိုင်ဆိုင်တဲ့ လယ် ယာမြေသုံးဧကခန့်ကို အိမ်အထိလာရောက်ဝယ်ယူခဲ့တာကြောင့် မိသားစုဝင်တွေ တုန်လှုပ်ကြောက်လန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းကတော့ မရောင်းချင်လည်း ရပါတယ်လို့ ဆိုတာကြောင့် ဦးသိန်းဟန်က သူ့လယ်တွေကို မရောင်းခဲ့ပါဘူး။

ဒါပေမဲ့ မတ်ပဲတွေ စိုက်ထားတဲ့ သူ့လယ်မှာ တစ်ရက် ဆေး သွားဖျန်းတဲ့အခါမှာတော့ အလံတိုင်တွေစိုက်၊ မှန်ပြောင်းတွေနဲ့ ချိန်ပြီး မြေတိုင်းနေတဲ့ သူတွေကို တွေ့လိုက်ရပါတယ်။

ဒီအခါကျမှ ”သိမ်းသွားရင် ဘာမှရမှာ မဟုတ်ဘူးဆိုပြီး ရောင်းလိုက်တာ”လို့ ဦးသိန်းဟန်က ဆိုပါတယ်။

”မရောင်းလည်း သိမ်းမယ့်သဘော”လို့ သူက ခံစားမှုမဲ့တဲ့ မျက်နှာနဲ့ ပြန်ပြောင်းပြောပြတယ်။

ညနေခင်းလိုအချိန်မှာ ရောင်းမယ်လို့ သွားပြောတော့ နောက်တစ်ရက်မှာပဲ စာချုပ်စာတမ်းတွေနဲ့ လာဝယ်သွားတာပါ။ အဲဒီတုန်းက သူ့လယ် သုံးဧကနီးပါးကို ကျပ်သိန်းသုံးဆယ်နဲ့ သုံးသောင်းရလိုက်ပါတယ်။

နေပြည်တော်မပေါ်ခင်က ဦးသိန်းဟန်မှာ လယ်မြေ ၁၂ ဧကလောက် ပိုင်ဆိုင်ခဲ့ပါတယ်။ နေပြည်တော်ပေါ်လာတဲ့အခါ မြို့တော်သစ်ဖော်ဆောင်တာကြောင့် လယ်မြေသိမ်းယူတာခံခဲ့ ရပြီး လယ် ၂ ဒသမ ရ ဧကသာကျန်ရှိပါတော့တယ်။ အဲဒီ လက် ကျန်လယ်မြေကို မရောင်းချင်ဘဲ ရောင်းလိုက်ရတဲ့ နောက်ပိုင်း သူ့လယ်လုပ်ငန်းမှာသုံးတဲ့ နွားတစ်ရှဉ်းကိုပါ ရောင်းထုတ်လိုက် ရတယ်။

အဲဒီအချိန်ကစပြီး သူတစ်သက်လုံးလုပ်လာတဲ့ လယ် သမားဘဝကို စွန့်လွှတ်လိုက်ရပါတော့တယ်။ လယ်ရောင်းလို့ရ လာတဲ့ ငွေနဲ့ ငွေတိုးချေးစားခဲ့တယ်။ နေပြည်တော်တည်ဆောက် စဉ်က အသိမ်းခံရတဲ့ လယ်မြေအစား ပြန်ပေးထားတဲ့ ပေ ၄ဝxပေ ၆ဝ အကျယ်ရှိ ခြံမြေကွက်နဲ့ အတူပါတဲ့ တစ်ထပ်တိုက်တစ်လုံး ကို ငှားရမ်းပြီးစားသောက်နေခဲ့တယ်လို့ သူ့ဘဝရဲ့တစ်ဆစ်ချိုးကို ပြောပြတယ်။

အဲဒီအချိန်တုန်းက လယ်ယာမြေလာဝယ်တဲ့သူတွေဟာ ကျေးရွာဥက္ကဋ္ဌအိမ်ကို ညဘက်ဆိုရောက်လာတယ်။ ပြီးရင် လယ်သမားတွေကိုဆင့်ခေါ်ပြီး လယ်ယာမြေတွေ ရောင်း၊ မရောင်း မေးမြန်းခဲ့ကြတယ်။ တစ်လ တစ်ကြိမ်နှုန်းနဲ့ သုံးကြိမ် လောက်လာပြီးတဲ့အခါမှာတော့ လယ်သမားတွေက အသိမ်းခံ ရမှာ စိုးရိမ်တာကြောင့် ရောင်းချပေးခဲ့လိုက်ရတယ်လို့ ညောင်ပင် ကြီးစုကျေးရွာမှ လယ်သမားတွေက ပြောပါတယ်။

လယ်ယာမြေ လာဝယ်တဲ့သူတွေက သမ္မတလယ်တော စီမံကိန်းအတွက် ဝယ်ယူတယ်ဆိုတာကို အဲဒီတုန်းက မပြောခဲ့ ပါဘူး။ လယ်သမားတွေက စစ်တပ်ထားမယ်လို့သာ သိထားပြီး သမ္မတလယ်တော ဖြစ်ပေါ်လာမှာကို လုံးဝမသိခဲ့ဘူးလို့ ပြောပါတယ်။

သမ္မတလယ်တော စံပြကွက်တွေ ဖော်ထုတ်ပြီးတဲ့ လပိုင်း အတွင်းမှာတော့ လယ်ယာမြေစျေးနှုန်းတွေဟာ ယခင်က တစ် ဧကကို ကာလပေါက်စျေးကျပ် ၁ဝ သိန်းဝန်းကျင်တန်ဖိုးရှိခဲ့ တာကနေ ကျပ်သိန်း ၄ဝ ဝန်းကျင်အထိ စတင်စျေးပေါက်ခဲ့ပြီး တော့ သုံးပတ်အတွင်းမှာပဲ အချို့လယ်တွေဟာ တစ်ဧကကို ကျပ်သိန်း ၁ဝဝ အထိ စျေးပေါက်ခဲ့တယ်လို့ လယ်သမားတွေက ပြန်ပြောပြပါတယ်။

အဆင့်မြင့်လယ်ယာတွေ ဖော်ထုတ်တော့မယ်ဆိုတာ ကြောင့် လယ်ယာမြေတွေ စျေးတက်လာတာလို့ လယ်သမားတွေ က ပြောကြတယ်။

အဲဒီလိုစျေးကောင်းရလာတဲ့အတွက် ပြီးခဲ့တဲ့နှစ်နှစ်က သမ္မတရဲ့ တပည့်တွေဆီကို လယ်ငါးဧက ရောင်းချခဲ့တယ်လို့ ဘောဂဝတီရပ်ကွက်မှ လယ်သမား ဦးမြမောင်က ယခုလို ပြော ပြပါတယ်။

”သမ္မတ လယ်တောထဲကို ကုန်းကွက်(ဥယျာဉ်မြေ) လေး ဧကလောက်ကတော့ မရောင်းချင်ဘဲ ရောင်းလိုက်ရတယ်။ နောက်ငါးဧကကတော့ စျေးကောင်းရလို့ ကျေကျေနပ်နပ်နဲ့ ရောင်းလိုက်တာ”လို့ သူက ဆိုပါတယ်။

ပထမရောင်းလိုက်ရတဲ့ လယ်လေးဧကကို ၂ဝ၁၁ ခုနှစ် တုန်းက လာဝယ်တော့ သူက ငြင်းဆိုခဲ့တယ်။ နောက်ပိုင်း သူ့ လယ်ထဲမှာ သူ့ကိုအသိမပေးဘဲ ကြံတွေ လာစိုက်တာကို ကြောက်လို့ မပြောရဲခဲ့ဘဲ ”အသိမ်းခံရရင် ငတ်မယ့်အတူတူတော့ တစ်ဧက (ကျပ်) ၁၉ သိန်းနဲ့ရောင်းလိုက်တယ်။ သိမ်း(ခံရ)ရင် ဘာမှ ရမှာ မဟုတ်ဘူး” လို့ သူက ဆိုတယ်။

အသက် ၅ဝ ရှိပြီဖြစ်တဲ့ ဦးမြမောင်က သမ္မတ ဦးသိန်းစိန်နဲ့ ကုမ္ပဏီတွေထံကို စုစုပေါင်းမြေကိုးဧက ရောင်းချခဲ့သူ ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ သမ္မတဦးသိန်းစိန်ရဲ့ စံပြလယ်တောကြီး ထွက်ပေါ် လာပါတော့တယ်။

(အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၈) မှ သတင်းဆောင်းပါး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)