ကရင္ ျပည္တြင္း ဒုကၡသည္ေတြကို မိုးတြင္းအကုန္မွာ ေနရာအၿပီး ခ်ထားနိုင္ဖို႔ ေမၽွာ္လင့္ေန

 ေလးေက့ေကာ္ မွာေတာ့ အိမ္ေၿခ ၅ဝဝ ေဆာက္လုပ္ၿပီးစီး ႏွင့္ၿပီး ေရမီး အသင့္ ရွိေနၿပီ။
ကရင္ ျပည္နယ္ ထဲ ျဖစ္ေပၚခဲ့တဲ့ လက္နက္ကိုင္ ပဋိပကၡေတြ ေၾကာင့္ မိမိတို႔ရဲ့ အိုးအိမ္ေတြကို စြန္႔ခြာ ထြက္ေျပး ခဲ့ၾကရတဲ့ ဒုကၡသည္ ေတြကို ထိုင္း ျမန္မာ နယ္စပ္ တေလၽွာက္ ေနရာ ၆ ေနရာ မွာ ဂ်ပန္ နိုင္ငံက ပရဟိတ အဖြဲ႕ တစ္ခု ရဲ့ အကူ အညီနဲ႔ အတည္တက် ေနရာ ခ် ထား ေပးမွာ ျဖစ္တယ္လို႔ ေဒသခံ ကရင္လူမ်ိဳးစု လက္နက္ကိုင္ အဖြဲ႕ေတြ က ေျပာပါတယ္။

အခု မိုးရာသီ ကုန္ဆုံးလို႔ ေျခာက္ေသြ႕ ရာသီ ေရာက္လာရင္ ဒုကၡသည္ေတြ အတြက္ အိုးအိမ္ အသစ္ေတြ အားလုံး အဆင္သင့္ ျဖစ္ေတာ့မယ္ ဆိုၿပီး အလွူရွင္ နိပြန္ ေဖါင္ေဒးရွင္း ဥကၠဌ မစၥတာ ရွီဂဲ႐ူ ဆာတို နဲ႔ ေတြ႕ဆုံၾကတဲ့ ကရင္ လက္နက္ကိုင္ အဖြဲ႕ေတြ က ဆိုပါတယ္။

ထိုင္းနိုင္ငံ မဲေဆာက္ၿမိဳ႕ ေျမာက္ဘက္က ထာ့ေဆာင္းယန္ၿမိဳ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္ ျမန္မာဘက္ ျခမ္းမွာ ၂ ေနရာ၊ မဲ့လမတ္ၿမိဳ႕ တဘက္ျခမ္းမွာ ၂ ေနရာ၊ ျမ၀တီၿမိဳ႕ေတာင္ဘက္ ေလးေက့ေကာ္ မွာ ၁ ေနရာနဲ႔ ဘုရားသုံးဆူဘက္မွာ ၁ ေနရာ စုစုေပါင္း ၆ ေနရာမွာ အိုးအိမ္သစ္ေတြ ေဆာက္လုပ္ ေနတာ ျဖစ္တယ္ ဆိုၿပီး ဘီဘီစီ သတင္းေထာက္က ဆိုပါတယ္။

ေဆာက္လုပ္ေနတဲ့ အိမ္အေရအတြက္ နဲ႔တန္ဖိုး စတဲ့ အေသးစိတ္ အခ်က္အလက္ေတြကို အလွူရွင္နဲ႔ အလွူလက္ခံသူ ႏွစ္ဘက္စလုံးက ထုတ္မေျပာ ေပမယ့္၊ ျမ၀တီၿမိဳ႕ ေတာင္ဘက္ ေလးေက့ေကာ္ မွာေတာ့ အိမ္ေၿခ ၅ဝဝ ေဆာက္လုပ္ၿပီးစီး ႏွင့္ၿပီး ေရမီး အသင့္ ရွိေနၿပီ လို႔ KNU အရာရွိ တစ္ဦးက ဘီဘီစီ ကို ေျပာပါတယ္။

က်န္တဲ့ ေနရာေတြ မွာလည္း ၄၀% ဝန္းက်င္ ၿပီးစီးေနၿပီး လာမယ့္ ေျခာက္ေသြ႕ ရာသီမွာ အၿပီး သတ္ နိုင္ဖို႔ ေမၽွာ္လင့္ ထားၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
............

 လေးကေ့ကော် မှာတော့ အိမ်ခြေ ၅ဝဝ ဆောက်လုပ်ပြီးစီး နှင့်ပြီး ရေမီး အသင့် ရှိနေပြီ။
ကရင် ပြည်နယ် ထဲ ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် တွေကို ထိုင်း မြန်မာ နယ်စပ် တလျှောက် နေရာ ၆ နေရာ မှာ ဂျပန် နိုင်ငံက ပရဟိတ အဖွဲ့ တစ်ခု ရဲ့ အကူ အညီနဲ့ အတည်တကျ နေရာ ချ ထား ပေးမှာ ဖြစ်တယ်လို့ ဒေသခံ ကရင်လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ က ပြောပါတယ်။

အခု မိုးရာသီ ကုန်ဆုံးလို့ ခြောက်သွေ့ ရာသီ ရောက်လာရင် ဒုက္ခသည်တွေ အတွက် အိုးအိမ် အသစ်တွေ အားလုံး အဆင်သင့် ဖြစ်တော့မယ် ဆိုပြီး အလှူရှင် နိပွန် ဖေါင်ဒေးရှင်း ဥက္ကဌ မစ္စတာ ရှီဂဲရူ ဆာတို နဲ့ တွေ့ဆုံကြတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေ က ဆိုပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက်က ထာ့ဆောင်းယန်မြို့နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက် ခြမ်းမှာ ၂ နေရာ၊ မဲ့လမတ်မြို့ တဘက်ခြမ်းမှာ ၂ နေရာ၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော် မှာ ၁ နေရာနဲ့ ဘုရားသုံးဆူဘက်မှာ ၁ နေရာ စုစုပေါင်း ၆ နေရာမှာ အိုးအိမ်သစ်တွေ ဆောက်လုပ် နေတာ ဖြစ်တယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဆောက်လုပ်နေတဲ့ အိမ်အရေအတွက် နဲ့တန်ဖိုး စတဲ့ အသေးစိတ် အချက်အလက်တွေကို အလှူရှင်နဲ့ အလှူလက်ခံသူ နှစ်ဘက်စလုံးက ထုတ်မပြော ပေမယ့်၊ မြဝတီမြို့ တောင်ဘက် လေးကေ့ကော် မှာတော့ အိမ်ခြေ ၅ဝဝ ဆောက်လုပ်ပြီးစီး နှင့်ပြီး ရေမီး အသင့် ရှိနေပြီ လို့ KNU အရာရှိ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ကျန်တဲ့ နေရာတွေ မှာလည်း ၄၀% ဝန်းကျင် ပြီးစီးနေပြီး လာမယ့် ခြောက်သွေ့ ရာသီမှာ အပြီး သတ် နိုင်ဖို့ မျှော်လင့် ထားကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)