ေအာင္လံၿမိဳ႕တြင္းရွိ အရက္ခ်က္စက္႐ုံကို မေကြးတိုင္းအစိုးရက ထုတ္လုပ္ခြင့္ပိတ္သိမ္း


မေကြးတိုင္း ေအာင္လံၿမိဳ႕တြင္းရွိ UKT အရက္ခ်က္စက္ ႐ုံကို ေဒသခံမ်ားတိုင္ၾကားမႈႏွင့္ စံု စမ္းစစ္ေဆးေရးအဖြဲ႕၏ အစီရင္ခံ စာအရ လက္ရွိေနရာတြင္ စက္႐ုံလည္ပတ္ခြင့္မျပဳေတာ့ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အား၀န္ႀကီး ဦးျမင့္ေဇာ္က ေျပာၾကားသည္။

‘‘စက္႐ုံပိတ္သိမ္းဖို႔ အမိန္႔စာ ကို ဇြန္လ ၂၂ ရက္မွာ ထုတ္ျပန္ ပါတယ္။ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔ ၿပီးခဲ့တဲ့ ရက္ ပိုင္းကတည္းက စည္းေ၀းဆံုးျဖတ္တာေတြလုပ္ၿပီးသားပဲ။ ၀န္ႀကီး ခ်ဳပ္ကိုယ္တိုင္လည္း ပိတ္သိမ္းဖို႔ ကို ၫႊန္ၾကားထားၿပီးသား ျဖစ္ တယ္’’ဟု ၀န္ႀကီး ဦးျမင့္ေဇာ္က ေျပာသည္။

UKT အရက္ခ်က္စက္႐ုံ သည္ ေအာင္လံၿမိဳ႕တြင္ ၿပီးခဲ့သည့္ ႏွစ္ ၂၀ ခန္႔ကတည္းက လုပ္ငန္း လည္ပတ္ေနျခင္း ျဖစ္ၿပီး စက္႐ုံမွ ထြက္ေသာ အညစ္အေၾကးမ်ား ကို ဧရာ၀တီျမစ္အတြင္း စြန္႔ပစ္မႈမ်ားရွိေနျခင္း၊ ယင္းစက္႐ုံမွ ထြက္ေသာ မီးခိုးမ်ား၊ အနံ႔ဆိုးမ်ား ေၾကာင့္ ပတ္၀န္းက်င္ထိခိုက္ျခင္းမ်ားျဖစ္ပြားေနသည္ဆိုကာ ယခုႏွစ္ဧၿပီ၌ ေဒသခံမ်ားက တိုင္းအစိုးရအဖြဲ႕ထံသို႔ တိုင္ၾကားခဲ့ျခင္း ျဖစ္သည္။

ေအာင္လံေဒသခံျပည္သူ မ်ား၏ တိုင္ၾကားမႈမ်ားေၾကာင့္ အထက္ပါအရက္ခ်က္စက္႐ုံကို သတ္မွတ္ခ်က္ႏွင့္ ညီၫြတ္စြာ လည္ပတ္ထုတ္လုပ္ျခင္းရွိ၊ မရွိ သဘာ၀ပတ္၀န္းက်င္ႏွင့္ညီၫြတ္ ျခင္းရွိ၊ မရွိတို႔ကို ကြင္းဆင္းစစ္ ေဆးႏုိင္ရန္ သရက္ခ႐ိုင္အုပ္ခ်ဳပ္ ေရးမွဴးကို အဖြဲ႕ေခါင္းေဆာင္အ ျဖစ္ ပါ၀င္ေသာ စံုစမ္းစစ္ေဆး ေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးေစၿပီး တိုင္းအစိုးရအဖြဲ႕ထံသို႔ အစီရင္ခံစာတင္ျပေစခဲ့ေၾကာင္း ၀န္ႀကီး ဦးျမင့္ေဇာ္က ဆိုသည္။

အေျခအေနအခ်ဳိ႕ေၾကာင့္ ယင္းစစ္ေဆးေရးအဖြဲ႕၏ စစ္ေဆး မႈမ်ားႏွင့္ အစီရင္ခံတင္ျပမႈမ်ား ေနာက္က်ခဲ့ရၿပီး ဇြန္လ ၁၇ ရက္မွသာ တိုင္းအစိုးရအဖြဲ႕ထံ အစီရင္ခံစာ ေရာက္ရွိလာခဲ့ေသာေၾကာင့္ ဆံုးျဖတ္ခ်က္အမိန္႔စာ ထုတ္ျပန္မႈ ေနာက္က်ခဲ့ရျခင္းျဖစ္ေၾကာင္း၊ ယင္းစက္႐ုံပိတ္သိမ္းေရးကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ ေဆြးေႏြးတင္ျပသည့္ အဆင့္သို႔ ေရာက္ရွိခဲ့ရျခင္း ျဖစ္ေၾကာင္း ၀န္ႀကီး ဦးျမင့္ေဇာ္က ေျပာသည္။

ထို႔အျပင္ အဆိုပါအရက္ခ်က္စက္႐ုံ တာ၀န္ရွိသူမ်ားကလည္း တိုင္းအစိုးရထံသို႔ အသနားခံစာတင္ျပလာေသာေၾကာင့္ ျပန္လည္စိစစ္စစ္ေဆးမႈမ်ား ထပ္မံျပဳ လုပ္ခဲ့ရေၾကာင္းလည္း ဆိုသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၁ ရက္ကအရက္ခ်က္စက္႐ုံပိတ္သိမ္းေပးေရးႏွင့္ ပတ္သက္၍ ေအာင္လံၿမိဳ႕နယ္ အမွတ္ (၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးေက်ာ္က တိုင္းေဒသႀကီးလႊတ္ေတာ္သို႔ အဆိုတင္ျပခဲ့ျခင္း ျဖစ္သည္။ ဇြန္လ ၂၃ ရက္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ထပ္မံေဆြးေႏြးၾကၿပီး ကန္႔ကြက္သူမရွိေသာေၾကာင့္ စက္႐ုံပိတ္သိမ္း ေရးအဆိုကိုတိုင္းေဒသႀကီးလႊတ္ေတာ္က အတည္ျပဳခဲ့သည္။

7Day News Journal
........
အောင်လံမြို့တွင်းရှိ အရက်ချက်စက်ရုံကို မကွေးတိုင်းအစိုးရက ထုတ်လုပ်ခွင့်ပိတ်သိမ်း

မကွေးတိုင်း အောင်လံမြို့တွင်းရှိ UKT အရက်ချက်စက် ရုံကို ဒေသခံများတိုင်ကြားမှုနှင့် စုံ စမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံ စာအရ လက်ရှိနေရာတွင် စက်ရုံလည်ပတ်ခွင့်မပြုတော့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

‘‘စက်ရုံပိတ်သိမ်းဖို့ အမိန့်စာ ကို ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန် ပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ရက် ပိုင်းကတည်းက စည်းဝေးဆုံးဖြတ်တာတွေလုပ်ပြီးသားပဲ။ ၀န်ကြီး ချုပ်ကိုယ်တိုင်လည်း ပိတ်သိမ်းဖို့ ကို ညွှန်ကြားထားပြီးသား ဖြစ် တယ်’’ဟု ၀န်ကြီး ဦးမြင့်ဇော်က ပြောသည်။

UKT အရက်ချက်စက်ရုံ သည် အောင်လံမြို့တွင် ပြီးခဲ့သည့် နှစ် ၂၀ ခန့်ကတည်းက လုပ်ငန်း လည်ပတ်နေခြင်း ဖြစ်ပြီး စက်ရုံမှ ထွက်သော အညစ်အကြေးများ ကို ဧရာဝတီမြစ်အတွင်း စွန့်ပစ်မှုများရှိနေခြင်း၊ ယင်းစက်ရုံမှ ထွက်သော မီးခိုးများ၊ အနံ့ဆိုးများ ကြောင့် ပတ်ဝန်းကျင်ထိခိုက်ခြင်းများဖြစ်ပွားနေသည်ဆိုကာ ယခုနှစ်ဧပြီ၌ ဒေသခံများက တိုင်းအစိုးရအဖွဲ့ထံသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အောင်လံဒေသခံပြည်သူ များ၏ တိုင်ကြားမှုများကြောင့် အထက်ပါအရက်ချက်စက်ရုံကို သတ်မှတ်ချက်နှင့် ညီညွတ်စွာ လည်ပတ်ထုတ်လုပ်ခြင်းရှိ၊ မရှိ သဘာဝပတ်ဝန်းကျင်နှင့်ညီညွတ် ခြင်းရှိ၊ မရှိတို့ကို ကွင်းဆင်းစစ် ဆေးနိုင်ရန် သရက်ခရိုင်အုပ်ချုပ် ရေးမှူးကို အဖွဲ့ခေါင်းဆောင်အ ဖြစ် ပါ၀င်သော စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးစေပြီး တိုင်းအစိုးရအဖွဲ့ထံသို့ အစီရင်ခံစာတင်ပြစေခဲ့ကြောင်း ၀န်ကြီး ဦးမြင့်ဇော်က ဆိုသည်။

အခြေအနေအချို့ကြောင့် ယင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး မှုများနှင့် အစီရင်ခံတင်ပြမှုများ နောက်ကျခဲ့ရပြီး ဇွန်လ ၁၇ ရက်မှသာ တိုင်းအစိုးရအဖွဲ့ထံ အစီရင်ခံစာ ရောက်ရှိလာခဲ့သောကြောင့် ဆုံးဖြတ်ချက်အမိန့်စာ ထုတ်ပြန်မှု နောက်ကျခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံပိတ်သိမ်းရေးကို လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးတင်ပြသည့် အဆင့်သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၀န်ကြီး ဦးမြင့်ဇော်က ပြောသည်။

ထို့အပြင် အဆိုပါအရက်ချက်စက်ရုံ တာဝန်ရှိသူများကလည်း တိုင်းအစိုးရထံသို့ အသနားခံစာတင်ပြလာသောကြောင့် ပြန်လည်စိစစ်စစ်ဆေးမှုများ ထပ်မံပြု လုပ်ခဲ့ရကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်ကအရက်ချက်စက်ရုံပိတ်သိမ်းပေးရေးနှင့် ပတ်သက်၍ အောင်လံမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုတင်ပြခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၂၃ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ထပ်မံဆွေးနွေးကြပြီး ကန့်ကွက်သူမရှိသောကြောင့် စက်ရုံပိတ်သိမ်း ရေးအဆိုကိုတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့သည်။

7Day News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)