ျမိဳနယ္ဆရာဝန္ႀကီးက အထက္တန္းသူနာျပဳဆရာမတစ္ေယာက္ကိုအေႀကာင္းမဲ႔ပါးရိုက္

စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ ႕ (၂၅)ကုတင္ဆံ႔ ျပည္သူ႔ေဆးရုံတြင္ ယေန႔ ေန႔လယ္ ၂:၄၅ မိနစ္ခန္႔တြင္ ၿမိဳ ႕နယ္ေဆးရုံအုပ္ႀကီး ေဒါက္တာၾကည္ဝင္းမွ အထက္တန္းသူနာျပဳ ဆရာမ ေဒၚသႏၲာဦးအား အေၾကာင္းမဲ႔ စကားတစ္ခြန္းမ်ွ ေျပာဆုိျခင္းမရွိဘဲ ေဆးရုံဝန္ထမ္းမ်ားႏွင့္ လူနာမ်ားေရွ႕တြင္ ပါးရုိက္မႈတစ္ခုျဖစ္ပြားခဲ႔ပါသည္။
ျဖစ္စဥ္မွာ သူနာျပဳ ဆရာမတစ္ဦးမွ ေဒါက္တာၾကည္ဝင္း၏ အက်င့္ပ်က္ျခစားမႈကုိ fb ေပၚ တင္ရာမွ အစျပဳ ခဲ႔ျခင္းျဖစ္သည္ဟု သိရပါသည္။ ထုိျဖစ္စဥ္အား ေဒါက္တာၾကည္ဝင္းက မေက်နပ္၍ အစည္းအေဝးေခၚရာတြင္ ေဒၚသႏၲာဦးသည္ မိမိ၏ ဂ် ဴ တီမဟုတ္ေသာ္လည္း ေဆးရုံသုိ႔ လာေရာက္ခဲ႔ပါသည္။ ၿမိဳ ႕နယ္လက္ေထာက္ဆရာဝန္ ေဒါက္တာစုစုလႈိင္အား မိမိအိမ္သုိ႔ လာေရာက္ရန္ ၿမိဳ ႕နယ္ဆရာဝန္ႀကီးက ေခၚဆုိရာ ေဒါက္တာစုစုလႈိင္က အမ်ားကိစၥျဖစ္သည့္အတြက္ ေဆးရုံ ရုံးခန္းတြင္သာ အစည္းအေဝးထုိင္ရန္ ဖုန္းျဖင့္ ျပန္လည္ေျဖၾကားခဲ႔ပါသည္။ ထုိအခ်ိန္တြင္ ေဒါက္တာၾကည္ဝင္းသည္ ေဆးရုံ ရုံးခန္းသုိ႔ ေရာက္ရွိလာၿပီး စကားတစ္ခြန္းမွ် မေျပာဆုိဘဲ အထက္တန္းသူနာျပဳ ေဒၚသႏၲာဦး၏ ပါးကုိ ရုိက္၍ မိမိအိမ္သုိ႔ ျပန္လည္ထြက္ခြာသြားခဲ႔သည္။
ယင္းကဲ႔သုိ႔ ရာထူးအရွိန္အဝါ အားကုိးကာ ေအာက္ေျခဝန္ထမ္းမ်ားအေပၚ အႀကီးအကဲ မပီသစြာ ရုိင္းပ် ေစာ္ကားပါေသာ ၿမိဳ ႕နယ္ဆရာဝန္ႀကီးအား အေရးယူေပးႏုိင္ပါရန္ႏွင့္ အမ်ားသိေစရန္ ေဝငွေရးသားအပ္ပါသည္။ ။

ဓာတ္ပုံႏွင့္ သတင္း
ေမာင္ေမာင္ပီ ( ပုလဲ )
ကဗ်ာဆရာ လဝင္း
............




မြိုနယ်ဆရာဝန်ကြီးက အထက်တန်းသူနာပြုဆရာမတစ်ယောက်ကိုအကြောင်းမဲ့ပါးရိုက်
-----------------------------------------------------
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို ့ (၂၅)ကုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် ယနေ့ နေ့လယ် ၂:၄၅ မိနစ်ခန့်တွင် မြို ့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်ဝင်းမှ အထက်တန်းသူနာပြု ဆရာမ ဒေါ်သန္တာဦးအား အကြောင်းမဲ့ စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ ဆေးရုံဝန်ထမ်းများနှင့် လူနာများရှေ့တွင် ပါးရိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်မှာ သူနာပြု ဆရာမတစ်ဦးမှ ဒေါက်တာကြည်ဝင်း၏ အကျင့်ပျက်ခြစားမှုကို fb ပေါ် တင်ရာမှ အစပြု ခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ထိုဖြစ်စဉ်အား ဒေါက်တာကြည်ဝင်းက မကျေနပ်၍ အစည်းအဝေးခေါ်ရာတွင် ဒေါ်သန္တာဦးသည် မိမိ၏ ဂျ ူ တီမဟုတ်သော်လည်း ဆေးရုံသို့ လာရောက်ခဲ့ပါသည်။ မြို ့နယ်လက်ထောက်ဆရာဝန် ဒေါက်တာစုစုလှိုင်အား မိမိအိမ်သို့ လာရောက်ရန် မြို ့နယ်ဆရာဝန်ကြီးက ခေါ်ဆိုရာ ဒေါက်တာစုစုလှိုင်က အများကိစ္စဖြစ်သည့်အတွက် ဆေးရုံ ရုံးခန်းတွင်သာ အစည်းအဝေးထိုင်ရန် ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။ ထိုအချိန်တွင် ဒေါက်တာကြည်ဝင်းသည် ဆေးရုံ ရုံးခန်းသို့ ရောက်ရှိလာပြီး စကားတစ်ခွန်းမျှ မပြောဆိုဘဲ အထက်တန်းသူနာပြု ဒေါ်သန္တာဦး၏ ပါးကို ရိုက်၍ မိမိအိမ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ယင်းကဲ့သို့ ရာထူးအရှိန်အဝါ အားကိုးကာ အောက်ခြေဝန်ထမ်းများအပေါ် အကြီးအကဲ မပီသစွာ ရိုင်းပျ စော်ကားပါသော မြို ့နယ်ဆရာဝန်ကြီးအား အရေးယူပေးနိုင်ပါရန်နှင့် အများသိစေရန် ဝေငှရေးသားအပ်ပါသည်။ ။

ဓာတ်ပုံနှင့် သတင်း
မောင်မောင်ပီ ( ပုလဲ )
ကဗျာဆရာ လဝင်း
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)