ေမာ္ခ်ီးသတၱဳတြင္းမွာ အိမ္ေျခ ၅၀၀ ေျပာင္းေရႊ႕ရမည္


Photo: Nay Thwae/ RFA ( ေမာ္ခ်ီးသတၱဳတြင္းေဒသက အိမ္ေျခေတြကိုေတြ႔ရစဥ္ )
 ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးသတၱဳတြင္းေတြမွာ ေနထိုင္တဲ့ ေတာင္ေပၚရပ္ကြက္၊ ၁၃ ကုန္းရပ္ကြက္နဲ႔ ၁၆ ကုန္းရပ္ကြက္ေတြမွာ ေနာက္ထပ္ ေျမၿပိဳက်မႈေတြ ျဖစ္ႏုိင္တယ္ဆုိၿပီး အိမ္ေျခ ၅၀၀ ေလာက္ ကို ျပည္နယ္အစိုးရက ေျပာင္းေရႊ႕ေပးဖို ့စီစဥ္ေနပါတယ္။

ဘူမိေဗဒပညာရွင္ေတြရဲ့ ေလ့လာေတြ႔ရွိခ်က္အရ ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္လိုက္တာျဖစ္ၿပီး အစားထိုးေပးမယ့္ ေျမေနရာကို သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ ကယားျပည္နယ္ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးေမာ္ေမာ္က ေျပာပါတယ္။

အိမ္ေထာင္စုေတြကို ဘယ္ေတာ့ ေျပာင္းေရႊ႕မလဲဆိုတာကိုေတာ့ အစိုးရက မေျပာႏုိင္ေသးဘူးလို႔ ေျပာပါတယ္။

ေမာ္ခ်ီးသတၱဳတြင္းေဒသမွာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက မိုးႀကီးၿပီး ေျမၿပိဳခဲ့တာေၾကာင့္ လူ ၃၀ ေလာက္ ေသဆံုးခဲ့ပါတယ္။

ေျမၿပိဳက်မႈျဖစ္ၿပီးေနာက္ပိုင္း ေတာင္ေပၚရပ္ကြက္၊ ၁၃ ကုန္းရပ္ကြက္ နဲ ့၁၆ ကုန္းရပ္ကြက္က ေက်ာင္းသံုးေက်ာင္းကို ပိတ္ထားခဲ့တာျဖစ္ၿပီး လက္ရွိ ေက်ာင္းသားဦးေရ ၆၀၀ ေလာက္ ေက်ာင္းတက္ဖို႔ အခက္အခဲျဖစ္ေနပါတယ္။

ေမာ္ခ်ီးခဲသတၱဳတြင္းမွာ ရဲထြဋ္ေက်ာ္နဲ ့ျမန္မာ့ဦးပိုင္ကုမၸဏီလီမိတက္က သတၱဳတူးေဖာ္ေနတာျဖစ္ၿပီး အိမ္ေထာင္စုေတြမွာ အလုပ္သမားေတြနဲ႔ ေဒသခံေတြလည္း ပါ၀င္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
........


Photo: Nay Thwae/ RFA ( မော်ချီးသတ္တုတွင်းဒေသက အိမ်ခြေတွေကိုတွေ့ရစဉ် )
 ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းတွေမှာ နေထိုင်တဲ့ တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက်နဲ့ ၁၆ ကုန်းရပ်ကွက်တွေမှာ နောက်ထပ် မြေပြိုကျမှုတွေ ဖြစ်နိုင်တယ်ဆိုပြီး အိမ်ခြေ ၅၀၀ လောက် ကို ပြည်နယ်အစိုးရက ပြောင်းရွှေ့ပေးဖို ့စီစဉ်နေပါတယ်။

ဘူမိဗေဒပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အစားထိုးပေးမယ့် မြေနေရာကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်။

အိမ်ထောင်စုတွေကို ဘယ်တော့ ပြောင်းရွှေ့မလဲဆိုတာကိုတော့ အစိုးရက မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

မော်ချီးသတ္တုတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

မြေပြိုကျမှုဖြစ်ပြီးနောက်ပိုင်း တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက် နဲ ့၁၆ ကုန်းရပ်ကွက်က ကျောင်းသုံးကျောင်းကို ပိတ်ထားခဲ့တာဖြစ်ပြီး လက်ရှိ ကျောင်းသားဦးရေ ၆၀၀ လောက် ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

မော်ချီးခဲသတ္တုတွင်းမှာ ရဲထွဋ်ကျော်နဲ ့မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်က သတ္တုတူးဖော်နေတာဖြစ်ပြီး အိမ်ထောင်စုတွေမှာ အလုပ်သမားတွေနဲ့ ဒေသခံတွေလည်း ပါ၀င်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)