နမ့္ခမ္းၿမိဳ႕ သၽွမ္းလူငယ္ ၇ ဦး ႏွင့္ ကားတစီး လားရွိုးအသြားလမ္း၌ ေပ်ာက္ဆုံးေန



ဂၽြန္လ ၇ ရက္ ၂၀၁၆

သၽွမ္းျပည္ေျမာက္ပိုင္း နမ့္ခမ္း- နမ့္ဖတ္ကာ ေတာင္ေပၚကားလမ္း (ဗ်ဴဟာလမ္း) တြင္ နမ့္ခမ္း - လားရွိုး - မႏၲေလးသို႔ ေျပးဆြဲသည့္ လူ ၇ ဦးပါ ယာဥ္ငယ္တစီး ဂၽြန္လ ၅ ရက္ေန႔က လက္နက္ကိုင္ တပ္ဖြဲ႕တဖြဲ႕က ဖမ္းဆီးသြားကာ မိသားစုႏွင့္အဆက္အသြယ္မရဘဲ ေျပာက္ဆုံးေနေၾကာင္း မိသားစုမ်ားက ေျပာသည္။

ဂၽြန္လ ၅ ရက္ေန႔က နမ့္ခမ္းၿမိဳ႕နယ္ နမ့္တီးရြာမွ Toyota ခဲေရာင္ ယာဥ္အမွတ္ FF-9723 စိုင္းယီဆိုင္မိန္း ႏွင့္ ခရီးသည္ ၆ ဦးတို႔ သည္ နမ့္ခမ္းၿမိဳ႕မွ ေအာက္ျပည္သို႔ ဖရဲသီးၿခံလုပ္ငန္းသြား ေရာက္လုပ္ကိုင္ရန္ လားရွိုးၿမိဳ႕သို႔ ဦးတည္သြားေနစဥ္ လမ္းခရီး၌ ေျပာက္ဆုံးသြားသည္။

“ ခါတိုင္းဆို က်ေနာ့ညီက ဘယ္ေရာက္ေရာက္က်ေနာ့္ဆီဖုန္းဆက္တယ္။ မေန႔က မနက္ ၇ နာရီ ေလာက္ကသူလားရွိုးသြားတာ။ လားရွိုးေရာက္တဲ့ အခ်ိန္က ပုံမွန္ဆို ညေန ၃ နာရီေလ။ အခုေတာ့ သူမဆက္လာလို႔ က်ေနာ္ သူ႔ဆီဆက္တာ ဖုန္းကပိတ္ထားတယ္ဘဲ ေျပာတယ္။ မသကၤာလို႔ သူ႔အေဖ နဲ႔အတူ လိုက္ရွာတာ။ နမ့္ဖတ္ကာ တိုးဂိတ္မွာလဲစုံစမ္းၾကည့္ေသး တယ္။ အဲ့ကားက ဒီေန႔ နမ့္ဖတ္ကာဘက္က ျဖတ္မလာဘူးတဲ့။ ေနာက္မွ ကားသမား အသိုင္းအဝိုင္းကို စုံစမ္းၾကည့္ေတာ့ သူထြက္သြားတဲ့အခ်ိန္က ဖာလိုင္ေက်း ရြာမွာ TNLA အဖြဲ႕မ်ားလမ္းပိတ္ၿပီး လွုပ္ရွားေနတဲ့အခ်ိန္ျဖစ္ေနတယ္။ ဆိုေတာ့ က်ေနာ္တို႔အခုေကာက္ခ်က္ခ်တပ္အပ္ေျပာနိုင္တာ ကေတာ့ က်ေနာ့ညီ အဖမ္းခံေနရတယ္ဆိုတာဘဲ” ဟု အဖမ္းခံရသူ ႏွင့္အကိုေတာ္ စပ္သူ က ေျပာျပသည္။

ဂၽြန္လ ၅ ရက္မနက္ပိုင္းက အဆိုပါ ဖာလိုင္ရြာအဝင္လမ္းတြင္ သစ္ပင္ခုတ္ ကာ လမ္းပိတ္ထားၿပီး လမ္းျပင္ေနသည္ဟု အသြားအလာ ကားသမား မ်ားကိုေျပာဆိုကာ တနာရီခန႔္လမ္းပိတ္ထားေၾကာင္း လားရွိုးကားဆရာ တဦးကသၽွမ္းသံေတာ္ဆင့္အားေျပာျပသည္။

“ က်ေနာ္လည္း အစက သူတို႔လမ္းျပင္ေနတာတကယ္ထင္ေနတယ္။ ဘယ္ဟုတ္မလဲ - လိုင္းကားေတြ ကို ဖာလိုင္ရြာမွာပိတ္ၿပီးဖမ္းေနမွန္း လားရွိုးေရာက္မွ က်ေနာ္သိလိုက္ရတယ္။ ဖာလိုင္ရြာမွာ TNLA အဖြဲ႕ကလူ ၁၀ ေယာက္ခန႔္ကိုႀကိဳးတုပ္ၿပီး ဖမ္းသြားတာေတာ့ ေတြ႕လိုက္တယ္။ ” ဟု ၎ကေျပာဆို သည္။

နမ့္ဖတ္ကာအုပ္စုဝင္ ဖာလိုင္ေက်းရြာသည္ တအာင္းပေလာင္ ႏွင့္ သၽွမ္းေ ရာေႏွာေန ထိုင္ သည့္ရြာ ျဖစ္ၿပီး ေကအိုင္ေအ တပ္ဖြဲ႕ဝင္မ်ား ရံဖန္ရံ ခါ ေရာက္ရွိေသာ္လည္း အမ်ားအားျဖင့္ TNLA လက္နက္ ကိုင္တပ္ဖြဲ႕ လွုပ္ ရွားေနသည့္ေဒသျဖစ္ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

“ၿပီးခဲ့ရက္ပိုင္းက ပေလာင္လူမ်ိဳး ႏွစ္ဦးသတ္ခံရတယ္။ အခု သၽွမ္းလူမ်ိဳး အဖမ္း ခံရတယ္။ ပေလာင္လူမ်ိဳး သၽွမ္းလူမ်ိဳးေတြကို သတိေပးခ်င္တယ္။ သတိ ဝိရိယ ႀကီးႀကီးထားပါ။ ဒီအခ်ိန္ ျပႆနာပိုႀကီးလာရင္ တအာင္းပေလာင္လူထုေ ကာ၊ သၽွမ္းလူထုေကာ ေဒသခံ မ်ားအားလုံး ဒဏ္ခံရမယ္။” - ဟု က်ားေခါင္း ပါတီ ၏ နမ့္ခမ္းၿမိဳံနယ္ ဒုတိယ ဥကၠဌ စိုင္းယီ့ဖူး ကေျပာသည္။

ဂၽြန္လ ၄ ရက္ေန႔ကလည္း တအာင္းပေလာင္ ေဒသခံ ႏွစ္ဦးအား RCSS/SSA မွ သတ္ျဖတ္သည္ဟု တအာင္းတပ္ဖြဲ႕ဘက္မွ စြပ္စြဲ၏။ နမ့္ခမ္းေဒသခံ ပေလာင္လူထု ရာဂဏန္းကလည္း ဆႏၵထုတ္ေဖၚပြဲ ျပဳလုပ္ကာ ဆန႔္က်င္ ကန႔္ကြက္ၾကသည္။

လက္ရွိအဖမ္းခံရသူ ကားသမား စိုင္းယီဆိုင္မိန္းသည္ လိုင္းကားေမာင္းကာ ဝမ္းစာရွာေနသူ သာမာန္ျပည္ သူ တ ဦးျဖစ္ၿပီး မည္သည့္နိုင္ငံေရးမၽွ စိတ္ မဝင္စားေၾကာင္း၊ လက္ရွိတြင္လည္းဇနီးသည္ ႏွင့္ ၄ ႏွစ္ အရြယ္သမီးငယ္ တဦးက်န္ရွိေၾကာင္း၊ ဖခင္ျဖစ္သူ ေပ်ာက္ဆုံးေနမွုေၾကာင့္ ယမန္ေန႔က မိသားစုက ပူပင္ေသာကေရာက္ေနရေၾကာင္း အစ္ကိုျဖစ္သူက ဆက္လက္ေျပာျပသည္။

အဆိုပါနမ့္ခမ္း - နမ့္ဖတ္ကာေတာင္ေပၚလမ္းတြင္ ဖမ္းဆီးခံေနရသူမ်ားႏွင့္ ပတ္သက္ၿပီး မိသားစုဝင္မ်ာ းက သက္ဆိုင္ရာအာဏာပိုင္မ်ားထံ တိုင္တန္း ထားၿပီျဖစ္ေၾကာင္း ဆက္၍ေျပာသည္။

ထို႔ေၾကာင့္လက္ရွိတြင္ ၎လမ္းသည္ လူသြားလူလာမရွိ တိတ္ဆိတ္ၿငိမ္ သက္ေနေၾကာင္း၊ အဆိုပါ လမ္းခရီးသြားမည္ဆိုပါက သတိ ဝိရိယ ႀကီးႀကီးျ ဖင့္ သြားသင့္ေၾကာင္း၊ ျဖစ္နိုင္ပါက မူစယ္လမ္းသာ အသုံးျပဳေစလိုေၾကာင္း စိုင္းယီဖူးက ေျပာသည္။

တအာင္းတပ္ ႏွင့္ သၽွမ္းျပည္တပ္မေတာ္ နယ္ေျမအျငင္းပြားမွုၾကား တိုက္ ပြဲမ်ားေၾကာင့္ ေမလ ၆ ရက္ေန႔ကလည္း သၽွမ္းလူမ်ိဳးမ်ားေနထိုင္သည့္ နမ့္ခမ္းၿမိဳ႕နယ္ မုံးဝီးေဒသ ဟိုပန္ရြာမီးရွို႔ခံခဲ့ရသည္။

သၽွမ္းသံေတာ္ဆင့္ (နန္းခမ္း)
Panglong(Burmese)
https://www.facebook.com/Panglong.burmese
........



ဂျွန်လ ရ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း- နမ့်ဖတ်ကာ တောင်ပေါ်ကားလမ်း (ဗျူဟာလမ်း) တွင် နမ့်ခမ်း - လားရှိုး - မန္တလေးသို့ ပြေးဆွဲသည့် လူ ရ ဦးပါ ယာဉ်ငယ်တစီး ဂျွန်လ ၅ ရက်နေ့က လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးသွားကာ မိသားစုနှင့်အဆက်အသွယ်မရဘဲ ပြောက်ဆုံးနေကြောင်း မိသားစုများက ပြောသည်။

ဂျွန်လ ၅ ရက်နေ့က နမ့်ခမ်းမြို့နယ် နမ့်တီးရွာမှ Toyota ခဲရောင် ယာဉ်အမှတ် FF-9723 စိုင်းယီဆိုင်မိန်း နှင့် ခရီးသည် ၆ ဦးတို့ သည် နမ့်ခမ်းမြို့မှ အောက်ပြည်သို့ ဖရဲသီးခြံလုပ်ငန်းသွား ရောက်လုပ်ကိုင်ရန် လားရှိုးမြို့သို့ ဦးတည်သွားနေစဉ် လမ်းခရီး၌ ပြောက်ဆုံးသွားသည်။

“ ခါတိုင်းဆို ကျနော့ညီက ဘယ်ရောက်ရောက်ကျနော့်ဆီဖုန်းဆက်တယ်။ မနေ့က မနက် ရ နာရီ လောက်ကသူလားရှိုးသွားတာ။ လားရှိုးရောက်တဲ့ အချိန်က ပုံမှန်ဆို ညနေ ၃ နာရီလေ။ အခုတော့ သူမဆက်လာလို့ ကျနော် သူ့ဆီဆက်တာ ဖုန်းကပိတ်ထားတယ်ဘဲ ပြောတယ်။ မသင်္ကာလို့ သူ့အဖေ နဲ့အတူ လိုက်ရှာတာ။ နမ့်ဖတ်ကာ တိုးဂိတ်မှာလဲစုံစမ်းကြည့်သေး တယ်။ အဲ့ကားက ဒီနေ့ နမ့်ဖတ်ကာဘက်က ဖြတ်မလာဘူးတဲ့။ နောက်မှ ကားသမား အသိုင်းအဝိုင်းကို စုံစမ်းကြည့်တော့ သူထွက်သွားတဲ့အချိန်က ဖာလိုင်ကျေး ရွာမှာ TNLA အဖွဲ့များလမ်းပိတ်ပြီး လှုပ်ရှားနေတဲ့အချိန်ဖြစ်နေတယ်။ ဆိုတော့ ကျနော်တို့အခုကောက်ချက်ချတပ်အပ်ပြောနိုင်တာ ကတော့ ကျနော့ညီ အဖမ်းခံနေရတယ်ဆိုတာဘဲ” ဟု အဖမ်းခံရသူ နှင့်အကိုတော် စပ်သူ က ပြောပြသည်။

ဂျွန်လ ၅ ရက်မနက်ပိုင်းက အဆိုပါ ဖာလိုင်ရွာအဝင်လမ်းတွင် သစ်ပင်ခုတ် ကာ လမ်းပိတ်ထားပြီး လမ်းပြင်နေသည်ဟု အသွားအလာ ကားသမား များကိုပြောဆိုကာ တနာရီခန့်လမ်းပိတ်ထားကြောင်း လားရှိုးကားဆရာ တဦးကသျှမ်းသံတော်ဆင့်အားပြောပြသည်။

“ ကျနော်လည်း အစက သူတို့လမ်းပြင်နေတာတကယ်ထင်နေတယ်။ ဘယ်ဟုတ်မလဲ - လိုင်းကားတွေ ကို ဖာလိုင်ရွာမှာပိတ်ပြီးဖမ်းနေမှန်း လားရှိုးရောက်မှ ကျနော်သိလိုက်ရတယ်။ ဖာလိုင်ရွာမှာ TNLA အဖွဲ့ကလူ ၁၀ ယောက်ခန့်ကိုကြိုးတုပ်ပြီး ဖမ်းသွားတာတော့ တွေ့လိုက်တယ်။ ” ဟု ၎င်းကပြောဆို သည်။

နမ့်ဖတ်ကာအုပ်စုဝင် ဖာလိုင်ကျေးရွာသည် တအာင်းပလောင် နှင့် သျှမ်းေ ရာနှောနေ ထိုင် သည့်ရွာ ဖြစ်ပြီး ကေအိုင်အေ တပ်ဖွဲ့ဝင်များ ရံဖန်ရံ ခါ ရောက်ရှိသော်လည်း အများအားဖြင့် TNLA လက်နက် ကိုင်တပ်ဖွဲ့ လှုပ် ရှားနေသည့်ဒေသဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ပြီးခဲ့ရက်ပိုင်းက ပလောင်လူမျိုး နှစ်ဦးသတ်ခံရတယ်။ အခု သျှမ်းလူမျိုး အဖမ်း ခံရတယ်။ ပလောင်လူမျိုး သျှမ်းလူမျိုးတွေကို သတိပေးချင်တယ်။ သတိ ဝိရိယ ကြီးကြီးထားပါ။ ဒီအချိန် ပြဿနာပိုကြီးလာရင် တအာင်းပလောင်လူထုေ ကာ၊ သျှမ်းလူထုကော ဒေသခံ များအားလုံး ဒဏ်ခံရမယ်။” - ဟု ကျားခေါင်း ပါတီ ၏ နမ့်ခမ်းမြိုံနယ် ဒုတိယ ဥက္ကဌ စိုင်းယီ့ဖူး ကပြောသည်။

ဂျွန်လ ၄ ရက်နေ့ကလည်း တအာင်းပလောင် ဒေသခံ နှစ်ဦးအား RCSS/SSA မှ သတ်ဖြတ်သည်ဟု တအာင်းတပ်ဖွဲ့ဘက်မှ စွပ်စွဲ၏။ နမ့်ခမ်းဒေသခံ ပလောင်လူထု ရာဂဏန်းကလည်း ဆန္ဒထုတ်ဖေါ်ပွဲ ပြုလုပ်ကာ ဆန့်ကျင် ကန့်ကွက်ကြသည်။

လက်ရှိအဖမ်းခံရသူ ကားသမား စိုင်းယီဆိုင်မိန်းသည် လိုင်းကားမောင်းကာ ဝမ်းစာရှာနေသူ သာမာန်ပြည် သူ တ ဦးဖြစ်ပြီး မည်သည့်နိုင်ငံရေးမျှ စိတ် မဝင်စားကြောင်း၊ လက်ရှိတွင်လည်းဇနီးသည် နှင့် ၄ နှစ် အရွယ်သမီးငယ် တဦးကျန်ရှိကြောင်း၊ ဖခင်ဖြစ်သူ ပျောက်ဆုံးနေမှုကြောင့် ယမန်နေ့က မိသားစုက ပူပင်သောကရောက်နေရကြောင်း အစ်ကိုဖြစ်သူက ဆက်လက်ပြောပြသည်။

အဆိုပါနမ့်ခမ်း - နမ့်ဖတ်ကာတောင်ပေါ်လမ်းတွင် ဖမ်းဆီးခံနေရသူများနှင့် ပတ်သက်ပြီး မိသားစုဝင်မျာ းက သက်ဆိုင်ရာအာဏာပိုင်များထံ တိုင်တန်း ထားပြီဖြစ်ကြောင်း ဆက်၍ပြောသည်။

ထို့ကြောင့်လက်ရှိတွင် ၎င်းလမ်းသည် လူသွားလူလာမရှိ တိတ်ဆိတ်ငြိမ် သက်နေကြောင်း၊ အဆိုပါ လမ်းခရီးသွားမည်ဆိုပါက သတိ ဝိရိယ ကြီးကြီးြ ဖင့် သွားသင့်ကြောင်း၊ ဖြစ်နိုင်ပါက မူစယ်လမ်းသာ အသုံးပြုစေလိုကြောင်း စိုင်းယီဖူးက ပြောသည်။

တအာင်းတပ် နှင့် သျှမ်းပြည်တပ်မတော် နယ်မြေအငြင်းပွားမှုကြား တိုက် ပွဲများကြောင့် မေလ ၆ ရက်နေ့ကလည်း သျှမ်းလူမျိုးများနေထိုင်သည့် နမ့်ခမ်းမြို့နယ် မုံးဝီးဒေသ ဟိုပန်ရွာမီးရှို့ခံခဲ့ရသည်။

သျှမ်းသံတော်ဆင့် (နန်းခမ်း)
Panglong(Burmese)
https://www.facebook.com/Panglong.burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)