ရိကၡာသယ္ယူမႈကုိ ဟန္႔တားစစ္ေဆးျခင္းမလုပ္ရန္ တပ္မေတာ္အား ေက်းရြာ ၃၀ေက်ာ္မွ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္



ဇြန္ ၁၅ရက္၊ ၂၀၁၆ခုႏွစ္။ ေကအိုင္စီ

ကရင္ျပည္နယ္ လႈိင္းဘြဲၿမဳိ႕နယ္ မဲ့သေဝါနယ္ေျမတြင္း ေဒသခံရြာသားမ်ား၏ စားနပ္ရိကၡာသယ္ယူမႈမ်ားကို ဟန္႔တားစစ္ေဆးျခင္း မလုပ္ရန္ ကလူးေထာ၊ မဲ့ပ႐ူႏွင့္ သကြီးကလားေက်းရြာအုပ္စုရွိ ေက်းရြာေပါင္း ၃၀ ေက်ာ္မွ ေဒသခံမ်ား စုေပါင္း၍ အစုိးရတပ္မေတာ္ႏွင့္ နယ္ျခားေစာင့္တပ္ (BGF)တုိ႔အား ဇြန္ ၁၄ရက္ေန႔က လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့သည္။

အစုိးရတပ္မေတာ္ တပ္မ(၄၄) လက္ေအာက္ခံ လႈပ္ရွားတပ္ဖဲြ႔ႏွင့္ BGF (၁၀၁၂) တပ္ရင္းမွ တပ္ဖဲြ႔ဝင္တုိ႔သည္ ေဒသခံမ်ား၏ အေျခခံ စာသံုးကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ၊ ဆားစသည့္ စားနပ္ရိကၡာမ်ားသယ္ယူရာ၌ စစ္ေဆး ေရးဂိတ္မ်ားတြင္ ယခင္ႏွစ္မွစ၍ ယခုအခ်ိန္ထိ ေႏွာက္ယွက္ဟန္႔တားမႈမ်ားလုပ္ေဆာင္ခဲ့မႈအေပၚ ယခုလုိ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္ေၾကာင္း ထုိဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္သူေဒသခံတစ္ဦးက ယခုလုိ ေျပာသည္။

“ေတာင္းဆုိ ဆႏၵျပတာနဲ႔ပတ္သက္ၿပီးေတာ့ ေယာပုိေက်းရြာမွာ BGF နဲ႔ ေတြ႔တဲ့အခါ BGFကေန ရြာသားေတြ အေနနဲ႔ ဆန္သယ္မယ္ဆုိရင္ BGF က ဗုိလ္မႉးေက်ာ္ထူးကုိ အသိေပးၿပီးမွ သယ္လုိ႔ရမယ္ေပါ့ေနာ္။ သယ္တဲ့ အခါမွာလည္း သတ္မွတ္တဲ့ပမာဏနဲ႔ပဲ သယ္လုိ႔ရမယ္။ ဒါေပမဲ့ ရြာသူရြာသားေတြဘက္ကေတာ့ ဒါကုိ လက္မခံၾကလို႔ ဆႏၵထုတ္ေဖာ္ၾကတာ ျဖစ္ပါတယ္”ဟု ၎က ေကအုိင္စီသုိ႔ ေျပာသည္။

ထုိ႔အျပင္ BGFမွ ဗုိလ္မႉးေက်ာ္ထူးက အဆုိပါ တားဆီးစစ္ေဆးရျခင္းမွာ အထက္က တာဝန္ရွိသူမ်ား၏ ညႊန္ၾကားမႈအရ လုပ္ေဆာင္ရျခင္းျဖစ္သည့္အတြက္ ေဒသခံမ်ား၏ ေတာင္းဆုိခ်က္အေပၚ လုိက္ေလ်ာေပး ႏုိင္ျခင္းမရွိေၾကာင္း၊ နားလည္မႈျဖင့္သာ လုပ္ေဆာင္ေပးလုိ႔ရမည္ဟု ေျပာဆုိခဲ့ေၾကာင္း ၎ေဒသခံက ဆက္ေျပာသည္။

ေဒသခံရြာသား ၂၀၀ခန္႔ ပါဝင္ေသာ ထုိဆႏၵျပမႈတြင္ နံနက္ (၉)နာရီမွစကာ နံနက္ ၁၀နာရီအထိ ‘မဲ့သေ၀ါလမ္း စားသုံးကုန္ပစၥည္း သယ္ေဆာင္ခြင့္ ပိတ္ပင္ျခင္း အလုိမရွိ’ေႂကြးေၾကာ္သံျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ဆႏၵျပပြဲသုိ႔ နယ္ေျမခံရဲတပ္ဖဲြ႔တုိ႔မွ မွတ္တမ္းဓာတ္ပုံမ်ား လာေရာက္႐ုိက္ယူမႈမ်ားရွိခဲ့ေသာ္လည္း တည္ၿငိမ္ေအးခ်မ္းစြာျဖင့္ ၿပီးဆုံးခဲ့သည္ဟု ေဒသခံမ်က္ျမင္သက္ေသမ်ားက ဆုိသည္။

၎ဆႏၵျပမႈသည္ အဖြဲ႔အစည္းတစ္ခု၏ ဖိအားေပးမႈေၾကာင့္ ဆႏၵျပျခင္းျဖစ္သည္ဟု BGF ဘက္မွ ေျပာဆုိထားၿပီး ေဒသခံမ်ားဘက္မွ မည္သည့္အဖြဲ႔အစည္းမွ ဖိအားေပးျခင္းမဟုတ္ဘဲ မိမိဆႏၵအေလ်ာက္ ဆႏၵထုတ္ေဖာ္ျခင္းသာျဖစ္ေၾကာင္း ျပန္လည္တုံ႔ျပန္ေျပာဆုိခဲ့သည္ဟု သိရသည္။

အစုိးရတပ္မေတာ္အေနျဖင့္ ယခုလို စားနပ္ရိကၡာ သယ္ယူမႈကို ဟန္႔တားစစ္ေဆးသည္မွာ မဲ့သေဝါဂြင္အတြင္း အေျခစိုက္သည့္ တုိးတက္ေသာ ဗုဒၶဘာသာ ကရင္အမ်ဳိးသားတပ္မေတာ္-DKBA အဖြဲ႔အား ပစ္မွတ္ထားျခင္း ျဖစ္ေၾကာင္း၊ သို႔ေသာ္ေဒသခံလူထုုမ်ားအတြက္သာ နစ္နာေၾကာင္း နယ္ေျမခံ DKBAတပ္မႉးတစ္ဦးက ေကအုိင္စီသုိ႔ ေျပာသည္။

အဆုိပါ ဆႏၵထုတ္ေဖာ္မႈ ျဖစ္ပြားသည့္ ေက်းရြာအုပ္စု သုံးစုတြင္ အစုိးရတပ္မေတာ္၊ နယ္ျခားေစာင့္တပ္၊ DKBA ႏွင့္ ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္ဖဲြ႔ဝင္မ်ား ေရာေႏွာလႈပ္ရွားေသာ နယ္ေျမ ျဖစ္သည္။

 ေကအိုင္စီ
http://kicnews.org
.........



ဇွန် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့သဝေါနယ်မြေတွင်း ဒေသခံရွာသားများ၏ စားနပ်ရိက္ခာသယ်ယူမှုများကို ဟန့်တားစစ်ဆေးခြင်း မလုပ်ရန် ကလူးထော၊ မဲ့ပရူနှင့် သကွီးကလားကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံများ စုပေါင်း၍ အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF)တို့အား ဇွန် ၁၄ရက်နေ့က လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

အစိုးရတပ်မတော် တပ်မ(၄၄) လက်အောက်ခံ လှုပ်ရှားတပ်ဖွဲ့နှင့် BGF (၁၀၁၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်တို့သည် ဒေသခံများ၏ အခြေခံ စာသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားစသည့် စားနပ်ရိက္ခာများသယ်ယူရာ၌ စစ်ဆေး ရေးဂိတ်များတွင် ယခင်နှစ်မှစ၍ ယခုအချိန်ထိ နှောက်ယှက်ဟန့်တားမှုများလုပ်ဆောင်ခဲ့မှုအပေါ် ယခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ထိုဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူဒေသခံတစ်ဦးက ယခုလို ပြောသည်။

“တောင်းဆို ဆန္ဒပြတာနဲ့ပတ်သက်ပြီးတော့ ယောပိုကျေးရွာမှာ BGF နဲ့ တွေ့တဲ့အခါ BGFကနေ ရွာသားတွေ အနေနဲ့ ဆန်သယ်မယ်ဆိုရင် BGF က ဗိုလ်မှူးကျော်ထူးကို အသိပေးပြီးမှ သယ်လို့ရမယ်ပေါ့နော်။ သယ်တဲ့ အခါမှာလည်း သတ်မှတ်တဲ့ပမာဏနဲ့ပဲ သယ်လို့ရမယ်။ ဒါပေမဲ့ ရွာသူရွာသားတွေဘက်ကတော့ ဒါကို လက်မခံကြလို့ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် BGFမှ ဗိုလ်မှူးကျော်ထူးက အဆိုပါ တားဆီးစစ်ဆေးရခြင်းမှာ အထက်က တာဝန်ရှိသူများ၏ ညွှန်ကြားမှုအရ လုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် ဒေသခံများ၏ တောင်းဆိုချက်အပေါ် လိုက်လျောပေး နိုင်ခြင်းမရှိကြောင်း၊ နားလည်မှုဖြင့်သာ လုပ်ဆောင်ပေးလို့ရမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ဒေသခံရွာသား ၂၀၀ခန့် ပါဝင်သော ထိုဆန္ဒပြမှုတွင် နံနက် (၉)နာရီမှစကာ နံနက် ၁၀နာရီအထိ ‘မဲ့သဝေါလမ်း စားသုံးကုန်ပစ္စည်း သယ်ဆောင်ခွင့် ပိတ်ပင်ခြင်း အလိုမရှိ’ကြွေးကြော်သံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြပွဲသို့ နယ်မြေခံရဲတပ်ဖွဲ့တို့မှ မှတ်တမ်းဓာတ်ပုံများ လာရောက်ရိုက်ယူမှုများရှိခဲ့သော်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့သည်ဟု ဒေသခံမျက်မြင်သက်သေများက ဆိုသည်။

၎င်းဆန္ဒပြမှုသည် အဖွဲ့အစည်းတစ်ခု၏ ဖိအားပေးမှုကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု BGF ဘက်မှ ပြောဆိုထားပြီး ဒေသခံများဘက်မှ မည်သည့်အဖွဲ့အစည်းမှ ဖိအားပေးခြင်းမဟုတ်ဘဲ မိမိဆန္ဒအလျောက် ဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။

အစိုးရတပ်မတော်အနေဖြင့် ယခုလို စားနပ်ရိက္ခာ သယ်ယူမှုကို ဟန့်တားစစ်ဆေးသည်မှာ မဲ့သဝေါဂွင်အတွင်း အခြေစိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA အဖွဲ့အား ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ သို့သော်ဒေသခံလူထုုများအတွက်သာ နစ်နာကြောင်း နယ်မြေခံ DKBAတပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားသည့် ကျေးရွာအုပ်စု သုံးစုတွင် အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်၊ DKBA နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ ရောနှောလှုပ်ရှားသော နယ်မြေ ဖြစ်သည်။

 ကေအိုင်စီ
http://kicnews.org
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)