ေရႊလယ္ေတာေကာ္ဖီဆိုင္ ဦးသိန္းစိန္ မပိုင္ဟုဆို


သမၼတေဟာင္း ဦးသိန္းစိန္ ပိုင္ဆုိင္သည္ဟု နာ မည္ႀကီးေနေသာ ေနျပည္ေတာ္ သမၼတလယ္ေတာရွိ ေရႊလယ္ ေတာေကာ္ဖီဆိုင္ကို ဦးသိန္းစိန္က ငွားရမ္းထားျခင္းသာျဖစ္ေၾကာင္း သမၼတေဟာင္းႏွင့္နီးစပ္သူ ဦးရဲထြဋ္က 7Day Daily အားေျပာသည္။

‘‘အခု ေရႊလယ္ေတာဆုိင္နဲ႔ ပတ္သက္ၿပီး သမၼတႀကီးကိုေမး ၿပီးပါၿပီ။ သူပိုင္တာမဟုတ္ဘူး။ သူ႔ေျမကို ငွားထားတာပါ။ ရတဲ့ ေငြနဲ႔ သူအနားယူခ်ိန္မွာ သူနဲ႔အတူပါလာတဲ့ တပည့္မ်ားကို ေထာက္ပံ့ဖို႔၊ သူခရီးသြားဖို႔အပါ အဝင္တျခားအသံုးစရိတ္ေတြ သံုးႏုိင္ဖို႔ ငွားထားတာလို႔ ရွင္းျပတယ္’’ဟုဦးရဲထြဋ္က ေျပာသည္။

သမၼတလယ္ေတာဟု နာ မည္ႀကီးေသာေနရာမွာ ဦးသိန္း စိန္က ၎၏ေနအိမ္ေရွ႕ရွိ ေညာင္ပင္ႀကီးစုကြင္းဟုေခၚေသာ လယ္ ေျမမ်ားထဲမွ ဧက ၂၀ ကို ပိုင္ရွင္ မ်ားထံမွ စာခ်ဳပ္စာတမ္းႏွင့္ ဝယ္ ယူခဲ့ေၾကာင္း၊ ေတာ္ဝင္ရတနာ လမ္းမွ ၁၅ ဧကေက်ာ္ရွိေသာ ကိုင္းေတာေနရာကို လုပ္ကိုင္ခြင့္ ေလွ်ာက္ထားခဲ့ေသာေနရာျဖစ္ ေၾကာင္း ဦးရဲထြဋ္က ေျပာသည္။


‘‘သမၼတလယ္ေတာအိမ္လို႔ ေျပာေနတာက ခန္းမေလးပါ။ ေပ ၂၀ × ေပ ၆၀ ေလာက္ရွိမယ္ထင္ ပါတယ္။ စံအိမ္မဟုတ္ပါဘူး။ သူ သမၼတ တာဝန္ထမ္းေဆာင္တဲ့အ ခ်ိန္မွာ အဲဒီေနရာမွာ အလြတ္သေဘာေတြ႕တာေတြ လုပ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ေတြ႕ဖူးတယ္’’ဟု ၎ကေျပာသည္။

အဆုိပါ ဧက ၅၀၀ ခန္႔ရွိေသာ ေညာင္ပင္ႀကီးစုကြင္းထဲတြင္ ရြာသူ၊ ရြာသားမ်ားပိုင္ဆိုသည့္ ေျမမ်ား၊ လယ္ဆည္ဝန္ႀကီးဌာနက စံျပလယ္ယာလုပ္ထားသည့္ အကြက္အခ်ိဳ႕ႏွင့္ ပုဂၢလိကပိုင္ စက္႐ံုအခ်ိဳ႕တုိ႔ရွိေၾကာင္း ဦးရဲထြဋ္က ေျပာသည္။

ေရႊလယ္ေတာေကာ္ဖီဆိုင္ ေျမေနရာကို ငွားရမ္းသည့္ စာခ်ဳပ္တန္ဖိုးႏွင့္ အခ်ိန္ကာလကို ေမးျမန္းရာ ေျဖၾကားျခင္းမျပဳခဲ့ေပ။

‘‘ဘယ္သူ႔ကို ငွားသလဲဆုိ တာေတာင္ မေမးခဲ့ဘူး။ ဒါက သူ႔ ကိုယ္ပိုင္စီးပြားေရးေလ။ သူပိုင္၊ မပိုင္ဘဲ ေမးခဲ့တာ။ ၿပီးေတာ့ ကြၽန္ ေတာ္ရွင္းျပခ်င္တယ္ဆုိေတာ့သူ ခြင့္ျပဳတယ္’’ဟု ၎က ေျပာသည္။

ေရႊလယ္ေတာဟု အမည္ ေပးထားေသာ ေကာ္ဖီဆိုင္မွာ ေရႊ ပုဇြန္ကိတ္ႏွင့္ မုန္႔မ်ိဳးစံုလုပ္ငန္းက ငွားရမ္းလုပ္ကိုင္လ်က္ရွိေၾကာင္း အဆုိပါဆိုင္ရွိ ဝန္ထမ္းမ်ားထံမွ သိရသည္။

သမၼတလယ္ေတာတြင္ ငွား ရမ္းလုပ္ကိုင္ေနသည့္ ေရႊလယ္ ေတာေကာ္ဖီဆုိင္သည္ ဇြန္လ ၂၁ ရက္ (ကဆုန္လျပည့္ေန႔)က စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

‘‘အခုရက္ပိုင္းအတြင္းမွာဆုိ ရင္ ျပည္ခုိင္ၿဖိဳးပါတီရဲ႕ ဥကၠ႒ တာဝန္ယူထားတဲ့ ႏုိင္ငံေတာ္ သမၼတေဟာင္း ဦးသိန္းစိန္အေပၚ မွာ ပုဂၢိဳလ္ေရးအရ ရည္ရြယ္ထိုး ႏွက္တဲ့ကိစၥေတြ အမ်ားႀကီးေတြ႕ ေနရတယ္။ ၁၉၈၈ ကေန အခုအခ်ိန္ထိအတြင္းမွာ သားသမီးေတြရဲ႕ နာမည္ေတြနဲ႔ ကုမၸဏီေတြေထာင္ၿပီးေတာ့မွ စီးပြားေရးလုပ္ငန္းေတြ အႀကီးအက်ယ္လုပ္ခဲ့တဲ့ ျမန္မာႏုိင္ငံရဲ႕ ထိပ္ဆံုးသူေဌးထဲမွာပါဝင္တဲ့ လူေတြအမ်ားႀကီးရွိေနတဲ့ ႏုိင္ငံမွာသမၼတႀကီးရဲ႕ ေကာ္ဖီဆိုင္ဆုိၿပီးေတာ့ သတင္းလုပ္တာကေတာ့ ကြၽန္ေတာ္ထင္တယ္။ ဆင္ေတြၾကားထဲမွာ ယုန္ဝင္ဖမ္းတာနဲ႔တူတယ္လို႔ ကြၽန္ေတာ္ျမင္တယ္။ ခင္ဗ်ားတို႔ကို ကြၽန္ေတာ္ တကယ္အာမခံႏုိင္ပါတယ္။ ခင္ဗ်ားတို႔ ျပန္ၾကည့္ၾကည့္ပါ။ သူ တာဝန္ထမ္းေဆာင္တဲ့အခ်ိန္ေတြ မွာ သမၼတႀကီးမွာ သမီးသံုး ေယာက္ရွိတယ္။ သမၼတႀကီးသမီး သံုးေယာက္အေနနဲ႔ ကုမၸဏီေထာင္ၿပီးေတာ့ ဘာစီးပြားေရးေတြမ်ား လုပ္ခဲ့တာရွိလဲ။ ဘာႏုိင္ငံေတာ္ရဲ႕ ကန္ထ႐ိုက္ေတြ၊ လုပ္ငန္းေတြကို ေပါေခ်ာင္ေကာင္းနဲ႔ယူခဲ့တာေတြရွိသလဲ။ ႏုိင္ငံေတာ္ရဲ႕ေျမေတြကို လႊဲေျပာင္းရယူခဲ့တာရွိသလား။ မရွိပါဘူး။ အဲဒီလိုအေျခအေနမွာ သူ႔အေနနဲ႔ ဖြင့္ျဖစ္တယ္ဆုိရင္ေတာင္ မွႀကီးမားတဲ့ျပႆနာမဟုတ္ဘူး။ ဒါေတြက အမ်ားႀကီးစဥ္းစားစရာ ေကာင္းတယ္လို႔ ျမင္ပါတယ္။

သမၼတျဖစ္တဲ့အတြက္ေၾကာင့္ သမၼတအေဆာင္အေယာင္ ဥပေဒအရ အၿငိမ္းစားယူတဲ့အခါမွာ သူ႔ရဲ႕ရပိုင္ခြင့္ေတြရွိတယ္။ အဲဒါေတြနဲ႔ သူေနတယ္။ အဲဒါေၾကာင့္ သူထမ္းေဆာင္ခဲ့တဲ့တာဝန္နဲ႔ သူ႔ရဲ႕လစာနဲ႔ သူ႔မွာ ေကာ္ဖီဆိုင္တစ္ဆုိင္ဖြင့္တာဟာ သားသမီးေတြက ကုမၸဏီေတြ ေထာင္ၿပီးေတာ့ ႏွစ္ေပါင္းမ်ားစြာ အုပ္လာတဲ့ လူေတြနဲ႔စာရင္ေတာ့ ဘာမွေမးခြန္းထုတ္စရာမလိုဘူးလို႔ ထင္တယ္’’ဟု ဇြန္လ ၂ ရက္က ေနျပည္ေတာ္တြင္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီရန္ပံုေငြမ်ားႏွင့္ပတ္သက္ေသာ သတင္းစာရွင္းလင္းပြဲအၿပီး၌ ေရႊလယ္ေတာေကာ္ဖီဆိုင္ႏွင့္ပတ္သက္၍ ဦးသိန္းစိန္ဖြင့္လွစ္ထားသည္ဟု ေကာလာဟလထြက္ေနသည့္အေပၚ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

7day daily
..........
ရွှေလယ်တောကော်ဖီဆိုင် ဦးသိန်းစိန် မပိုင်ဟုဆို

သမ္မတဟောင်း ဦးသိန်းစိန် ပိုင်ဆိုင်သည်ဟု နာ မည်ကြီးနေသော နေပြည်တော် သမ္မတလယ်တောရှိ ရွှေလယ် တောကော်ဖီဆိုင်ကို ဦးသိန်းစိန်က ငှားရမ်းထားခြင်းသာဖြစ်ကြောင်း သမ္မတဟောင်းနှင့်နီးစပ်သူ ဦးရဲထွဋ်က 7Day Daily အားပြောသည်။

‘‘အခု ရွှေလယ်တောဆိုင်နဲ့ ပတ်သက်ပြီး သမ္မတကြီးကိုမေး ပြီးပါပြီ။ သူပိုင်တာမဟုတ်ဘူး။ သူ့မြေကို ငှားထားတာပါ။ ရတဲ့ ငွေနဲ့ သူအနားယူချိန်မှာ သူနဲ့အတူပါလာတဲ့ တပည့်များကို ထောက်ပံ့ဖို့၊ သူခရီးသွားဖို့အပါ အဝင်တခြားအသုံးစရိတ်တွေ သုံးနိုင်ဖို့ ငှားထားတာလို့ ရှင်းပြတယ်’’ဟုဦးရဲထွဋ်က ပြောသည်။

သမ္မတလယ်တောဟု နာ မည်ကြီးသောနေရာမှာ ဦးသိန်း စိန်က ၎င်း၏နေအိမ်ရှေ့ရှိ ညောင်ပင်ကြီးစုကွင်းဟုခေါ်သော လယ် မြေများထဲမှ ဧက ၂၀ ကို ပိုင်ရှင် များထံမှ စာချုပ်စာတမ်းနှင့် ဝယ် ယူခဲ့ကြောင်း၊ တော်ဝင်ရတနာ လမ်းမှ ၁၅ ဧကကျော်ရှိသော ကိုင်းတောနေရာကို လုပ်ကိုင်ခွင့် လျှောက်ထားခဲ့သောနေရာဖြစ် ကြောင်း ဦးရဲထွဋ်က ပြောသည်။


‘‘သမ္မတလယ်တောအိမ်လို့ ပြောနေတာက ခန်းမလေးပါ။ ပေ ၂၀ × ပေ ၆၀ လောက်ရှိမယ်ထင် ပါတယ်။ စံအိမ်မဟုတ်ပါဘူး။ သူ သမ္မတ တာဝန်ထမ်းဆောင်တဲ့အ ချိန်မှာ အဲဒီနေရာမှာ အလွတ်သဘောတွေ့တာတွေ လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖူးတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါ ဧက ၅၀၀ ခန့်ရှိသော ညောင်ပင်ကြီးစုကွင်းထဲတွင် ရွာသူ၊ ရွာသားများပိုင်ဆိုသည့် မြေများ၊ လယ်ဆည်ဝန်ကြီးဌာနက စံပြလယ်ယာလုပ်ထားသည့် အကွက်အချို့နှင့် ပုဂ္ဂလိကပိုင် စက်ရုံအချို့တို့ရှိကြောင်း ဦးရဲထွဋ်က ပြောသည်။

ရွှေလယ်တောကော်ဖီဆိုင် မြေနေရာကို ငှားရမ်းသည့် စာချုပ်တန်ဖိုးနှင့် အချိန်ကာလကို မေးမြန်းရာ ဖြေကြားခြင်းမပြုခဲ့ပေ။

‘‘ဘယ်သူ့ကို ငှားသလဲဆို တာတောင် မမေးခဲ့ဘူး။ ဒါက သူ့ ကိုယ်ပိုင်စီးပွားရေးလေ။ သူပိုင်၊ မပိုင်ဘဲ မေးခဲ့တာ။ ပြီးတော့ ကျွန် တော်ရှင်းပြချင်တယ်ဆိုတော့သူ ခွင့်ပြုတယ်’’ဟု ၎င်းက ပြောသည်။

ရွှေလယ်တောဟု အမည် ပေးထားသော ကော်ဖီဆိုင်မှာ ရွှေ ပုဇွန်ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းက ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း အဆိုပါဆိုင်ရှိ ဝန်ထမ်းများထံမှ သိရသည်။

သမ္မတလယ်တောတွင် ငှား ရမ်းလုပ်ကိုင်နေသည့် ရွှေလယ် တောကော်ဖီဆိုင်သည် ဇွန်လ ၂၁ ရက် (ကဆုန်လပြည့်နေ့)က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

‘‘အခုရက်ပိုင်းအတွင်းမှာဆို ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်အပေါ် မှာ ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ထိုး နှက်တဲ့ကိစ္စတွေ အများကြီးတွေ့ နေရတယ်။ ၁၉၈၈ ကနေ အခုအချိန်ထိအတွင်းမှာ သားသမီးတွေရဲ့ နာမည်တွေနဲ့ ကုမ္ပဏီတွေထောင်ပြီးတော့မှ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်လုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်ဆုံးသူဌေးထဲမှာပါဝင်တဲ့ လူတွေအများကြီးရှိနေတဲ့ နိုင်ငံမှာသမ္မတကြီးရဲ့ ကော်ဖီဆိုင်ဆိုပြီးတော့ သတင်းလုပ်တာကတော့ ကျွန်တော်ထင်တယ်။ ဆင်တွေကြားထဲမှာ ယုန်ဝင်ဖမ်းတာနဲ့တူတယ်လို့ ကျွန်တော်မြင်တယ်။ ခင်ဗျားတို့ကို ကျွန်တော် တကယ်အာမခံနိုင်ပါတယ်။ ခင်ဗျားတို့ ပြန်ကြည့်ကြည့်ပါ။ သူ တာဝန်ထမ်းဆောင်တဲ့အချိန်တွေ မှာ သမ္မတကြီးမှာ သမီးသုံး ယောက်ရှိတယ်။ သမ္မတကြီးသမီး သုံးယောက်အနေနဲ့ ကုမ္ပဏီထောင်ပြီးတော့ ဘာစီးပွားရေးတွေများ လုပ်ခဲ့တာရှိလဲ။ ဘာနိုင်ငံတော်ရဲ့ ကန်ထရိုက်တွေ၊ လုပ်ငန်းတွေကို ပေါချောင်ကောင်းနဲ့ယူခဲ့တာတွေရှိသလဲ။ နိုင်ငံတော်ရဲ့မြေတွေကို လွှဲပြောင်းရယူခဲ့တာရှိသလား။ မရှိပါဘူး။ အဲဒီလိုအခြေအနေမှာ သူ့အနေနဲ့ ဖွင့်ဖြစ်တယ်ဆိုရင်တောင် မှကြီးမားတဲ့ပြဿနာမဟုတ်ဘူး။ ဒါတွေက အများကြီးစဉ်းစားစရာ ကောင်းတယ်လို့ မြင်ပါတယ်။

သမ္မတဖြစ်တဲ့အတွက်ကြောင့် သမ္မတအဆောင်အယောင် ဥပဒေအရ အငြိမ်းစားယူတဲ့အခါမှာ သူ့ရဲ့ရပိုင်ခွင့်တွေရှိတယ်။ အဲဒါတွေနဲ့ သူနေတယ်။ အဲဒါကြောင့် သူထမ်းဆောင်ခဲ့တဲ့တာဝန်နဲ့ သူ့ရဲ့လစာနဲ့ သူ့မှာ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်တာဟာ သားသမီးတွေက ကုမ္ပဏီတွေ ထောင်ပြီးတော့ နှစ်ပေါင်းများစွာ အုပ်လာတဲ့ လူတွေနဲ့စာရင်တော့ ဘာမှမေးခွန်းထုတ်စရာမလိုဘူးလို့ ထင်တယ်’’ဟု ဇွန်လ ၂ ရက်က နေပြည်တော်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီရန်ပုံငွေများနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲအပြီး၌ ရွှေလယ်တောကော်ဖီဆိုင်နှင့်ပတ်သက်၍ ဦးသိန်းစိန်ဖွင့်လှစ်ထားသည်ဟု ကောလာဟလထွက်နေသည့်အပေါ် ပြောကြားခဲ့ခြင်းဖြစ်သည်။

7day daily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)