နေပြည်တော်မှာ လယ်မြေတွေပြန်ပေး
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာတိုက်နဲ့ ပုံနှိပ်စက် အဆောက်အအုံအတွက် သိမ်းဆည်းခဲ့တဲ့ တောင်သူ ၇၄ ဦးပိုင် လယ်ယာမြေ ဧက ၂ဝဝ ကျော် ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လယ်ယာမြေတွေကို ပြန်လည်ပေးအပ်တာမှာ ပုံစံ ၃ လို့ ခေါ်တဲ့ ယာယီအသုံးပြုခွင့်ကို ပေးအပ်ထား တာဖြစ်ပြီး ဒီနှစ်အတွင်း ပုံစံ ၇ ဆိုတဲ့ လယ်မြေပိုင်ဆိုင်ခွင့်ကို နောက်ဆက်တွဲအနေနဲ့ ပေးအပ်မှာဖြစ်တယ် လို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂ဝဝ၃ ခုနှစ် ကနေ ၂ဝဝ၇ ခုနှစ်အတွင်းက သိမ်းဆည်ခဲ့တဲ့ လယ်မြေတွေ ဖြစ်ပြီး လယ်ယာမြေတွေပြန်လည်ရရှိဖို့ ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့တာတွေကြောင့် ဒေသခံတောင်သူ ၁ဝ ဦးခန့်ကို ပြီးခဲ့တဲ့အစိုးရက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလည်းရှိခဲ့ပါတယ်။
RFA Burmese
.....
နေပြည်တော်ကောင်စီနယ်မြေမှာ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ ဧက ၂ဝဝ ကျော်ကို တောင်သူတွေထံ ဇွန်လ ၃ဝ ရက်နေ့ က ပြန်လည်ပေးအပ်စဉ်။ Photo: Win Ko Ko Latt/RFA
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝဲကြီးကျေးရွာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစာတိုက်နဲ့ ပုံနှိပ်စက် အဆောက်အအုံအတွက် သိမ်းဆည်းခဲ့တဲ့ တောင်သူ ရ၄ ဦးပိုင် လယ်ယာမြေ ဧက ၂ဝဝ ကျော် ကို တောင်သူတွေဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လယ်ယာမြေတွေကို ပြန်လည်ပေးအပ်တာမှာ ပုံစံ ၃ လို့ ခေါ်တဲ့ ယာယီအသုံးပြုခွင့်ကို ပေးအပ်ထား တာဖြစ်ပြီး ဒီနှစ်အတွင်း ပုံစံ ရ ဆိုတဲ့ လယ်မြေပိုင်ဆိုင်ခွင့်ကို နောက်ဆက်တွဲအနေနဲ့ ပေးအပ်မှာဖြစ်တယ် လို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ပြောပါတယ်။
ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု များပြန်လည်စိစစ်ရေး ဗဟိုကော်မတီနဲ့ ကော်မတီအဆင့်အဆင့် ပူးပေါင်းစိစစ်ပြီး အသုံးမပြုတော့တဲ့ လယ်ယာမြေတွေကို တောင်သူတွေဆီ ပြန်လည်ပေးအပ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက် ၂ဝဝ၃ ခုနှစ် ကနေ ၂ဝဝ၇ ခုနှစ်အတွင်းက သိမ်းဆည်ခဲ့တဲ့ လယ်မြေတွေ ဖြစ်ပြီး လယ်ယာမြေတွေပြန်လည်ရရှိဖို့ ထွန်တုံးတိုုက်ပွဲဆင်နွှဲခဲ့တာတွေကြောင့် ဒေသခံတောင်သူ ၁ဝ ဦးခန့်ကို ပြီးခဲ့တဲ့အစိုးရက ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလည်းရှိခဲ့ပါတယ်။
ဒီကနေ့ အခမ်းအနားကို နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ ကောင်စီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံတောင်သူတွေလည်း တက်ရောက် ခဲ့ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)