စင္ကာပူကို ျမန္မာအမ်ိဳးသမီးေတြ တရားမ၀င္ ပို႔ေဆာင္ေနတဲ့ ျပည္ပအလုပ္အကိုင္ ရွာေဖြေရး ကုမၸဏီ ဒါရိုက္တာတစ္ဦးကို အမႈဖြင့္အေရးယူထား



စင္ကာပူႏိုင္ငံကို ျမန္မာအမ်ိဳးသမီးေတြ တရားမ၀င္ ပို႔ေဆာင္ေနတဲ့ ျပည္ပ အလုပ္အကိုင္ရွာေဖြေရးကုမၸဏီ ဒါရိုက္တာတစ္ဦးကို ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူထားတယ္လုိ႔ သိရပါတယ္။

ဇြန္လ (၁၉) ရက္ ည (၁၁) နာရီအခ်ိန္ခန္႔မွာ ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕မရဲစခန္း ဒုရဲအုပ္သီဟသူနဲ႔ အဖြဲ႕က တြံေတးၿမိဳ႕နယ္ ကၽြန္းတာရပ္ကြက္က ဟယ္ရီလင္းျပည္ပအလုပ္အကိုင္ရွာေဖြးေရး ကုမၸဏီဒါရိုက္တာ ေစာေက်ာ္ေအာင္ဟာ ျပည္ပအလုပ္အကိုင္လုိင္စင္မရွိဘဲ အမ်ိဳးသမီးေတြကို စင္ကာပူႏုိင္ငံကို အိမ္အကူလုပ္ကိုင္ဖုိ႔ ပို႔ေဆာင္ေနတယ္လုိ႔ သတင္းရရွိတာေၾကာင့္ ၀င္ေရာက္စစ္ေဆးခဲ့တာျဖစ္ပါတယ္။

စစ္ေဆးခ်က္အရ အဲဒီေနအိမ္မွာ ပဲခူးတိုင္းေဒသႀကီးက အမ်ိဳးသမီး(၂) ဦးနဲ႔ တာေမြၿမိဳ႕နယ္က အမ်ိဳးသမီး (၁) ဦးကို ေတြ႔ရွိခဲ့တာေၾကာင့္ အမ်ိဳးသမီးေတြကို ျပည္ပအလုပ္အကိုင္လုိင္စင္မရွိဘဲ စင္ကာပူႏိုင္ငံကို ပို႔ေဆာင္ေနတဲ့ ေစာ္ေက်ာ္ေအာင္ကို အေရးယူေပးဖုိ႔ တုိင္ၾကားခဲ့ တာျဖစ္ပါတယ္။

 ဒီအမႈကို တြံေတးၿမိဳ႕မရဲစခန္းက(ျပစ္မႈနံပါတ္) ၃၂၄/၁၆ ျပည္ပအလုပ္အကုိင္ရွာေဖြေရးဆုိင္ရာဥပေဒပုဒ္မ (၂၆) နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

5 Plus News
https://www.facebook.com/5plusnews
.......



စင်ကာပူနိုင်ငံကို မြန်မာအမျိုးသမီးတွေ တရားမဝင် ပို့ဆောင်နေတဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ ဒါရိုက်တာတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဇွန်လ (၁၉) ရက် ည (၁၁) နာရီအချိန်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မရဲစခန်း ဒုရဲအုပ်သီဟသူနဲ့ အဖွဲ့က တွံတေးမြို့နယ် ကျွန်းတာရပ်ကွက်က ဟယ်ရီလင်းပြည်ပအလုပ်အကိုင်ရှာဖွေးရေး ကုမ္ပဏီဒါရိုက်တာ စောကျော်အောင်ဟာ ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ အမျိုးသမီးတွေကို စင်ကာပူနိုင်ငံကို အိမ်အကူလုပ်ကိုင်ဖို့ ပို့ဆောင်နေတယ်လို့ သတင်းရရှိတာကြောင့် ၀င်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်အရ အဲဒီနေအိမ်မှာ ပဲခူးတိုင်းဒေသကြီးက အမျိုးသမီး(၂) ဦးနဲ့ တာမွေမြို့နယ်က အမျိုးသမီး (၁) ဦးကို တွေ့ရှိခဲ့တာကြောင့် အမျိုးသမီးတွေကို ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ စင်ကာပူနိုင်ငံကို ပို့ဆောင်နေတဲ့ စော်ကျော်အောင်ကို အရေးယူပေးဖို့ တိုင်ကြားခဲ့ တာဖြစ်ပါတယ်။

 ဒီအမှုကို တွံတေးမြို့မရဲစခန်းက(ပြစ်မှုနံပါတ်) ၃၂၄/၁၆ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဆိုင်ရာဥပဒေပုဒ်မ (၂၆) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)