ညအေမွာင္ကို အကာအကြယ္ယူၿပီး က်ဴးေက်ာ္တဲ ေဆာက္လုပ္တာေတြရွိေန

ေနထိုင္ဖို႔ေနရာ အခက္အခဲရွိသူေတြကုိစိစစ္ၿပီး ေျမေနရာအစားထုိးျပန္ခ်ေပးမယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးထဲက စက္မႈဇုန္ေတြအမ်ားအျပားရွိေနတဲ့ လိႈင္သာယာၿမိဳ႕နယ္မွာ က်ဴးေက်ာ္တဲေတြ တိုးပြားလာေနတယ္လို႔ လိႈင္သာယာၿမိဳ႕နယ္မွာ ေနထိုင္သူေတြက ေျပာပါတယ္။

က်ဴးေက်ာ္အိမ္အသစ္ေဆာက္လုပ္တဲ့ သူေတြက ရန္ကုန္-ပုသိမ္လမ္းမႀကီး တစ္ေလွ်ာက္နဲ႔ သြားလာဖို႔ ခက္ခဲတဲ့ ေခ်ာင္းေတြ ေျမာင္းေတြ ထဲမွာ ညအေမွာင္ကို အကာအကြယ္ယူၿပီး က်ဴးေက်ာ္တဲသစ္ ေဆာက္လုပ္တာေတြ မ်ားလာတယ္လို႔ သိရပါတယ္။

လိႈင္သာယာၿမိဳ႕နယ္ထဲက သာယာကုန္းေခ်ာင္း၊ ေရႊလင္ပန္းေခ်ာင္း၊ အင္ဂလိုင္ေခ်ာင္း၊ စူလတန္ေခ်ာင္းစတဲ့ ဧရိယာေတြမွာ က်ဴးေက်ာ္တဲ အသစ္ေတြ လာေဆာက္ေနၾကလို႔ ေရေျမာင္းေတြ ပိတ္ဆို႔လာတာေၾကာင့္ ဖယ္ရွားေပးဖို႔ သြားေရာက္ အေၾကာင္းၾကားတဲ့ သူေတြနဲ႔လည္း ခိုက္ရန္ ျဖစ္ပြားမႈေတြရွိေနတယ္လုိ႔ သိရပါတယ္။

Source : MMTime
Duwun
......
ညအမှောင်ကို အကာအကွယ်ယူပြီး ကျူးကျော်တဲ ဆောက်လုပ်တာတွေရှိနေ

နေထိုင်ဖို့နေရာ အခက်အခဲရှိသူတွေကိုစိစစ်ပြီး မြေနေရာအစားထိုးပြန်ချပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးထဲက စက်မှုဇုန်တွေအများအပြားရှိနေတဲ့ လှိုင်သာယာမြို့နယ်မှာ ကျူးကျော်တဲတွေ တိုးပွားလာနေတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

ကျူးကျော်အိမ်အသစ်ဆောက်လုပ်တဲ့ သူတွေက ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်လျှောက်နဲ့ သွားလာဖို့ ခက်ခဲတဲ့ ချောင်းတွေ မြောင်းတွေ ထဲမှာ ညအမှောင်ကို အကာအကွယ်ယူပြီး ကျူးကျော်တဲသစ် ဆောက်လုပ်တာတွေ များလာတယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်ထဲက သာယာကုန်းချောင်း၊ ရွှေလင်ပန်းချောင်း၊ အင်ဂလိုင်ချောင်း၊ စူလတန်ချောင်းစတဲ့ ဧရိယာတွေမှာ ကျူးကျော်တဲ အသစ်တွေ လာဆောက်နေကြလို့ ရေမြောင်းတွေ ပိတ်ဆို့လာတာကြောင့် ဖယ်ရှားပေးဖို့ သွားရောက် အကြောင်းကြားတဲ့ သူတွေနဲ့လည်း ခိုက်ရန် ဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။

Source : MMTime
Duwun
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)