ဝေါမြို့ရှိသူရဲသမိန်ရွာတွင် ဖျက်ဆီးခံထားရသည့်အဆောက်အဦးရှေ့တွင် ဓာတ်ပုံရိုက်ယူနေသူတစ်ဦး


ဝေါမြို့နယ် ပဋိပက္ခ ဘာသာရေး အဆောက်အဦနဲ့ နေအိမ်တချို့ ဖျက်ဆီးခံရ (ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ဇွန်လ ၂၃ ရက်နေ့ကဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် ဖျက်ဆီးခံရတဲ့ နေအိမ်တစ်လုံးကို တွေ့ရစဉ်) Photo: MOI ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအဆောက်အဦ တစ်ခုနဲ့ နေအိမ်တစ်လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။ 
မနေ့က အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ ဆဲဆိုမှုကနေ ရွာသားတွေအချင်းချင်း ပြဿနာကြီးထွားခဲ့တာဖြစ် ပြီး အခုချိန်မှာ ရဲတွေနဲ့ လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။ သူရဲသမိန်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ အင်တာနက် ဖေ့ဘုတ်မှာ အမုန်းတရားပျံ့ပွားအောင် ရေးသားမှုတွေကြောင့် ဖြစ်လာတာလို့လည်း ပြောပါတယ်။ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့ကို မှာကြားထားတယ်လို့လည်း ပြောပါတယ်။ သူရဲသမိန်ကျေးရွာဟာ ဝေါမြို့နဲ့ အလှမ်းကွာဝေးလွန်းတဲ့အတွက် လျှပ်စစ်မီးရရှိအောင် ၊ လမ်းကောင်းအောင် စတဲ့ ဒေသဖွင့်ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးပြီး အချင်းချင်း အတူတကွ ပူးပေါင်းနေနိုင်အောင် ပညာပေး လုပ်ငန်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ 
RFABurmese








Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)