မတ္တရာ၌ လျှပ်စစ်ဓာတ်ကူးနေသည့်သံဆန်ခါကိုင်မိ၍ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး



မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်ခရိုင် မတ္တရာမြို့နယ်၌ နေအိမ် တွင်ကာရန်ထားသော သံဆန်ခါ အား လျှပ်စစ်ဓာတ်ကူးနေစဉ် ကိုင် မိသဖြင့် ယမန်နေ့ မွန်းလွဲ ၁၂နာရီ မိနစ် ၅ဝ က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ (၂)ရပ်ကွက် ရန် ကင်း(အနောက်)ရပ်နေ သေဆုံးသူ ဝေဖြိုးအောင်၏ ဖခင်ပြောကြား ချက်အရ သားဖြစ်သူဝေဖြိုးအောင် နှင့်အတူ နေအိမ်အောက်တွင် အချိုရည်ဘူးများကို တောင်းထဲ ထည့်၍ နေအိမ်ရှေ့ခန်းရှိ ရေခဲ သေတ္တာအတွင်းထည့်ရန် အတူ သယ်ယူလာစဉ် နေအိမ်လှေကား အနီးအရောက်တွင် ဝေဖြိုးအောင် မှာ ဟန်ချက်ပျက်၍ ခန္ဓာကိုယ် ယိုင်သွားခဲ့ရာမှ နေအိမ်ရှေ့ဝရန် တာတွင်ကာရန်ထားသောသံဆန်ခါ ကိုလှမ်းကိုင်ရာ သံဆန်ခါမှာ လျှပ် စစ်ဓာတ်ကူးနေပြီး ဓာတ်လိုက်၍ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရ ပြီး သေဆုံးသူအား မတ္တရာပြည်သူ့ ဆေးရုံတွင် (PR - အမှတ် ၃၄/ ၂ဝ၁၆ )ဖြင့် လက်ခံစစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးမှုနှင့်ပတ် သက်၍ ဓမ္မာတာအတိုင်းသေဆုံး ခြင်း ဟုတ်မဟုတ် စုံစမ်းစစ် ဆေးဆောင်ရွက်နိုင်ရန် ရဲအရာခံ မောင်မျိုးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် မတ္တရာမြို့မ ရဲ စခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁ဝ/၂ဝ၁၆)အရ အမှုရေးဖွင့်ပြီး ရဲအုပ် စိုးမင်းလတ် (ခေတ္တ-စခန်းမှူး)က စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)