Saturday, June 11, 2016
နေပူတောင် အဆင်း၌ ဘိလပ်မြေကား တိမ်းမှောက် (၂ )ဦးသေဆုံး
စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့် မြို့ နယ် ပျဉ်တဲကြိုးဝိုင်းအနီး ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်ရှိ နေပူတောင် အဆင်း၌ ဘိလပ်မြေအိပ်တင် ယာဉ်(၁)စီး အရှိန်လွန်ထိုးကျ တိမ်းမှောက်၍ ယာဉ်မောင်းနှင့် နောက်လိုက်နှစ်ဦးစလုံး ဇွန်လ ၉ ရက်နေ့ (၁၇.၀၀) အချိန်တွင် သေဆုံးကြောင်း သတင်းသိရှိရသည်။
အခင်းဖြစ်ရာနေရာသို့  ထီးချိုင့်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်ဟိန်း ယာဉ်/လမ်း စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံဒုရဲအုပ် ကျော်သက်လွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ရဲလင်းအောင် တို့ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးတွေ့ ရှိချက်အရ အဆိုပါ ယာဉ်မှာ ထီးချိုင့်မြို့နယ် ပျဉ်တဲကြိုးဝိုင်း၊ နေပူတောင်အဆင်း ရွှေဘို - မြစ်ကြီးနား လမ်းမပေါ်မိုင်တိုင် အမှတ် ၁၁၃/၅အနီး ရွှေဘိုမှ မြစ်ကြီးနားသို့  ကိုအောင်ဆန်း (ဘ)ဦးမြင့်ဆွေ (၂၅) နှစ် ညောင်ကန်ကျေးရွာ ဘုတလင်းမြို့နယ်နေသူ မောင်းနှင်လာသော ဘိလပ်မြေအိပ်တင်ဆောင် ထားသည့် ယာဉ်အမှတ် MDY HI 8128 NISSAN အဖြူရောင်(၁၂) ဘီးကား အဌားယာဉ်ဖြစ်ကြောင်း သိရသည်။
ယာဉ်မှာ ဝဲဘက် အနောက်ဘက်သို့ အရှိန်လွန်ထိုးကျကာ လမ်းဘေးချောက် ကမ်းပါးရှိသစ်ပင်နှင့် တိုက်မိ၍ ကန့်လန်ဖြတ် အနေအထားဖြင့် တိမ်းမှောက်ရပ်တန့် သွားသောကြောင့် ယာဉ်၏ဦးခေါင်းပိုင်း ချိုင့်ဝင်ပျက်စီးသွားပြီး ခေါင်းခန်းမှ လိုက်ပါလာသူ ယာဉ်နောက်လိုက် ကိုအောင်သိုက်(ဘ)ဦးသန်းရွှေ(၂၄)နှစ် ညောင်ကန်ကျေးရွာ ဘုတလင်မြို့နယ်နေသူသည့် ယာဉ်မောင်းနှင်အတူ ပိညှပ်သေဆုံးနေကြောင်း တွေ့ရှိသည်။
သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းအား ဆွဲထုတ်ဆယ်တင် ခက်ခဲလျှက်ရှိသောကြောင့် နောက်နေ့တွင် ဝန်ချီကရိန်းယာဉ်ဖြင့် ဆွဲထုတ်ယူပြီး ထီးချိုင့်မြို့မ ပြည်သူဆေးရုံသို့ ပို့အပ်လျှက် ယာဉ်တိမ်းမှောက်မှု မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခြင်း အခင်းဖြစ်မြေပုံများရေးဆွဲ၍ ထီးချိုင့်မြို့မ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရပါသည်။
ငွေအိုး (ကသာ)
နေပူတောင် အဆင်း၌ ဘိလပ်မြေကား တိမ်းမှောက် (၂ )ဦးသေဆုံး
Reviewed by MP4 YoU
on
June 11, 2016
Rating: 5

Subscribe to:
Post Comments (Atom)