ထီးျပင္၊ ဖိနပ္ခ်ဳပ္ လင္မယား ဆြဲႀကိဳးျဖတ္ လုယက္ခံရ



ၿမိတ္ၿမိဳ႕တြင္း ၿမိတ္ေတာင္ရပ္ကြက္ရိွ သီဟေဇယ်ာေစ်းၾကီး အျပင္ဘက္တြင္ တြန္းလွည္းျဖင့္ ထီးျပင္၊ ဖိနပ္ခ်ဳပ္လုပ္ကိုင္ေနသည့္ လင္မယားထံမွ CLICKi၂၀၁၆ အမ်ိဳးအစား အျဖဴေရာင္ ဆိုင္ကယ္စီး သမားက ကာလ ေပါက္ေစ်း (၈)သိန္း၀န္းက်င္ခန္႔ တန္ဖိုးရိွ ဆြဲၾကိဳးကို ျဖတ္ယူလုယက္သြားေၾကာင္း သိရသည္။

ဇြန္ (၂၁)ရက္မြန္းတည့္ (၁၂)နာရီခန္႔တြင္ ထီးျပင္၊ ဖိနပ္ခ်ဳပ္သမား၏ ဇနီးသည္ဆိုင္ကို ေက်ာ ေပး၍ရပ္လ်က္ရိွစဥ္ ဆိုင္ကယ္စီး သမားေရာက္ရိွ လာျပီး ေနာက္ေက်ာဘက္မွေန၍ ဆြဲၾကိဳးကို ျဖတ္ယူလု ယက္ သြားျခင္းျဖစ္သည္ဟု ခင္ပြန္းျဖစ္သူ ဦးျမင့္စန္းကဆိုသည္။

“ ဆြဲၾကိဳးျဖတ္ေျပးတယ္လို႔ ေအာ္သံၾကားေတာ့ကၽြန္ေတာ့္မိန္းမရဲ့ေအာ္သံမွန္း ပထမကမသိဘူး။ ေစ်း လမ္းဆိုေတာ့ လူကရွဳပ္ေနတယ္။ဒါေပမယ့္ ကၽြန္ေတာ္ကလည္း လိုက္ေတာ့လိုက္ေသးတယ္။မမွီေတာ့ဘူး” ဟု ၎ကေျပာသည္။

ဆြဲၾကိဳးလုယက္ခံရမွဳအေျခအေနကိုေစ်းအနီးပတ္၀န္းက်င္မွ ျမင္ေတြ႔လိုက္ၾကေသာ္လည္း အဆိုပါ ဆိုင္ကယ္စီးသမားလုယက္သူကိုမူ တားဆီးႏုိင္ျခင္းမရိွဟု သိရသည္။

ဖိနပ္ခ်ဳပ္သမားဦးျမင့္စန္းမွာ ငယ္စဥ္က ေဆးထိုးမွား၍ ေျခတစ္ဖက္မသန္သျဖင့္ ဆုိင္ကယ္စီးဆြဲၾကိဳးျဖတ္သူကို ျမင္လိုက္ရေသာ္လည္း ထြက္ေျပးသြား သည္ကိုသာ ၾကည့္ေနလိုက္ရ သည့္အေျခအေနပင္ျဖစ္ေၾကာင္း ၎က ေျပာသည္။

“ ဆြဲၾကိဳးလုသြားတဲ့သူက ပုပု၀၀နဲ႔ အသက္(၄၀)ေလာက္ပါ။ျပန္ရႏုိင္ဖို႔ေတာ့ လမ္းမျမင္ပါဘူး။ဒါေပမယ့္ ကိုယ့္လိုမ်ိဳးအျခား သူေတြ မျဖစ္ေစခ်င္ဘူး။ ဒါကိုနမူနာအျဖစ္သတိထားေစခ်င္ပါတယ္”ဟုဆြဲၾကိဳးလုယက္ခံရ ျခင္းႏွင့္ ပတ္သက္ ၍ ၎ကသတိေပးစကားေျပာဆိုခဲ့သည္။

လက္လုပ္၊ လက္စားသမားတစ္ဦး အေနျဖင့္ (၁)က်ပ္သားဆြဲၾကိဳးတစ္ကံုးရရိွရန္ တစ္မူးသား၊ တစ္မတ္သားမွစ၍ က်စ္က်စ္ကုတ္ကုတ္စုေဆာင္းျပီး ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထီးျပင္ဖိနပ္ခ်ဳပ္လုပ္ငန္းကို ၎ေစ်းအ နီးတြင္ လုပ္ကိုင္ေနခဲ့သည္မွာ (၅)ႏွစ္ခန္႔ၾကာခဲ့ျပီဟုသိရသည္။

ဆြဲၾကိဳးျဖတ္ လုယက္ခံရမွဳႏွင့္ ပတ္သက္၍ ရဲစခန္းသို႔ တုိင္ၾကားျခင္း မျပဳေၾကာင္း ဦးျမင့္စန္းကဆုိသည္။

ကိုညီ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.........



မြိတ်မြို့တွင်း မြိတ်တောင်ရပ်ကွက်ရှိ သီဟဇေယျာစျေးကြီး အပြင်ဘက်တွင် တွန်းလှည်းဖြင့် ထီးပြင်၊ ဖိနပ်ချုပ်လုပ်ကိုင်နေသည့် လင်မယားထံမှ CLICKi၂၀၁၆ အမျိုးအစား အဖြူရောင် ဆိုင်ကယ်စီး သမားက ကာလ ပေါက်စျေး (၈)သိန်းဝန်းကျင်ခန့် တန်ဖိုးရှိ ဆွဲကြိုးကို ဖြတ်ယူလုယက်သွားကြောင်း သိရသည်။

ဇွန် (၂၁)ရက်မွန်းတည့် (၁၂)နာရီခန့်တွင် ထီးပြင်၊ ဖိနပ်ချုပ်သမား၏ ဇနီးသည်ဆိုင်ကို ကျော ပေး၍ရပ်လျက်ရှိစဉ် ဆိုင်ကယ်စီး သမားရောက်ရှိ လာပြီး နောက်ကျောဘက်မှနေ၍ ဆွဲကြိုးကို ဖြတ်ယူလု ယက် သွားခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူ ဦးမြင့်စန်းကဆိုသည်။

“ ဆွဲကြိုးဖြတ်ပြေးတယ်လို့ အော်သံကြားတော့ကျွန်တော့်မိန်းမရဲ့အော်သံမှန်း ပထမကမသိဘူး။ စျေး လမ်းဆိုတော့ လူကရှုပ်နေတယ်။ဒါပေမယ့် ကျွန်တော်ကလည်း လိုက်တော့လိုက်သေးတယ်။မမှီတော့ဘူး” ဟု ၎င်းကပြောသည်။

ဆွဲကြိုးလုယက်ခံရမှုအခြေအနေကိုစျေးအနီးပတ်ဝန်းကျင်မှ မြင်တွေ့လိုက်ကြသော်လည်း အဆိုပါ ဆိုင်ကယ်စီးသမားလုယက်သူကိုမူ တားဆီးနိုင်ခြင်းမရှိဟု သိရသည်။

ဖိနပ်ချုပ်သမားဦးမြင့်စန်းမှာ ငယ်စဉ်က ဆေးထိုးမှား၍ ခြေတစ်ဖက်မသန်သဖြင့် ဆိုင်ကယ်စီးဆွဲကြိုးဖြတ်သူကို မြင်လိုက်ရသော်လည်း ထွက်ပြေးသွား သည်ကိုသာ ကြည့်နေလိုက်ရ သည့်အခြေအနေပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ ဆွဲကြိုးလုသွားတဲ့သူက ပုပုဝဝနဲ့ အသက်(၄၀)လောက်ပါ။ပြန်ရနိုင်ဖို့တော့ လမ်းမမြင်ပါဘူး။ဒါပေမယ့် ကိုယ့်လိုမျိုးအခြား သူတွေ မဖြစ်စေချင်ဘူး။ ဒါကိုနမူနာအဖြစ်သတိထားစေချင်ပါတယ်”ဟုဆွဲကြိုးလုယက်ခံရ ခြင်းနှင့် ပတ်သက် ၍ ၎င်းကသတိပေးစကားပြောဆိုခဲ့သည်။

လက်လုပ်၊ လက်စားသမားတစ်ဦး အနေဖြင့် (၁)ကျပ်သားဆွဲကြိုးတစ်ကုံးရရှိရန် တစ်မူးသား၊ တစ်မတ်သားမှစ၍ ကျစ်ကျစ်ကုတ်ကုတ်စုဆောင်းပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထီးပြင်ဖိနပ်ချုပ်လုပ်ငန်းကို ၎င်းစျေးအ နီးတွင် လုပ်ကိုင်နေခဲ့သည်မှာ (၅)နှစ်ခန့်ကြာခဲ့ပြီဟုသိရသည်။

ဆွဲကြိုးဖြတ် လုယက်ခံရမှုနှင့် ပတ်သက်၍ ရဲစခန်းသို့ တိုင်ကြားခြင်း မပြုကြောင်း ဦးမြင့်စန်းကဆိုသည်။

ကိုညီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)