ပရီမီယာ ေကာ္ဖီ စက္ရုံကုိ ပုဒ္မ ၂ ခုျဖင့္ အစုိးရ တရားစြဲ

ပရီမီယာ ေကာ္ဖီမစ္စက္ရုံ အလုပ္သမာမ်ား နစ္နာမႈႏွင့္ ပတ္သက္၍ စက္ရုံပုိင္ရွင္ႏွင့္ HR မန္ေနဂ်ာတုိ႔ကုိ အစုိးရက ပုဒ္မ ၂ ခုျဖင့္ လႈိင္သာယာၿမိဳ႕နယ္ တရားရုံးတြင္ အမႈဖြင့္ထားၿပီး စစ္ေဆးမႈမ်ား လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ စက္ရုံရွိ အလုပ္သမားမ်ားက ၎တုိ႔၏ နစ္နာမႈမ်ားကုိ အလုပ္သမား၊ လူ၀န္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား၀န္ႀကီးဌာနသို႔ ယခုလ ၁၇ ရက္ေန႔က တုိင္ၾကားခဲ့ေၾကာင္း၊ စစ္ေဆးမႈမ်ား လုပ္ခဲ့ရာ နစ္နာမႈမ်ား ေတြ႔ရွိရသျဖင့္ ၿပီးခဲ့သည့္ ၂၈ ရက္ေန႔က စတင္ တရားစြဲဆုိလုိက္ရျခင္း ျဖစ္ေၾကာင္း အလုပ္ရုံႏွင့္ အလုပ္သမားဥပေဒ စစ္ေဆးေရး ဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမႈးခ်ဳပ္ ဦးညြန္႔၀င္းက ေျပာသည္။

တရားစြဲဆုိထားေသာ ဥပဒ ၂ ခုႏွင့္ ပတ္သက္၍ ၎က “ေန႔စား ေန႔ရွင္း အလုပ္သမားေတြကုိ ခြင့္ရက္နဲ႔ အလုပ္ပိတ္ရက္ ဥပေဒအရ တပတ္မွာ တရက္ နားခြင့္ေပးရမယ္။ အဲဒီနားတဲ့ ရက္ကုိလည္း ဥပဒအရ လုပ္ခအျပည့္ ေပးရမယ္။ အဲ့ဒါကုိ ေပးဖုိ႔ ကုမၸဏီက ပ်က္ကြက္တယ္။ ေနာက္တခုက အခ်ိန္ပုိေပါ့။ အခ်ိန္ပုိ လုပ္ကုိင္တဲ့ အခါမွာ ၁၉၅၁ အလုပ္ရုံမ်ား ဥပေဒအရဆုိရင္ သက္ဆုိင္ရာ ဦးစီးဌာနကုိ ခြင့္ျပဳခ်က္ ေတာင္းခံၿပီးေတာ့မွ အလုပ္သမားေတြရဲ႕ သေဘာတူညီခ်က္ပါ ပူးတြဲပါရမယ္ေပါ့။ အခုဟာ သက္ဆုိင္ရာ ဦးစီးဌာန ခြင့္ျပဳခ်က္ ေတာင္းခံရမယ္ဆုိတဲ့ အခ်က္ကုိ မလုိက္နာဘူးေပါ့။ အဲဒီ အတြက္ကုိလည္း တရားစြဲတယ္” ဟု ေျပာသည္။

ယခုတရားစြဲဆုိသည့္ ဥပေဒမ်ားႏွင့္ ပတ္သက္သည့္ အခ်က္မ်ားတြင္ ဒဏ္ေငြႏွင့္ ေထာင္ဒဏ္မ်ား ပါရွိေၾကာင္း၊ ဒဏ္ေငြ အေနျဖင့္ က်ပ္သိန္း ၂၀ ႏွင့္ ေထာင္ဒဏ္အေနျဖင့္ ၃ လ အထိ ရွိေၾကာင္းလည္း ဦးညြန္႔၀င္းက ေျပာသည္။

တရားစြဲဆုိမႈကုိ မည္သုိ႔ ေျပလည္ရန္ ေျဖရွင္းသြားမည္၊ ဆုံျဖတ္သြားမည္မွာ လက္ရွိတြင္ မသိရေသးဘဲ အမႈဖြင့္ထားသည့္ လိႈင္သာယာၿမိဳ႕နယ္ တရားရုံးတြင္ တရားသူႀကီးမ်ား၏ အဆုံးအျဖတ္အေပၚ မူတည္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဦးညြန္႔၀င္းက “ဘယ္လုိ အေရးယူလုိ႔ ရလဲဆုိရင္ သူတုိ႔ အျပန္အလွန္ စစ္ဦးမွာေပါ့ဗ်ာ။ စစ္ရင္ နစ္နာတဲ့ ေငြေတြလည္း ျပန္ေပးရမွာေပါ့။ လုိအပ္လုိ႔ရင္လည္း တခ်ိဳ႕ဟာေတြက ေထာင္ဒဏ္ သုိ႔မဟုတ္ ေငြဒဏ္ေပါ့။ ဒါကုိက်ဴးလြန္တဲ့ အတြက္ ခ်လုိ႔ရတာေပါ့။ ဒါေပမယ့္ ဒါကေတာ့ သက္ဆုိင္ရာ တရားသူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ေပါ့။ ဘယ္လုိ ဆုံးျဖတ္ခ်က္ ခ်မလဲဆုိတာ သက္ဆုိင္ရာ တရားသူႀကီးေတြရဲ႕ လုပ္ပုိင္ခြင့္ ျဖစ္ပါတယ္” ဟု ေျပာသည္။

ျမန္မာႏုိင္ငံလုံးဆုိင္ရာ အလုပ္သမား သမဂၢမ်ား အဖြဲ႔ခ်ဳပ္ အေနျဖင့္လည္း ယခုျဖစ္စဥ္တြင္ မည္သုိ႔ အဆုံးအျဖတ္မ်ား ျဖစ္လာမည္ကုိ ေစာင့္ၾကည့္ရဦးမည္ ျဖစ္ၿပီး အလုပ္သမားမ်ားဘက္မွ ေက်နပ္မႈမ်ား ရွိေစရန္ အႀကံဥာဏ္မ်ား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုကိစၥႏွင့္ ပတ္သက္၍ အဖြဲ႔ခ်ဳပ္ ဗဟုိေကာ္မတီ၀င္ ဦး၀င္းေဇာ္က “တရားလုိသည္ အစုိးရျဖစ္ၿပီး တရာခံသည္ အလုပ္ရွင္ ျဖစ္တဲ့အတြက္ က်ေနာ္တုိ႔က သူတုိ႔ျဖစ္ေပၚလာတဲ့ ဆုံးျဖတ္ခ်က္က ဘာလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။ ျဖစ္ေပၚလာတဲ့ အေျခအေနကုိ ၾကည့္ၿပီး တကယ့္ ဥပဒေၾကာင္းအရ လုိအပ္ခ်က္ေတြ ရွိေနတယ္ဆုိရင္ က်ေနာ္တုိ႔ အႀကံဥာဏ္ေတြ ေပးရမွာပါ” ဟု ေျပာသည္။

ယေန႔ေခတ္တြင္ အလုပ္ရွင္မ်ားအေပၚ အစုိးရဘက္မွ တရားစြဲဆုိသည့္ ျဖစ္စဥ္မ်ား ပုိမုိရွိလာၿပီး ယခုႏွစ္အတြင္း ၈ ခု ၀န္းက်င္ ရွိေၾကာင္း၊ အလုပ္ရွင္ အလုပ္သမား ျပသနာမ်ားမွာလည္း ယခင္ႏွင့္ ယွဥ္လွ်င္ နည္းပါးလာသည္ဟု ေျပာ၍ရေၾကာင္း၊ အလုပ္သမား နစ္နာမႈမ်ား ယခင္ထက္ ေလ်ာ့က်လာေၾကာင္းႏွင့္ အလုပ္ရွင္ အလုပ္သမား ပူးေပါင္းေဆာင္ရြက္မႈ၊ အစုိးရႏွင့္ ပူးေပါင္း ေဆာင္ရြက္မႈမ်ား ပုိမုိလာေၾကာင္း ၎က ေျပာသည္။ သုိ႔ေသာ္ ပြင့္လင္းျမင္သာမႈ အျပည့္အ၀ မရရွိေသးဘဲ အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ရွိေနဆဲ ျဖစ္ေၾကာင္းလည္း ၎က ဆက္ေျပာသည္။

အလုပ္ရွင္ အလုပ္သမား ျပႆနာႏွင့္ ယခုကဲ့သုိ႔ အစုိးရဘက္မွ တရားစြဲဆုိရမႈမ်ားသည္ CMP အထည္ခ်ဳပ္ လုပ္ငန္းမ်ားတြင္ အမ်ားဆုံး ျဖစ္ေလ့ရွိေၾကာင္းႏွင့္ ေကာ္ဖီစက္ရုံသည္ ယခုအႀကိမ္ ပထမဆုံးအႀကိမ္ ျဖစ္ေၾကာင္း အလုပ္ရုံႏွင့္ အလုပ္သမား ဥပေဒ စစ္ေဆးေရး ဦးစီးဌာနမွ သိရသည္။
Irrawaddy
...............
ပရီမီယာ ကော်ဖီ စက်ရုံကို ပုဒ်မ ၂ ခုဖြင့် အစိုးရ တရားစွဲ

ပရီမီယာ ကော်ဖီမစ်စက်ရုံ အလုပ်သမာများ နစ်နာမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင်နှင့် HR မန်နေဂျာတို့ကို အစိုးရက ပုဒ်မ ၂ ခုဖြင့် လှိုင်သာယာမြို့နယ် တရားရုံးတွင် အမှုဖွင့်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံရှိ အလုပ်သမားများက ၎င်းတို့၏ နစ်နာမှုများကို အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ယခုလ ၁၇ ရက်နေ့က တိုင်ကြားခဲ့ကြောင်း၊ စစ်ဆေးမှုများ လုပ်ခဲ့ရာ နစ်နာမှုများ တွေ့ရှိရသဖြင့် ပြီးခဲ့သည့် ၂၈ ရက်နေ့က စတင် တရားစွဲဆိုလိုက်ရခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးညွန့်ဝင်းက ပြောသည်။

တရားစွဲဆိုထားသော ဥပဒ ၂ ခုနှင့် ပတ်သက်၍ ၎င်းက “နေ့စား နေ့ရှင်း အလုပ်သမားတွေကို ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေအရ တပတ်မှာ တရက် နားခွင့်ပေးရမယ်။ အဲဒီနားတဲ့ ရက်ကိုလည်း ဥပဒအရ လုပ်ခအပြည့် ပေးရမယ်။ အဲ့ဒါကို ပေးဖို့ ကုမ္ပဏီက ပျက်ကွက်တယ်။ နောက်တခုက အချိန်ပိုပေါ့။ အချိန်ပို လုပ်ကိုင်တဲ့ အခါမှာ ၁၉၅၁ အလုပ်ရုံများ ဥပဒေအရဆိုရင် သက်ဆိုင်ရာ ဦးစီးဌာနကို ခွင့်ပြုချက် တောင်းခံပြီးတော့မှ အလုပ်သမားတွေရဲ့ သဘောတူညီချက်ပါ ပူးတွဲပါရမယ်ပေါ့။ အခုဟာ သက်ဆိုင်ရာ ဦးစီးဌာန ခွင့်ပြုချက် တောင်းခံရမယ်ဆိုတဲ့ အချက်ကို မလိုက်နာဘူးပေါ့။ အဲဒီ အတွက်ကိုလည်း တရားစွဲတယ်” ဟု ပြောသည်။

ယခုတရားစွဲဆိုသည့် ဥပဒေများနှင့် ပတ်သက်သည့် အချက်များတွင် ဒဏ်ငွေနှင့် ထောင်ဒဏ်များ ပါရှိကြောင်း၊ ဒဏ်ငွေ အနေဖြင့် ကျပ်သိန်း ၂၀ နှင့် ထောင်ဒဏ်အနေဖြင့် ၃ လ အထိ ရှိကြောင်းလည်း ဦးညွန့်ဝင်းက ပြောသည်။

တရားစွဲဆိုမှုကို မည်သို့ ပြေလည်ရန် ဖြေရှင်းသွားမည်၊ ဆုံဖြတ်သွားမည်မှာ လက်ရှိတွင် မသိရသေးဘဲ အမှုဖွင့်ထားသည့် လှိုင်သာယာမြို့နယ် တရားရုံးတွင် တရားသူကြီးများ၏ အဆုံးအဖြတ်အပေါ် မူတည်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးညွန့်ဝင်းက “ဘယ်လို အရေးယူလို့ ရလဲဆိုရင် သူတို့ အပြန်အလှန် စစ်ဦးမှာပေါ့ဗျာ။ စစ်ရင် နစ်နာတဲ့ ငွေတွေလည်း ပြန်ပေးရမှာပေါ့။ လိုအပ်လို့ရင်လည်း တချို့ဟာတွေက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ပေါ့။ ဒါကိုကျူးလွန်တဲ့ အတွက် ချလို့ရတာပေါ့။ ဒါပေမယ့် ဒါကတော့ သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ့။ ဘယ်လို ဆုံးဖြတ်ချက် ချမလဲဆိုတာ သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အနေဖြင့်လည်း ယခုဖြစ်စဉ်တွင် မည်သို့ အဆုံးအဖြတ်များ ဖြစ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပြီး အလုပ်သမားများဘက်မှ ကျေနပ်မှုများ ရှိစေရန် အကြံဉာဏ်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းဇော်က “တရားလိုသည် အစိုးရဖြစ်ပြီး တရာခံသည် အလုပ်ရှင် ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကြည့်ပြီး တကယ့် ဥပဒကြောင်းအရ လိုအပ်ချက်တွေ ရှိနေတယ်ဆိုရင် ကျနော်တို့ အကြံဉာဏ်တွေ ပေးရမှာပါ” ဟု ပြောသည်။

ယနေ့ခေတ်တွင် အလုပ်ရှင်များအပေါ် အစိုးရဘက်မှ တရားစွဲဆိုသည့် ဖြစ်စဉ်များ ပိုမိုရှိလာပြီး ယခုနှစ်အတွင်း ၈ ခု ၀န်းကျင် ရှိကြောင်း၊ အလုပ်ရှင် အလုပ်သမား ပြသနာများမှာလည်း ယခင်နှင့် ယှဉ်လျှင် နည်းပါးလာသည်ဟု ပြော၍ရကြောင်း၊ အလုပ်သမား နစ်နာမှုများ ယခင်ထက် လျော့ကျလာကြောင်းနှင့် အလုပ်ရှင် အလုပ်သမား ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလာကြောင်း ၎င်းက ပြောသည်။ သို့သော် ပွင့်လင်းမြင်သာမှု အပြည့်အဝ မရရှိသေးဘဲ အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အလုပ်ရှင် အလုပ်သမား ပြဿနာနှင့် ယခုကဲ့သို့ အစိုးရဘက်မှ တရားစွဲဆိုရမှုများသည် CMP အထည်ချုပ် လုပ်ငန်းများတွင် အများဆုံး ဖြစ်လေ့ရှိကြောင်းနှင့် ကော်ဖီစက်ရုံသည် ယခုအကြိမ် ပထမဆုံးအကြိမ် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
Irrawaddy
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)