ျမစ္ဆံုျပန္စလိုေၾကာင္း တရုတ္သံအမတ္ႀကီးေျပာ


(ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံအမတ္ႀကီး Hong Liang ကို ေတြ႔ရစဥ္) Photo - mm.china-embassy.org
ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံအမတ္ႀကီး Hong Liang က ျမစ္ဆံုစီမံကိန္းကို ျပန္္လည္ စတင္လိုေၾကာင္း ဒီကေန႔ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ခက္ေအာင္ အျပင္ ကခ်င္ျပည္နယ္ အစိုးရအဖဲြ႕ဝင္ေတြနဲ႔ ေတြ႕ဆံုစဥ္ေျပာၾကားခဲ့ပါတယ္။

ဒီေန႔ ျမစ္ႀကီးနားၿမိဳ႕မွာ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုရာမွာ ကခ်င္ျပည္နယ္ အစိုးရအဖဲြ႕ရဲ႕ သေဘာထားကို ေမးခဲ့တာျဖစ္တယ္လို႔ ေတြ႔ဆံုပြဲကို တက္ေရာက္ခဲ့တဲ့ ကခ်င္ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဦးHလေအာင္ က ေျပာပါတယ္။

ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ဘက္က ျမစ္ဆံုစီမံကိန္းဟာ ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ့ ညႊန္ၾကားခ်က္နဲ႔သာ ေဆာင္ရြက္ႏုိင္မွာျဖစ္ၿပီး ေဒသခံေတြရဲ့ သေဘာထားကိုလည္း ေကာက္ယူသြားမယ္လို႔ ဝန္ႀကီး ဦးHလေအာင္ က ေျပာပါတယ္။

လက္ရွိမွာ ျပည္ေထာင္စုအစိုးရဘက္က ျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္ၿပီး ျပည္နယ္အစိုးရကို တစ္စံုတရာ ညႊန္ၾကားတာ မရွိေသးဘဲ အရင္အစိုးရနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ပါအခ်က္အလက္ေတြကို ေလ့လာဆန္းစစ္မွဳေတြ ျပဳလုပ္ေနတဲ့ အေနအထားလည္း ရွိပါတယ္။

Mr.Hong Liang ဟာ ရပ္နားထားတဲ့ ျမစ္ဆံုုစီမံကိန္းဧရိယာကို ျပည္နယ္အစိုးရအဖြဲ႔ရဲ့ ခြင္ျပဳခ်က္နဲ႔ သြားေရာက္ၿပီး ေဒသခံေတြရဲ႕ သေဘာထားကိုလည္း ေမးျမန္းသြားမွာ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
..............


(မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang ကို တွေ့ရစဉ်) Photo - mm.china-embassy.org
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က မြစ်ဆုံစီမံကိန်းကို ပြန််လည် စတင်လိုကြောင်း ဒီကနေ့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောထားကို မေးခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် က ပြောပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်က မြစ်ဆုံစီမံကိန်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့သာ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဒေသခံတွေရဲ့ သဘောထားကိုလည်း ကောက်ယူသွားမယ်လို့ ဝန်ကြီး ဦးHလအောင် က ပြောပါတယ်။

လက်ရှိမှာ ပြည်ထောင်စုအစိုးရဘက်က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို တစ်စုံတရာ ညွှန်ကြားတာ မရှိသေးဘဲ အရင်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေတဲ့ အနေအထားလည်း ရှိပါတယ်။

Mr.Hong Liang ဟာ ရပ်နားထားတဲ့ မြစ်ဆုုံစီမံကိန်းဧရိယာကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင်ပြုချက်နဲ့ သွားရောက်ပြီး ဒေသခံတွေရဲ့ သဘောထားကိုလည်း မေးမြန်းသွားမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)