၀ါးေဖာင္ စစ္ေဆး စဥ္ ေဖာင္သမား(၁၅)ဦးက ၀ိုင္း၀န္းရိုက္နွက္၍ သစ္ေတာ၀န္ထမ္းတစ္ဦး ေရထဲတြင္ေပ်ာက္ဆံုး၊ (၂) ဦး ဒဏ္ရာရ

သစ္ခိုးထုတ္ အၾကမ္းဖက္သမားမ်ားေၾကာင့္ ေပ်ာက္ဆံုးေနေသာ ေရႊဘိုသစ္ေတာဌာနမွ ေတာအုပ္ ဦးမ်ိဳးမင္းႀကိဳင္၏ဇနီးအား အားေပးႏွစ္သိမ့္စကားမ်ားဆိုရင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္မွ ကရုဏာေၾကးေပးအပ္ခဲ့ပါသည္။ ဓါတ္ပုံ - Sagaing Regional lnformation Page
ေက်ာက္ေျမာင္းၿမိဳ႕နယ္၊ ဧရာ၀တီျမစ္အတြင္း ယခုလ(၂၀) ရက္ေန႔က သစ္ေတာ၀န္ထမ္း(၃) ဦးသည္  ၀ါးေဖာင္တစ္ခုအား မသကၤာသျဖင့္ ဆိပ္ကမ္း ကပ္ခိုင္းျပီး စစ္ေဆးစဥ္ ၀ါးေဖာင္သမား(၁၅) ဦး က ၀ိုင္း၀န္းရို္က္နွက္ခဲ့မႈေၾကာင့္ သစ္ေတာ၀န္ထမ္းတစ္ဦး ေရထဲျပဳတ္က် ေပ်ာက္ဆံုးေနျပီး (၂) ဦးမွာ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း တိုင္းေဒသၾကီး နယ္စပ္ေရးရာႏွင့္ လံုျခံဳေရး၀န္ႀကီး ဌာနထံက သိရသည္။

ဥပေဒမဲ့ အၾကမ္းဖက္ျဖစ္စဥ္တြင္ သစ္ေတာဝန္ထမ္းတစ္ဦးမွာ ရိုက္ႏွက္ခံရ၍ ေရထဲက်ေပ်ာက္ဆံုးေနၿပီး က်န္သစ္ေတာဝန္ထမ္း(၂)ဦးမွာ ပ်င္းထန္စြာရိုက္ႏွက္ခံရၿပီး ေရႊဘိုေဆးရံုႀကီးတြင္ တက္ေရာက္ကုသေနေၾကာင္းသိရပါသည္။ ယေန႔(၂၁.၆.၂၀၁၆)ရက္ေန႔တြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ဦးေဆာင္၍ တိုင္းဥပေဒခ်ဳပ္၊ တိုင္းရဲမင္းႀကီး၊ တိုင္းသစ္ေတာညႊန္မႉးတို႔ပါဝင္ေသာအဖြဲ႕မွ သြားေရာက္ၿပီး ေဆးကုသမႈအေျခအေန၊ ဒဏ္ရာသက္သာမႈ၊ ေထာက္ပံ့ေၾကးမ်ားေပးအပ္ကာ ဝန္ထမ္းမ်ားအား ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း ျပစ္မႈက်ဴးလြန္သူမ်ားအား အျမန္ဆံုးေဖာ္ထုတ္ အေရးယူသြားမည္ဟု ေျပာၾကားခဲ့ေၾကာင္း သတင္းရရွိပါသည္။ ဓါတ္ပုံ - Sagaing Regional lnformation Page
ေက်ာက္ေျမာင္းၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ေဇာ္မိုး၊ေတာအုပ္ မ်ိဴးျမင့္ၾကိဳင္ ၊ေတာေခါင္း မ်ိဳးထြန္း တို႔(၃) ဦး သည္ သက္ေသမ်ားနွင့္အတူ သစ္ေတာဌာနပိုင္ေရယာဥ္ျဖင့္ မေခါက္ေက်းရြာ၊ ရန္မ်ဳိးေအာင္ ဘုန္းႀကီးေက်ာင္းေရွ႕၊ ဧရာ၀တီျမစ္အတြင္း မသကၤာဖြယ္ ၀ါးေဖာင္တစ္ခုအားေတြ႕ရွိသည့္အတြက္ စစ္ေဆးရန္ ျမစ္ကမ္းနားသို႔ကပ္ခိုင္းစဥ္ ယခုကဲ့သို႔ ၀ိုင္းရိုက္ခဲ့လိုက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“သစ္ေတာ၀န္ထမ္း တစ္ေယာက္ကေတာ့ ဒဏ္ရာေတြနဲ႔ ေရထဲျပဳတ္က်သြားတဲ့အတြက္ ကယ္ဆယ္ေရးေတြက ရွာေဖြေနပါတယ္။ အခုထိေတာ့ မေတြ႕ရေသးပါဘူး။ ႏွစ္ေယာက္ကေတာ့ ေရြဘိုေဆးရံုမွာပါ။ တရားခံဖမ္းဆီးနုိင္ေရးအတြက္ မနၱေလးတိုင္းရဲတပ္ဖြဲ႕နဲ႔ပူးေပါင္းျပီး ဖမ္းဆီးႏိုင္ေရး ၾကိဳးစားေနပါတယ္။ ၀န္ၾကီးခ်ဳပ္ကိုယ္တိုင္ သြားျပီး စစ္ေဆးေနတာပါ” ဟု တိုင္းေဒသၾကီး နယ္စပ္ေရးရာနွင့္လံုျခံဳေရး၀န္ၾကီး ဌာနမွ တာ၀န္ရွိသူတစ္ဦးက The Messenger Media သို႔ေျပာသည္။

ဥပေဒမဲ့ အၾကမ္းဖက္ျဖစ္စဥ္တြင္ သစ္ေတာဝန္ထမ္းတစ္ဦးမွာ ရိုက္ႏွက္ခံရ၍ ေရထဲက်ေပ်ာက္ဆံုးေနၿပီး က်န္သစ္ေတာဝန္ထမ္း(၂)ဦးမွာ ပ်င္းထန္စြာရိုက္ႏွက္ခံရၿပီး ေရႊဘိုေဆးရံုႀကီးတြင္ တက္ေရာက္ကုသေနေၾကာင္းသိရပါသည္။ ယေန႔(၂၁.၆.၂၀၁၆)ရက္ေန႔တြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္ဦးေဆာင္၍ တိုင္းဥပေဒခ်ဳပ္၊ တိုင္းရဲမင္းႀကီး၊ တိုင္းသစ္ေတာညႊန္မႉးတို႔ပါဝင္ေသာအဖြဲ႕မွ သြားေရာက္ၿပီး ေဆးကုသမႈအေျခအေန၊ ဒဏ္ရာသက္သာမႈ၊ ေထာက္ပံ့ေၾကးမ်ားေပးအပ္ကာ ဝန္ထမ္းမ်ားအား ခ်ီးက်ဴးဂုဏ္ျပဳပါေၾကာင္း ျပစ္မႈက်ဴးလြန္သူမ်ားအား အျမန္ဆံုးေဖာ္ထုတ္ အေရးယူသြားမည္ဟု ေျပာၾကားခဲ့ေၾကာင္း သတင္းရရွိပါသည္။ ဓါတ္ပုံ - Sagaing Regional lnformation Page

ယင္းသို႔ ၀ါးေဖာင္အားစစ္ေဆးေနစဥ္ ၀ါးေဖာင္ ေပၚတြင္ပါလာသည့္ မင္းသန္႔ႏွင့္ အေဖာ္ျဖစ္သူ (၁၅)ဦး တို႔ကတုတ္မ်ားျဖင့္၀ိုင္း၀န္းရိုက္နွက္ခဲ့ျပီး ဧရာ၀တီျမစ္အတြင္းသို႔ခုုန္ဆင္းကာ မႏၱေလးတိုင္းေဒသၾကီး၊ စဥ့္ကူးၿမိဳ႕နယ္ ဘက္သို႔ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

၀ါးေဖာင္သမားမ်ား၏ ၀ိုင္း၀န္းရိုက္ႏွက္မႈေၾကာင့္ ေတာအုပ္ မိုးေဇာ္ တြင္ ေရွ႕သြား(၃) ေခ်ာင္း ကၽြတ္ထြက္၊ႏႈတ္ခမ္းေပါက္ျပဲဒဏ္ရာ၊ ခါးနာက်င္ဒဏ္ရာ မ်ားရရွိခဲ့ျပီး ေတာေခါင္း မ်ဳိးထြန္း တြင္ ဦးေခါင္းေပါက္ျပဲဒဏ္ရာ ၊ေမးေစ့ေပါက္ျပဲဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေက်ာက္ေျမာင္းေဆးရံုမွ ေရြဘိုၿမိဳ႕ေဆးရံုသို႔လႊဲေျပာင္းကုသမႈခံယူေနရသည္။

ေတာအုပ္ျဖစ္သူ မ်ဳိျမင့္ၾကိဳင္ မွာ ရုိက္ႏွက္ခံရမႈေၾကာင့္ ဒဏ္ရာမ်ားရရွိခဲ့ျပီး ဧရာ၀တီျမစ္အတြင္း ျပဳတ္က်ေပ်ာက္ဆံုးေနသည့္အတြက္ သက္ဆိုင္ရာက လိုက္လံရွာေဖြမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

ယင္းသို႔ သစ္ေတာ၀န္ထမ္းမ်ား တာ၀န္၀တၱရား ေဆာင္ရြက္ေနစဥ္ ရန္ျပဳထိုးၾကိတ္ခဲ့သည့္ မင္းသန္႔ပါ (၁၅) ဦးအား ေက်ာက္ေျမာင္းနယ္ေျမရဲစခန္းတြင္ (ပ) ၅၄/၂၀၁၆ ျပစ္မႈ ပုဒ္မ ၃၃၂/၃၃၃/၃၂၅ အရ အမႈဖြင့္အေရးယူထားျပီး ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း စစ္ကိုင္းတိုင္းေဒသၾကီး နယ္စပ္ေရးရာႏွင့္လံုၿခံဳေရး၀န္ၾကီး ဌာနထံက သိရသည္။

မႏၱေလးအလင္း ေန႔စဥ္ထုတ္သတင္းစာ
https://www.facebook.com/mandalayahlindailynewspaper
.....

သစ်ခိုးထုတ် အကြမ်းဖက်သမားများကြောင့် ပျောက်ဆုံးနေသော ရွှေဘိုသစ်တောဌာနမှ တောအုပ် ဦးမျိုးမင်းကြိုင်၏ဇနီးအား အားပေးနှစ်သိမ့်စကားများဆိုရင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကရုဏာကြေးပေးအပ်ခဲ့ပါသည်။ ဓါတ်ပုံ - Sagaing Regional lnformation Page
ကျောက်မြောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ယခုလ(၂၀) ရက်နေ့က သစ်တောဝန်ထမ်း(၃) ဦးသည်  ၀ါးဖောင်တစ်ခုအား မသင်္ကာသဖြင့် ဆိပ်ကမ်း ကပ်ခိုင်းပြီး စစ်ဆေးစဉ် ၀ါးဖောင်သမား(၁၅) ဦး က ၀ိုင်းဝန်းရို်က်နှက်ခဲ့မှုကြောင့် သစ်တောဝန်ထမ်းတစ်ဦး ရေထဲပြုတ်ကျ ပျောက်ဆုံးနေပြီး (၂) ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဌာနထံက သိရသည်။


ဥပဒေမဲ့ အကြမ်းဖက်ဖြစ်စဉ်တွင် သစ်တောဝန်ထမ်းတစ်ဦးမှာ ရိုက်နှက်ခံရ၍ ရေထဲကျပျောက်ဆုံးနေပြီး ကျန်သစ်တောဝန်ထမ်း(၂)ဦးမှာ ပျင်းထန်စွာရိုက်နှက်ခံရပြီး ရွှေဘိုဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်းသိရပါသည်။ ယနေ့(၂၁.၆.၂၀၁၆)ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဦးဆောင်၍ တိုင်းဥပဒေချုပ်၊ တိုင်းရဲမင်းကြီး၊ တိုင်းသစ်တောညွှန်မှူးတို့ပါဝင်သောအဖွဲ့မှ သွားရောက်ပြီး ဆေးကုသမှုအခြေအနေ၊ ဒဏ်ရာသက်သာမှု၊ ထောက်ပံ့ကြေးများပေးအပ်ကာ ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုပါကြောင်း ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ် အရေးယူသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ ဓါတ်ပုံ - Sagaing Regional lnformation Page
ကျောက်မြောင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ဇော်မိုး၊တောအုပ် မျိူးမြင့်ကြိုင် ၊တောခေါင်း မျိုးထွန်း တို့(၃) ဦး သည် သက်သေများနှင့်အတူ သစ်တောဌာနပိုင်ရေယာဉ်ဖြင့် မခေါက်ကျေးရွာ၊ ရန်မျိုးအောင် ဘုန်းကြီးကျောင်းရှေ့၊ ဧရာဝတီမြစ်အတွင်း မသင်္ကာဖွယ် ၀ါးဖောင်တစ်ခုအားတွေ့ရှိသည့်အတွက် စစ်ဆေးရန် မြစ်ကမ်းနားသို့ကပ်ခိုင်းစဉ် ယခုကဲ့သို့ ၀ိုင်းရိုက်ခဲ့လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“သစ်တောဝန်ထမ်း တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ ရေထဲပြုတ်ကျသွားတဲ့အတွက် ကယ်ဆယ်ရေးတွေက ရှာဖွေနေပါတယ်။ အခုထိတော့ မတွေ့ရသေးပါဘူး။ နှစ်ယောက်ကတော့ ရွေဘိုဆေးရုံမှာပါ။ တရားခံဖမ်းဆီးနိုင်ရေးအတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဖမ်းဆီးနိုင်ရေး ကြိုးစားနေပါတယ်။ ၀န်ကြီးချုပ်ကိုယ်တိုင် သွားပြီး စစ်ဆေးနေတာပါ” ဟု တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်လုံခြံုရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger Media သို့ပြောသည်။


ဥပဒေမဲ့ အကြမ်းဖက်ဖြစ်စဉ်တွင် သစ်တောဝန်ထမ်းတစ်ဦးမှာ ရိုက်နှက်ခံရ၍ ရေထဲကျပျောက်ဆုံးနေပြီး ကျန်သစ်တောဝန်ထမ်း(၂)ဦးမှာ ပျင်းထန်စွာရိုက်နှက်ခံရပြီး ရွှေဘိုဆေးရုံကြီးတွင် တက်ရောက်ကုသနေကြောင်းသိရပါသည်။ ယနေ့(၂၁.၆.၂၀၁၆)ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဦးဆောင်၍ တိုင်းဥပဒေချုပ်၊ တိုင်းရဲမင်းကြီး၊ တိုင်းသစ်တောညွှန်မှူးတို့ပါဝင်သောအဖွဲ့မှ သွားရောက်ပြီး ဆေးကုသမှုအခြေအနေ၊ ဒဏ်ရာသက်သာမှု၊ ထောက်ပံ့ကြေးများပေးအပ်ကာ ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုပါကြောင်း ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ် အရေးယူသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ ဓါတ်ပုံ - Sagaing Regional lnformation Page

ယင်းသို့ ၀ါးဖောင်အားစစ်ဆေးနေစဉ် ၀ါးဖောင် ပေါ်တွင်ပါလာသည့် မင်းသန့်နှင့် အဖော်ဖြစ်သူ (၁၅)ဦး တို့ကတုတ်များဖြင့်ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ဧရာဝတီမြစ်အတွင်းသို့ခုုန်ဆင်းကာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ဘက်သို့ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

၀ါးဖောင်သမားများ၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် တောအုပ် မိုးဇော် တွင် ရှေ့သွား(၃) ချောင်း ကျွတ်ထွက်၊နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ ခါးနာကျင်ဒဏ်ရာ များရရှိခဲ့ပြီး တောခေါင်း မျိုးထွန်း တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊မေးစေ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်မြောင်းဆေးရုံမှ ရွေဘိုမြို့ဆေးရုံသို့လွှဲပြောင်းကုသမှုခံယူနေရသည်။

တောအုပ်ဖြစ်သူ မျိုမြင့်ကြိုင် မှာ ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ပြီး ဧရာဝတီမြစ်အတွင်း ပြုတ်ကျပျောက်ဆုံးနေသည့်အတွက် သက်ဆိုင်ရာက လိုက်လံရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။

ယင်းသို့ သစ်တောဝန်ထမ်းများ တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် ရန်ပြုထိုးကြိတ်ခဲ့သည့် မင်းသန့်ပါ (၁၅) ဦးအား ကျောက်မြောင်းနယ်မြေရဲစခန်းတွင် (ပ) ၅၄/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၃၂/၃၃၃/၃၂၅ အရ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်လုံခြံုရေးဝန်ကြီး ဌာနထံက သိရသည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)