
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅ ဘေး၊ စခန်းကြီးကျေးရွာအုပ်စု ကံ့ကော်ကျွန်း (ကျူးကျော်)ကျေးရွာကို ဇွန်လ ၁၄ ရက်နေ့က ကံ့ကော်ကျွန်းသစ်အနေနဲ့ ထပ်မံ ဖော်ဆောင် လိုက်တာပါ။
Source: DVB




.......................
ကျူးကျော်ကျေးရွာကို ကျေးရွာသစ်အဖြစ် ဖော်ဆောင်"
========================================
၂၀၁၅ ခုနှစ် နိုဝင်ဘာလက ကျူးကျော်အနေနဲ့ ဖယ်ရှားခံခဲ့ရတဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က ကံကော်ကျွန်း ကျူးကျော်ကျေးရွာကို ကျေးရွာသစ်အဖြစ် ဖော်ဆောင်လိုက် ပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅ ဘေး၊ စခန်းကြီးကျေးရွာအုပ်စု က့ံကော်ကျွန်း (ကျူးကျော်)ကျေးရွာကို ဇွန်လ ၁၄ ရက်နေ့က က့ံကော်ကျွန်းသစ်အနေနဲ့ ထပ်မံ ဖော်ဆောင် လိုက်တာပါ။
အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ အရင် ကံ့ကော်ကျွန်းကျေးရွာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖယ်ရှားခံ ရချိန်က အိမ်ခြေ ၅ လုံးကျန်ရှိခဲ့ပြီး အခု ကျေးရွာသစ်အနေနဲ့ ထပ်မံဖော်ထုတ်လိုက်တာပါ။
အခုကျေးရွာသစ်မှာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး ဒီမြေဟာ အစိုးရပိုင်မြေလည်း ဖြစ်ပါတယ်။
ဒီနေ့ ထပ်မံဖော်ဆောင်လိုက်တဲ့ ကျေးရွာမှာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းသစ်ကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။
ဒီကျေးရွာသစ်မှာ စစ်မှုထမ်းဟောင်းတွေ၊ ပင်စင်လစာနည်း အငြိမ်းစားဝန်ထမ်းတွေ၊ နာဂစ်ဒဏ်သင့်ပြည်သူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဝင်ရောက် နေထိုင်နေကြပါတယ်။
Source: DVB
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)