မီးေလာင္ရာေလပင့္သည့္ အသုံးအႏႈန္းမ်ားကုိ အသံုးမျပဳရန္ ေဒၚေအာင္ဆန္းစုၾကည္၏ ေတာင္းဆုိခ်က္ကုိ ေလးစားလုိက္နာသြားမည္ဟု အီးယူသံအမတ္ႀကီး ဆုိ


ဥေရာပ သမဂၢ ( အီးယူ )က ျမန္မာႏုိင္ငံအေနျဖင့္ ႏုိင္ငံအေနာက္ပုိင္းရွိ လူ႕အခြင့္အေရး ခ်ဳိးေဖာက္မႈ ျပသ၁နာမ်ားအား ေျဖရွင္းရန္ လံုေလာက္ေသာ လုပ္သာကုိင္သာ ရွိသည့္ ေနရာလုိအပ္ေၾကာင္း ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ၿပီး ထုိေဒသမွ မြတ္ဆလင္မ်ားအား ရည္ညႊန္းရာတြင္ “႐ုိဟင္ဂ်ာ” ဆုိသည့္ စကားလံုး အသံုးမျပဳရန္ ေဒၚေအာင္ဆန္းစုၾကည္၏ ေတာင္းဆုိ ခ်က္ကုိ ေလးစားလုိက္နာသြားမည္ဟု ဆုိသည္။
ထုိေျပာၾကားမႈက ရခုိင္ျပည္နယ္ရွိ ဘဂၤါလီျပသ၁နာႏွင့္ ပတ္သက္၍ အီးယူ၏ ရပ္တည္ခ်က္ ေျပာင္းလဲမႈကုိ ေဖာ္ျပေနၿပီး မည္သည့္ လူ႕အဖြဲ႕အစည္းမဆုိ မိမိတုိ႔၏ အမည္ကုိ ကုိယ္တုိင္ ေရြးခ်ယ္ခြင့္ရွိသည္ဆုိေသာ အေမရိကန္၏ ရပ္တည္ခ်က္ႏွင့္လည္း ကြဲလြဲလ်က္ရွိသည္။
ရခုိင္ျပည္နယ္ေျမာက္ပုိင္းရွိ မြတ္ဆလင္ တစ္သန္းခန္႔က ယင္းတုိ႔ ကုိယ္ကုိ “႐ုိဟင္ဂ်ာ” ဟု သံုးႏႈန္း ရည္ညႊန္းၿပီး ျမန္မာႏုိင္ငံသား အမ်ားစုကမူ ယင္းတုိ႔အား ဘဂၤလားေဒ့ရွ္ ႏုိင္ငံမွ တရားမ၀င္ ခုိ၀င္လာသူမ်ားဟု မွတ္ယူထားၾကသည္။ ယင္းတုိ႔ႏွင့္ ပတ္သက္သည့္ အသံုးအႏႈန္း ျပသ၁နာမွာ အထိခုိက္မခံသည့္ ကိစၥရပ္တစ္ခု ျဖစ္သည္။
“႐ုိဟင္ဂ်ာ” ဆုိသည့္ အသံုးအႏႈန္းမွာ ျပသ၁နာျဖစ္ေစႏုိင္သည့္ အသံုးအႏႈန္းျဖစ္သျဖင့္ ျမန္မာအစုိးရက အသံုးျပဳမည္ မဟုတ္ဟု ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာနုိင္ငံသုိ႔ ေရာက္ရွိေနသည့္ ကုလသမဂၢ လူ႕အခြင့္အေရး ကုိယ္စားလွယ္အား ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက ေျပာၾကားခဲ့သည္။
အီးယူ၏ ျမန္မာႏုိင္ငံဆုိင္ရာ သံအမတ္ ႐ုိလန္ကုိဘီယာက “ဒီအသံုးအႏႈန္း က ျမန္မာႏုိင္ငံမွာ စိတ္ခံစားမႈ ျမင့္တက္ေစတယ္ဆုိတာ ကၽြန္ေတာ္တုိ႔ နားလည္ပါတယ္။ အျငင္းပြားဖြယ္ အသံုးအႏႈန္းေတြေၾကာင့္ တင္းမွာမႈျမင့္တက္လာမွာကုိ ေရွာင္ရွားဖုိ႔ ျမန္မာအစုိးရက ေတာင္းဆုိတာ ကၽြန္ေတာ္တုိ႔ သိရပါတယ္။ ဒါေၾကာင့္ ဒီ႐ပ္ေထြးတဲ့ ျပသ၁နာအတြက္ အေျခခံက်တဲ့ ေျဖရွင္းနည္းရွာေဖြဖုိ႔ ျမန္မာအစုိးရကုိ ႏုိင္ငံေရးေနရာလြတ္ ေပးရပါမယ္” ဟု ေျပာၾကားခဲ့သည္။
ဘဂၤါလီမ်ားအား “ရခုိင္ျပည္နယ္ရွိ မြတ္ဆလင္ အသုိင္းအ၀ုိင္း” ဟု သံုးႏႈန္းရန္ ျမန္မာအစုိးရက ၿပီးခဲ့သည့္ ရက္သတၱပတ္အတြင္းက ေျပာၾကား ခဲ့ေသာ္လည္း ဆန္႔က်င္မႈမ်ား ႀကဳံေတြ႕ခဲ့ရသည္္။ ရခုိင္အမ်ဳိးပါတီ (ANP) က အစုိးရသည္ ဘက္လုိက္ေဆာင္ရြက္သည္ဟု ဆုိကာ အသံုးအႏႈန္းသစ္ကုိ လက္မခံေၾကာင္း ေၾကညာခဲ့သည္။
႐ိုလန္ကိုဘီယာက ျမန္မာ အစိုးရသစ္အေနျဖင့္ ဒီမိုကေရစီစနစ္ ခိုင္မာေအာင္ ေဆာင္႐ြက္ေနရာတြင္ ဖဲြ႔စည္းပံု ျပင္ဆင္ေရးသည္ အဓိက အေရးႀကီးေသာ ကိစၥျဖစ္ျပီး မၾကာမီ ကာလအတြင္း ျပဳလုပ္မည့္ ၂၁ ရာစု ပင္လံုညီလာခံ အပါအ၀င္ ျမန္မာ့ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္တြင္လည္း ပါ၀င္ရန္လိုအပ္သည့္အျပင္ အစိုးရသစ္၏ ဦးစားေပး လုပ္ငန္းစဥ္တြင္ ပါ၀င္ေသာ လူအခြင့္အေရး လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သတ္၍ စိန္ေခၚ အကဲစမ္းမႈမ်ား လက္ရွိအခ်ိန္ထိ ၾကံဳေတြ႕ေနေသးျပီး ရခိုင္ျပည္နယ္တြင္လည္း လူမႈေရးခဲြျခားမႈမ်ား ရွိေနေသးေၾကာင္း ေျပာၾကားသည္
KHTun
The Ladies News
.........
မီးလောင်ရာလေပင့်သည့် အသုံးအနှုန်းများကို အသုံးမပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ကို လေးစားလိုက်နာသွားမည်ဟု အီးယူသံအမတ်ကြီး ဆို
-------------------
ဥရောပ သမဂ္ဂ ( အီးယူ )က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအနောက်ပိုင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှု ပြသ၁နာများအား ဖြေရှင်းရန် လုံလောက်သော လုပ်သာကိုင်သာ ရှိသည့် နေရာလိုအပ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပြီး ထိုဒေသမှ မွတ်ဆလင်များအား ရည်ညွှန်းရာတွင် “ရိုဟင်ဂျာ” ဆိုသည့် စကားလုံး အသုံးမပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆို ချက်ကို လေးစားလိုက်နာသွားမည်ဟု ဆိုသည်။
ထိုပြောကြားမှုက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြသ၁နာနှင့် ပတ်သက်၍ အီးယူ၏ ရပ်တည်ချက် ပြောင်းလဲမှုကို ဖော်ပြနေပြီး မည်သည့် လူ့အဖွဲ့အစည်းမဆို မိမိတို့၏ အမည်ကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသည်ဆိုသော အမေရိကန်၏ ရပ်တည်ချက်နှင့်လည်း ကွဲလွဲလျက်ရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင် တစ်သန်းခန့်က ယင်းတို့ ကိုယ်ကို “ရိုဟင်ဂျာ” ဟု သုံးနှုန်း ရည်ညွှန်းပြီး မြန်မာနိုင်ငံသား အများစုကမူ ယင်းတို့အား ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင် ခို၀င်လာသူများဟု မှတ်ယူထားကြသည်။ ယင်းတို့နှင့် ပတ်သက်သည့် အသုံးအနှုန်း ပြသ၁နာမှာ အထိခိုက်မခံသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။
“ရိုဟင်ဂျာ” ဆိုသည့် အသုံးအနှုန်းမှာ ပြသ၁နာဖြစ်စေနိုင်သည့် အသုံးအနှုန်းဖြစ်သဖြင့် မြန်မာအစိုးရက အသုံးပြုမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အား ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားခဲ့သည်။
အီးယူ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ရိုလန်ကိုဘီယာက “ဒီအသုံးအနှုန်း က မြန်မာနိုင်ငံမှာ စိတ်ခံစားမှု မြင့်တက်စေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ အငြင်းပွားဖွယ် အသုံးအနှုန်းတွေကြောင့် တင်းမှာမှုမြင့်တက်လာမှာကို ရှောင်ရှားဖို့ မြန်မာအစိုးရက တောင်းဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် ဒီရပ်ထွေးတဲ့ ပြသ၁နာအတွက် အခြေခံကျတဲ့ ဖြေရှင်းနည်းရှာဖွေဖို့ မြန်မာအစိုးရကို နိုင်ငံရေးနေရာလွတ် ပေးရပါမယ်” ဟု ပြောကြားခဲ့သည်။
ဘင်္ဂါလီများအား “ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်း” ဟု သုံးနှုန်းရန် မြန်မာအစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြား ခဲ့သော်လည်း ဆန့်ကျင်မှုများ ကြုံတွေ့ခဲ့ရသည််။ ရခိုင်အမျိုးပါတီ (ANP) က အစိုးရသည် ဘက်လိုက်ဆောင်ရွက်သည်ဟု ဆိုကာ အသုံးအနှုန်းသစ်ကို လက်မခံကြောင်း ကြေညာခဲ့သည်။
ရိုလန်ကိုဘီယာက မြန်မာ အစိုးရသစ်အနေဖြင့် ဒီမိုကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်နေရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် အဓိက အရေးကြီးသော ကိစ္စဖြစ်ပြီး မကြာမီ ကာလအတွင်း ပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လည်း ပါ၀င်ရန်လိုအပ်သည့်အပြင် အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းစဉ်တွင် ပါ၀င်သော လူအခွင့်အရေး လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ စိန်ခေါ် အကဲစမ်းမှုများ လက်ရှိအချိန်ထိ ကြုံတွေ့နေသေးပြီး ရခိုင်ပြည်နယ်တွင်လည်း လူမှုရေးခွဲခြားမှုများ ရှိနေသေးကြောင်း ပြောကြားသည်
KHTun
The Ladies News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)