ပုဏၰားကၽြန္းၿမိဳ႕ ေလွတိမ္းေမွာက္မႈအတြင္း ေက်ာင္းသူ (၆) ဦးရဲ႕ အေလာင္းေတြ ဆယ္ယူရရွိ ၊ က်န္ေက်ာင္းသားတစ္ဦးကို ဆက္လက္ရွာေဖြေန


ပိုးရႊိျပင္ေက်းရြာ ေလွနစ္ျမဳပ္မႈ မိန္းကေလး ၆ ဦး၏ အေလာင္းအား ဆယ္ယူရရွိထားသည္။ က်န္ရွိေနေသာ ေယာက္်ားေလး ၁ ဦး၏ အေလာင္းအား ဆက္လက္ရွာ ေဖြလ်က္ရွိ။ ဓာတ္ပံု - Development Media Group FB
ရခိုင္ျပည္နယ္၊ပုဏၰားကၽြန္းျမိဳ႕၊ ပိုးရႊီျပင္ေက်းရြာမွာ ဇြန္လ(၁)ရက္မွာျဖစ္ပြား ခဲ႔တဲ႔ ေလွတိမ္းေမွာက္မႈေၾကာင့္ ေပ်ာက္ဆံုးေနတဲ႔ ေက်ာင္းသား၊ေက်ာင္းသူ(၇)ဦးအနက္ ေက်ာင္းသူ(၆)ဦးရဲ႕ အေလာင္းေတြကို ဆယ္ယူရရွိထားၿပီး က်န္ေက်ာင္းသားတစ္ဦးကိုေတာ့ဆက္လက္ရွာေဖြေနဆဲ ျဖစ္တယ္လို႔သိရပါတယ္။


 ေလွဟာရာသီဥတုဆိုးရြားမႈေၾကာင့္ တိမ္းေမွာက္ခဲ႔တာျဖစ္ၿပီး ပိုးရႊီျပင္အထက္ဘက္ စမ္းကားအိုင္က ဇြန္လ(၂)ရက္မြန္းလြဲပိုင္း အထိေက်ာင္းသူ (၆)ဦးရွာေဖြေတြ႔ရွိထားရာ က်န္တဲ႔ေက်ာင္းသားကိုလည္း ဆက္လက္ရွာေဖြေနဆဲျဖစ္တယ္လို႔ ပိုးရႊီျပင္ရဲစခန္းတာ၀န္က်ရဲအရာရွိ တစ္ဦးက 5Plusကိုေျပာပါတယ္။


 ဇြန္လ(၁)ရက္ေန႔လည္ (၁)နာရီ ၀န္းက်င္ကပိုးရႊီျပင္ေက်းရြာရွိ အထက္တန္းေက်ာင္းက ေက်ာင္း လာတက္ ၾကတဲ႔ ေက်ာင္းသား၊ေက်ာင္းသူ (၃၅)ဦးဟာ ေက်ာင္းဆင္းခ်ိန္မွာ ပိုးရႊီျပင္ေက်းရြာကေနရခိုင္ဂန္႕ဂါေက်းရြာ ကို ကူးတို႕စက္ေလွနဲ႔ ကူးရာက ေလွတိမ္းေမွာက္မႈျဖစ္ပြားခဲ႔တာျဖစ္ပါတယ္။


 ေလွနစ္ျမဳပ္ခ်ိန္မွာ ေက်ာင္းသား၊ေက်ာင္းသူ (၂၈)ဦးဟာ နီးစပ္ရာေက်းရြာကေလွေတြရဲ႕ အကူအညီနဲ႔ လြတ္ေျမာက္လာခဲ႔ဲၿပီး က်န္(၇)ဦးအနက္ (၆)ဦးရဲ႕အေလာင္းေတြကိုဇြန္လ (၂)ရက္မွာ ရွာေဖြေတြ႕ရွိခဲ႔တာျဖစ္တယ္လို႔ သိရပါတယ္။

ဓာတ္ပံု - Development Media Group FB

5 Plus News
https://www.facebook.com/5plusnews/
.......


ပိုးရွှိပြင်ကျေးရွာ လှေနစ်မြုပ်မှု မိန်းကလေး ၆ ဦး၏ အလောင်းအား ဆယ်ယူရရှိထားသည်။ ကျန်ရှိနေသော ယောက်ျားလေး ၁ ဦး၏ အလောင်းအား ဆက်လက်ရှာ ဖွေလျက်ရှိ။ ဓာတ်ပုံ - Development Media Group FB
ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့၊ ပိုးရွှီပြင်ကျေးရွာမှာ ဇွန်လ(၁)ရက်မှာဖြစ်ပွား ခဲ့တဲ့ လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေတဲ့ ကျောင်းသား၊ကျောင်းသူ(၇)ဦးအနက် ကျောင်းသူ(၆)ဦးရဲ့ အလောင်းတွေကို ဆယ်ယူရရှိထားပြီး ကျန်ကျောင်းသားတစ်ဦးကိုတော့ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့သိရပါတယ်။



 လှေဟာရာသီဥတုဆိုးရွားမှုကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ပိုးရွှီပြင်အထက်ဘက် စမ်းကားအိုင်က ဇွန်လ(၂)ရက်မွန်းလွဲပိုင်း အထိကျောင်းသူ (၆)ဦးရှာဖွေတွေ့ရှိထားရာ ကျန်တဲ့ကျောင်းသားကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ပိုးရွှီပြင်ရဲစခန်းတာဝန်ကျရဲအရာရှိ တစ်ဦးက 5Plusကိုပြောပါတယ်။



 ဇွန်လ(၁)ရက်နေ့လည် (၁)နာရီ ၀န်းကျင်ကပိုးရွှီပြင်ကျေးရွာရှိ အထက်တန်းကျောင်းက ကျောင်း လာတက် ကြတဲ့ ကျောင်းသား၊ကျောင်းသူ (၃၅)ဦးဟာ ကျောင်းဆင်းချိန်မှာ ပိုးရွှီပြင်ကျေးရွာကနေရခိုင်ဂန့်ဂါကျေးရွာ ကို ကူးတို့စက်လှေနဲ့ ကူးရာက လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။



 လှေနစ်မြုပ်ချိန်မှာ ကျောင်းသား၊ကျောင်းသူ (၂၈)ဦးဟာ နီးစပ်ရာကျေးရွာကလှေတွေရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲဲ့ပြီး ကျန်(၇)ဦးအနက် (၆)ဦးရဲ့အလောင်းတွေကိုဇွန်လ (၂)ရက်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Development Media Group FB

5 Plus News
https://www.facebook.com/5plusnews/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)