တနသၤာရီတုိင္း ေဒသႀကီး အတြင္းရွိ သတၱဳတူးေဖာ္ေရး ကုမၸဏီမ်ား စည္းကမ္းမလုိက္နာမႈသည္ ဖားကန္႔ ေဒသထက္ ပုိမုိဆုိးရြားေၾကာင္း တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္က ေျပာသည္။
ယင္းေဒသရွိ သတၱဳတူးေဖာ္ေရး ကုမၸဏီမ်ား အေနျဖင့္ စြန္႔ပစ္ေျမစာမ်ား စနစ္တက် မပုံျခင္းႏွင့္ စြန္႔ပစ္ေရမ်ားကုိ အမ်ားျပည္သူ အသုံးျပဳေနသည့္ ေခ်ာင္းမ်ားထဲသုိ႔ စြန္႔ထုတ္ေနျခင္းအေပၚ ၀န္ႀကီးခ်ဳပ္က အထက္ပါအတုိင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
''သတၱဳတူးေဖာ္ေရး လုပ္ကိုင္ဖို႔အတြက္ လာေလွ်ာက္တဲ့ ကုမၸဏီ အသစ္ေတြက စိုက္ပ်ိဳးဧရိယာန႔ဲ မလြတ္ဘူး၊ ၿပီးေတာ့ သူတို႔က ေတာင္သူေတြကိုလည္းေကာင္း ေကာင္းမြန္မြန္ မေလ်ာ္ေပးခ်င္ဘူး ျပႆနာျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ ကုမၸဏီအသစ္ေတြကို မခ်ေပးေတာ့ဘူး။ လက္ရွိတူးေဖာ္ေနတဲ့ ကုမၸဏီေတြ အေနနဲ႔လည္း ေျမစာေတြကို စနစ္တက်မပံုပဲ ထင္သလို ပံုေနၾကတယ္။ ကုမၸဏီကထြက္တဲ့ စြန္႔ပစ္ေရေတြကိုလည္း ျပည္သူေတြသံုးတဲ့ ေခ်ာင္းေတြထဲ မိုးရြာတဲ့အခါ စြန္႔ထုတ္ေနၾကတဲ့တာကို ေတြ႕ရွိေနရတယ္။ ဒါေတြကို စံုစမ္းစစ္ေဆးဖို႔ အတြက္ သယံဇာတနဲ႔ သတၱဳတြင္း ၀န္ႀကီးဌာနက ၀န္ႀကီး ကိုယ္တုိင္ ဥကၠ႒ တာ၀န္ယူၿပီး စံုစမ္းစစ္ေဆးေရး အဖြဲ႔ေတြ ဖြဲ႔ၿပီး စတင္စစ္ေဆးမႈေတြ ျပဳလုပ္ေနပါ တယ္''ဟု ေဒါက္တာေဒၚလဲ့လဲ့ေမာ္က ေျပာသည္။
လက္ရွိ တနသၤာရီတိုင္း ေဒသႀကီးအတြင္း အစိုးရသစ္ လက္ထက္၌ သတၱဳတူးေဖာ္ေရး အတြက္ စီမံကိန္း အသစ္မ်ား ေတာင္းဆိုထားၿပီး ေတာင္းဆိုသည့္ ေနရာမ်ားမွာလည္း ေဒသခံမ်ား စိုက္ပိ်ဳးဧရိယာမ်ားႏွင့္ မလြတ္ကင္းသည့္အတြက္ ခ်ေပးျခင္း မရွိေၾကာင္း ၄င္းက ေျပာသည္။
ယင္းကုမၸဏီမ်ား စည္းကမ္းမလုိက္နာမႈအေပၚ စံုစမ္းစစ္ေဆးေရး ေကာ္မရွင္မ်ား ဖြဲ႔စည္းကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး စည္းကမ္းမဲ့ ကုမၸဏီမ်ားကို သတိေပးမႈမ်ား ျပဳလုပ္ေနကာ ထပ္မံက်ဴးလြန္သည့္ ကုမၸဏီကုိ ထိေရာက္စြာ အေရးယူသြားမည္ဟု ဆုိသည္။
ပိုင္ေလး
...........
တနင်္သာရီတိုင်း ဒေသကြီးတွင် သတ္တုတူးဖော်ရေး ကုမ္ပဏီများ စည်းကမ်းမလိုက်နာမှု ဖားကန့်ဒေသထက် အခြေအနေဆိုးဟု ၀န်ကြီးချုပ်ပြောကြား
Submitted by Zay Thu on Tue, 06/21/2016 - 17:02
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီများ စည်းကမ်းမလိုက်နာမှုသည် ဖားကန့် ဒေသထက် ပိုမိုဆိုးရွားကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်က ပြောသည်။
ယင်းဒေသရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီများ အနေဖြင့် စွန့်ပစ်မြေစာများ စနစ်တကျ မပုံခြင်းနှင့် စွန့်ပစ်ရေများကို အများပြည်သူ အသုံးပြုနေသည့် ချောင်းများထဲသို့ စွန့်ထုတ်နေခြင်းအပေါ် ၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''သတ္တုတူးဖော်ရေး လုပ်ကိုင်ဖို့အတွက် လာလျှောက်တဲ့ ကုမ္ပဏီ အသစ်တွေက စိုက်ပျိုးဧရိယာနဲ့ မလွတ်ဘူး၊ ပြီးတော့ သူတို့က တောင်သူတွေကိုလည်းကောင်း ကောင်းမွန်မွန် မလျော်ပေးချင်ဘူး ပြဿနာဖြစ်နိုင်တယ်။ ဒါကြောင့် ကုမ္ပဏီအသစ်တွေကို မချပေးတော့ဘူး။ လက်ရှိတူးဖော်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း မြေစာတွေကို စနစ်တကျမပုံပဲ ထင်သလို ပုံနေကြတယ်။ ကုမ္ပဏီကထွက်တဲ့ စွန့်ပစ်ရေတွေကိုလည်း ပြည်သူတွေသုံးတဲ့ ချောင်းတွေထဲ မိုးရွာတဲ့အခါ စွန့်ထုတ်နေကြတဲ့တာကို တွေ့ရှိနေရတယ်။ ဒါတွေကို စုံစမ်းစစ်ဆေးဖို့ အတွက် သယံဇာတနဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ၀န်ကြီး ကိုယ်တိုင် ဥက္ကဋ္ဌ တာဝန်ယူပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ဖွဲ့ပြီး စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပါ တယ်''ဟု ဒေါက်တာဒေါ်လဲ့လဲ့မော်က ပြောသည်။
လက်ရှိ တနင်္သာရီတိုင်း ဒေသကြီးအတွင်း အစိုးရသစ် လက်ထက်၌ သတ္တုတူးဖော်ရေး အတွက် စီမံကိန်း အသစ်များ တောင်းဆိုထားပြီး တောင်းဆိုသည့် နေရာများမှာလည်း ဒေသခံများ စိုက်ပျိုးဧရိယာများနှင့် မလွတ်ကင်းသည့်အတွက် ချပေးခြင်း မရှိကြောင်း ၄င်းက ပြောသည်။
ယင်းကုမ္ပဏီများ စည်းကမ်းမလိုက်နာမှုအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး စည်းကမ်းမဲ့ ကုမ္ပဏီများကို သတိပေးမှုများ ပြုလုပ်နေကာ ထပ်မံကျူးလွန်သည့် ကုမ္ပဏီကို ထိရောက်စွာ အရေးယူသွားမည်ဟု ဆိုသည်။
ပိုင်လေး
Tomorrow