ေခတ္အဆက္ဆက္မွ သိမ္းဆည္းခံ ေျမယာကိစၥ ခ်က္ခ်င္းေျဖရွင္း ေပးႏုိင္ရန္ မျဖစ္ႏုိင္ေၾကာင္းႏွင့္ ခ်က္ခ်င္းေျဖရွင္းႏုိင္သူ ရွိပါက မိမိရာထူးမွ ဖယ္ေပးမည္ျဖစ္ေၾကာင္း ဧရာ၀တီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ေျပာၾကား


မ.ဆ.လ ေခတ္တြင္ မိမိပိုင္ဆိုင္သည့္ လယ္ေျမမ်ားအားလံုး သိမ္းဆည္းခံခဲ့ရဖူးကာ မိမိကိုယ္တိုင္ပင္ သိမ္းဆည္းခံ လယ္ေျမမ်ားကို ျပန္လည္ရယူလိုၿပီး လယ္သမားမ်ားကိုလည္း ကိုယ္ခ်င္းစာေၾကာင္း၊ သို႔ေသာ္ ေခတ္အဆက္ဆက္မွ လယ္ယာေျမျပႆနာကို ခ်က္ခ်င္းေဆာင္ရြက္ ေပးႏုိင္ရန္မွာမူ မျဖစ္ႏုိင္ေၾကာင္း ၀န္ႀကီးခ်ဳပ္က ေျပာၾကားသည္။
"ကိစၥေတြအားလံုးကို ကြၽန္ေတာ္တို႔ အစိုးရျဖစ္လာတဲ့ အတြက္ေၾကာင့္ ေဆာင္ရြက္ေပးဖုိ႔ဆိုတာ ခ်က္ခ်င္းခ်က္ခ်င္းေတာ့ မျဖစ္ႏုိင္ပါဘူးဗ်ာ။ ခ်က္ခ်င္းအခု လုပ္ႏုိင္တယ္ ဆိုတဲ့သူလာ။ ကြၽန္ေတာ္ေနရာ ဖယ္ေပးသြားမယ္။ ေခတ္အဆက္ဆက္က သိမ္းထားတဲ့ေျမႀကီးေတြ အခုခ်က္ခ်င္း တစ္မုဟုတ္ခ်င္း ၿပီးေအာင္ လုပ္ရမယ္ဆိုတဲ့သူ ခ်က္ခ်င္းလာ။ ကြၽန္ေတာ္ေနရာ ဖယ္ေပးလိုက္မယ္" ဟု ဧရာ၀တီတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီက ေျပာၾကားသည္။
"ကြၽန္ေတာ္ကိုယ္တိုင္ ကြၽဲေက်ာင္းသား ျဖစ္ခဲ့ဖူးတာေၾကာင့္ ကိုယ္ခ်င္းစာပါတယ္။ လယ္သမားေတြကို ခ်စ္လည္း ခ်စ္ပါတယ္။ ဒီလယ္သမားေတြအတြက္ လုပ္ခဲ့လုိ႔ အနစ္နာခံခဲ့လို႔ ကြၽန္ေတာ့္ကို ၀န္ႀကီးခ်ဳပ္အျဖစ္ ျပည္သူေတြက ေရြးေကာက္လိုက္တဲ့သူ ျဖစ္ပါတယ္။ ျပည္သူေတြကို ဘယ္ေတာ့မွ ပစ္မထားပါဘူး" ဟု ၀န္ႀကီးခ်ဳပ္က ဆုိသည္။
"မန္းေဂ်ာ္နီ ပါးစပ္ရွိတယ္။ သူလည္း မစားဘဲ ေနပါ့မလား။ လာစမ္းၾကည့္လိုက္ေပါ့။ လာစမ္းၾကည့္လိုက္ပါ။ ကြၽန္ေတာ္ ေကာင္းေကာင္းႀကီး အာမခံပါတယ္။ ကြၽန္ေတာ့္ အသက္ ၇၅ ႏွစ္ ရွိေနပါၿပီ။ ကြၽန္ေတာ္ ဘာလိုခ်င္သလဲ။ တိုက္လိုခ်င္သလား။ ကြၽန္ေတာ္ ပိုက္ဆံလိုခ်င္သလား။ ကြၽန္ေတာ္ဆြဲႀကိဳးႀကီး လိုခ်င္သလား ေမးလိုက္ပါ။ ကြၽန္ေတာ္လိုခ်င္တာ သိကၡာပဲ လိုခ်င္ပါတယ္ဗ်ာ"
ဟု ဧရာ၀တီတုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္က
ပုသိမ္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ဇြန္၁၀ ရက္က ျပဳလုပ္ခဲ့သည့္ ဧရာ၀တီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ ျပည္သူလူထု ေတြ႕ဆံုပြဲ၌ ေျမယာျပႆနာမ်ားကို ေျဖရွင္းေပးရန္ ျပည္သူအခ်ိဳ႕ႏွင့္ တက္ၾကြလႈပ္ရွားသူ အခ်ိဳ႕က ေမးျမန္းမႈ ရွိခဲ့ၿပီးေနာက္ ၀န္ႀကီးခ်ဳပ္က ထိုသုိ႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
Source: EMG
........
ခေတ်အဆက်ဆက်မှ သိမ်းဆည်းခံ မြေယာကိစ္စ ချက်ချင်းဖြေရှင်း ပေးနိုင်ရန် မဖြစ်နိုင်ကြောင်းနှင့် ချက်ချင်းဖြေရှင်းနိုင်သူ ရှိပါက မိမိရာထူးမှ ဖယ်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား
မ.ဆ.လ ခေတ်တွင် မိမိပိုင်ဆိုင်သည့် လယ်မြေများအားလုံး သိမ်းဆည်းခံခဲ့ရဖူးကာ မိမိကိုယ်တိုင်ပင် သိမ်းဆည်းခံ လယ်မြေများကို ပြန်လည်ရယူလိုပြီး လယ်သမားများကိုလည်း ကိုယ်ချင်းစာကြောင်း၊ သို့သော် ခေတ်အဆက်ဆက်မှ လယ်ယာမြေပြဿနာကို ချက်ချင်းဆောင်ရွက် ပေးနိုင်ရန်မှာမူ မဖြစ်နိုင်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။
"ကိစ္စတွေအားလုံးကို ကျွန်တော်တို့ အစိုးရဖြစ်လာတဲ့ အတွက်ကြောင့် ဆောင်ရွက်ပေးဖို့ဆိုတာ ချက်ချင်းချက်ချင်းတော့ မဖြစ်နိုင်ပါဘူးဗျာ။ ချက်ချင်းအခု လုပ်နိုင်တယ် ဆိုတဲ့သူလာ။ ကျွန်တော်နေရာ ဖယ်ပေးသွားမယ်။ ခေတ်အဆက်ဆက်က သိမ်းထားတဲ့မြေကြီးတွေ အခုချက်ချင်း တစ်မုဟုတ်ချင်း ပြီးအောင် လုပ်ရမယ်ဆိုတဲ့သူ ချက်ချင်းလာ။ ကျွန်တော်နေရာ ဖယ်ပေးလိုက်မယ်" ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။
"ကျွန်တော်ကိုယ်တိုင် ကျွဲကျောင်းသား ဖြစ်ခဲ့ဖူးတာကြောင့် ကိုယ်ချင်းစာပါတယ်။ လယ်သမားတွေကို ချစ်လည်း ချစ်ပါတယ်။ ဒီလယ်သမားတွေအတွက် လုပ်ခဲ့လို့ အနစ်နာခံခဲ့လို့ ကျွန်တော့်ကို ၀န်ကြီးချုပ်အဖြစ် ပြည်သူတွေက ရွေးကောက်လိုက်တဲ့သူ ဖြစ်ပါတယ်။ ပြည်သူတွေကို ဘယ်တော့မှ ပစ်မထားပါဘူး" ဟု ၀န်ကြီးချုပ်က ဆိုသည်။
"မန်းဂျော်နီ ပါးစပ်ရှိတယ်။ သူလည်း မစားဘဲ နေပါ့မလား။ လာစမ်းကြည့်လိုက်ပေါ့။ လာစမ်းကြည့်လိုက်ပါ။ ကျွန်တော် ကောင်းကောင်းကြီး အာမခံပါတယ်။ ကျွန်တော့် အသက် ရ၅ နှစ် ရှိနေပါပြီ။ ကျွန်တော် ဘာလိုချင်သလဲ။ တိုက်လိုချင်သလား။ ကျွန်တော် ပိုက်ဆံလိုချင်သလား။ ကျွန်တော်ဆွဲကြိုးကြီး လိုချင်သလား မေးလိုက်ပါ။ ကျွန်တော်လိုချင်တာ သိက္ခာပဲ လိုချင်ပါတယ်ဗျာ"
ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်က
ပုသိမ်မြို့ မြို့တော်ခန်းမတွင် ဇွန်၁၀ ရက်က ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲ၌ မြေယာပြဿနာများကို ဖြေရှင်းပေးရန် ပြည်သူအချို့နှင့် တက်ကြွလှုပ်ရှားသူ အချို့က မေးမြန်းမှု ရှိခဲ့ပြီးနောက် ၀န်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Source: EMG
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)