ေယာက္မအပါအ၀င္ အမ်ိဳးသမီး ခုနစ္ဦးကို လူကုန္ကူးေသာ အမ်ိဳးသမီးအား ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္

ခင္ပြန္း၏ ညီမအရင္း (ေယာက္မ) အပါအ၀င္ အမ်ိဳး သမီးခုနစ္ဦးကို တ႐ုတ္မယား အျဖစ္ လူကုန္ကူးေရာင္းစားသူ လင္မယားႏွစ္ဦးအနက္ ဇနီးျဖစ္ သူ ေဒၚလွလွေဌးအား ဇြန္လ ၁၅ ရက္တြင္ ပုသိမ္ခ႐ိုင္တရား႐ံုးက ေထာင္ဒဏ္ႏွစ္ ၂၀ ျပစ္ဒဏ္ခ် မွတ္ခဲ့သည္။

ေဒၚလွလွေဌး(ခ) သီတာ (ခ) စန္းစန္းသည္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄ ကို က်ဴးလြန္ေၾကာင္း ျပစ္မႈ ထင္ရွားသျဖင့္ ရာႀကီးမႈအမွတ္ (၃/၂၀၁၆)ႏွင့္ (၆/၂၀၁၆)အ တြက္ ေထာင္ဒဏ္ ၁၀ႏွစ္၊ရာႀကီး မႈအမွတ္(၄/၂၀၁၆)၊ (၅/၂၀၁၆)၊ (၇/၂၀၁၆)ႏွင့္ (၈/၂၀၁၆) တို႔အ တြက္ ေထာင္ဒဏ္ ၁၀ ႏွစ္၊ စုစု ေပါင္းေထာင္ဒဏ္ ႏွစ္ ၂၀ က် ခံေစရန္ အမိန္႔ခ်မွတ္ေၾကာင္း ခ႐ိုင္တရားသူႀကီး ေဒၚမိုးမိုးေအး က တရားခြင္တြင္ အမိန္႔ခ်မွတ္ခဲ့ သည္။

ဧရာ၀တီတိုင္း ပုသိမ္ၿမိဳ႕နယ္ ေရႊေသာင္ယံေက်းရြာအုပ္စု အုန္း ေခ်ာင္းေက်းရြာေန အမ်ိဳးသမီး ငယ္ခုနစ္ဦးကို တ႐ုတ္ႏိုင္ငံ ေရႊ လီၿမိဳ႕တြင္ အိမ္အကူလုပ္ကိုင္ရန္ စည္း႐ံုး ေခၚေဆာင္ၿပီး တ႐ုတ္ မယားအျဖစ္ ေရာင္းစားခဲ့သည္ မွာ ျပစ္မႈထင္ရွားသျဖင့္ ယင္းကဲ့သို႔ ျပစ္ဒဏ္ခ်မွတ္ျခင္းျဖစ္ ေၾကာင္း ပုသိမ္ခ႐ိုင္ တရား႐ံုးမွ တာ၀န္ရွိသူကေျပာၾကားသည္။

အဆုိပါအမႈကို က်ဴးလြန္သူ မ်ားမွာ အသက္ (၂၈) ႏွစ္အရြယ္ ေစာေဂေဆးႏွင့္ ၎၏ဇနီး အ သက္ (၄၂) ႏွစ္အရြယ္ ေဒၚလွလွ ေဌးတို႔ျဖစ္ၿပီး ခင္ပြန္း ျဖစ္သူမွာ ထြက္ေျပး တိမ္းေရွာင္ေနသျဖင့္ ပုသိမ္ခ႐ိုင္ တရား႐ံုးကဖမ္း၀ရမ္း ထုတ္ထားေၾကာင္း ခ႐ိုင္တရားသူ ႀကီး ေဒၚမိုးမိုးေအးက ေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၄ ႏွင့္ ၂၀၁၅ တြင္ အဆိုပါဇနီးေမာင္ႏွံက ေစာေဂေဆး၏ ညီမအပါအ၀င္ အမ်ိဳးသမီးငယ္ ခုနစ္ဦးကို ႏွစ္သုတ္ခြဲၿပီး အိမ္အကူ အလုပ္လုပ္ရန္ဟုဆိုကာ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ခဲ့သည္။

ယင္းအမ်ိဳးသမီးငယ္မ်ားက မိဘမ်ားႏွင့္ အဆက္အသြယ္ျပန္ရခ်ိန္တြင္ အိမ္အကူလုပ္ရျခင္း မဟုတ္ဘဲ တ႐ုတ္လူမ်ိဳးမ်ား၏ ဇနီးမယားမ်ားအျဖစ္ ေရာင္းစားခံရေၾကာင္း သိရသျဖင့္ မိဘမ်ားက ပုသိမ္လူကုန္ကူးမႈတားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕ထံတိုင္ၾကားခဲ့ရာမွ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ပုသိမ္လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးသက္ဦးက ေျပာၾကားသည္။

‘‘ေဒၚလွလွေဌးကို တ႐ုတ္ ႏိုင္ငံ ယူနန္ျပည္နယ္ ေရႊလီၿမိဳ႕မွာ မူဆယ္လူကုန္ကူးတားရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းၿပီး ဖမ္းတာပါ။ ေရာင္းစားခံရတဲ့ ကေလးေတြကိုေတာ့ အခုထိ ကယ္မထုတ္ႏိုင္ေသးဘူး။ ေစာေဂေဆးရဲ႕ ညီမဆိုလူကုန္ကူးခံရတုန္းက အသက္(၁၇) ႏွစ္ပဲရွိေသးတယ္’’ဟု ဒုရဲမွဴးသက္ဦးကေျပာသည္။

မိန္းကေလးတစ္ဦးလွ်င္ ျမန္ မာ ေငြက်ပ္သိန္းေျခာက္ဆယ္မွ သိန္းတစ္ရာအတြင္းျဖင့္ ေရာင္းခ်ခဲ့ၿပီး ရဲတပ္ဖြဲ႕က လူကုန္ကူးခံရသူမ်ားကို ကယ္ဆယ္ႏိုင္ရန္ေစာင့္ၾကည့္ႀကိဳးစားေၾကာင္း ဒုရဲမွဴးသက္ဦးက ဆိုသည္။

အဆုိပါလူကုန္ကူးခံရသည့္ အမ်ိဳးသမီး ခုနစ္ဦးတြင္ အမ်ိိဳးသမီးငယ္ အပ်ဳိေလးဦး ပါ၀င္ၿပီး က်န္သံုးဦးတြင္ အိမ္ေထာင္ရွိသူ တစ္ဦးႏွင့္ အိမ္ေထာင္ကြဲႏွစ္ဦး ပါ၀င္သည္။

7day daily
....................
ခင်ပွန်း၏ ညီမအရင်း (ယောက်မ) အပါအဝင် အမျိုး သမီးခုနစ်ဦးကို တရုတ်မယား အဖြစ် လူကုန်ကူးရောင်းစားသူ လင်မယားနှစ်ဦးအနက် ဇနီးဖြစ် သူ ဒေါ်လှလှဌေးအား ဇွန်လ ၁၅ ရက်တွင် ပုသိမ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ်ချ မှတ်ခဲ့သည်။

ဒေါ်လှလှဌေး(ခ) သီတာ (ခ) စန်းစန်းသည် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားသဖြင့် ရာကြီးမှုအမှတ် (၃/၂၀၁၆)နှင့် (၆/၂၀၁၆)အ တွက် ထောင်ဒဏ် ၁၀နှစ်၊ရာကြီး မှုအမှတ်(၄/၂၀၁၆)၊ (၅/၂၀၁၆)၊ (၇/၂၀၁၆)နှင့် (၈/၂၀၁၆) တို့အ တွက် ထောင်ဒဏ် ၁၀ နှစ်၊ စုစု ပေါင်းထောင်ဒဏ် နှစ် ၂၀ ကျ ခံစေရန် အမိန့်ချမှတ်ကြောင်း ခရိုင်တရားသူကြီး ဒေါ်မိုးမိုးအေး က တရားခွင်တွင် အမိန့်ချမှတ်ခဲ့ သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကျေးရွာအုပ်စု အုန်း ချောင်းကျေးရွာနေ အမျိုးသမီး ငယ်ခုနစ်ဦးကို တရုတ်နိုင်ငံ ရွှေ လီမြို့တွင် အိမ်အကူလုပ်ကိုင်ရန် စည်းရုံး ခေါ်ဆောင်ပြီး တရုတ် မယားအဖြစ် ရောင်းစားခဲ့သည် မှာ ပြစ်မှုထင်ရှားသဖြင့် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ပုသိမ်ခရိုင် တရားရုံးမှ တာဝန်ရှိသူကပြောကြားသည်။

အဆိုပါအမှုကို ကျူးလွန်သူ များမှာ အသက် (၂၈) နှစ်အရွယ် စောဂေဆေးနှင့် ၎င်း၏ဇနီး အ သက် (၄၂) နှစ်အရွယ် ဒေါ်လှလှ ဌေးတို့ဖြစ်ပြီး ခင်ပွန်း ဖြစ်သူမှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ပုသိမ်ခရိုင် တရားရုံးကဖမ်းဝရမ်း ထုတ်ထားကြောင်း ခရိုင်တရားသူ ကြီး ဒေါ်မိုးမိုးအေးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၅ တွင် အဆိုပါဇနီးမောင်နှံက စောဂေဆေး၏ ညီမအပါအဝင် အမျိုးသမီးငယ် ခုနစ်ဦးကို နှစ်သုတ်ခွဲပြီး အိမ်အကူ အလုပ်လုပ်ရန်ဟုဆိုကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။

ယင်းအမျိုးသမီးငယ်များက မိဘများနှင့် အဆက်အသွယ်ပြန်ရချိန်တွင် အိမ်အကူလုပ်ရခြင်း မဟုတ်ဘဲ တရုတ်လူမျိုးများ၏ ဇနီးမယားများအဖြစ် ရောင်းစားခံရကြောင်း သိရသဖြင့် မိဘများက ပုသိမ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ရာမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးသက်ဦးက ပြောကြားသည်။

‘‘ဒေါ်လှလှဌေးကို တရုတ် နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ မူဆယ်လူကုန်ကူးတားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းတာပါ။ ရောင်းစားခံရတဲ့ ကလေးတွေကိုတော့ အခုထိ ကယ်မထုတ်နိုင်သေးဘူး။ စောဂေဆေးရဲ့ ညီမဆိုလူကုန်ကူးခံရတုန်းက အသက်(၁၇) နှစ်ပဲရှိသေးတယ်’’ဟု ဒုရဲမှူးသက်ဦးကပြောသည်။

မိန်းကလေးတစ်ဦးလျှင် မြန် မာ ငွေကျပ်သိန်းခြောက်ဆယ်မှ သိန်းတစ်ရာအတွင်းဖြင့် ရောင်းချခဲ့ပြီး ရဲတပ်ဖွဲ့က လူကုန်ကူးခံရသူများကို ကယ်ဆယ်နိုင်ရန်စောင့်ကြည့်ကြိုးစားကြောင်း ဒုရဲမှူးသက်ဦးက ဆိုသည်။

အဆိုပါလူကုန်ကူးခံရသည့် အမျိုးသမီး ခုနစ်ဦးတွင် အမျိိုးသမီးငယ် အပျိုလေးဦး ပါ၀င်ပြီး ကျန်သုံးဦးတွင် အိမ်ထောင်ရှိသူ တစ်ဦးနှင့် အိမ်ထောင်ကွဲနှစ်ဦး ပါ၀င်သည်။

7day daily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)