ေက်ာက္မ်က္လုပ္ငန္း အလဲြသုံးစားမႈစြပ္စဲြခ်က္ ခုိင္လုံမႈမရွိေၾကာင္း စစ္ေဆးေတြ႔ရွိ


ေက်ာက္မ်က္ရတနာ အေရာင္းျပပြဲ။ (ဇူလိုင္ ၃၊ ၂၀၀၆)
ေက်ာက္မ်က္ရတနာ ေရာင္းခ်တဲ့ အခြန္ေငြထဲကေန သမၼတေဟာင္းဦးသိန္းစိန္နဲ႔ ၀န္ႀကီးေဟာင္း ဦးစိုးသိန္းတို႔က ေငြအလဲြသံုးစားမႈရိွခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္အေပၚ အေထာက္အထားခိုင္ခိုင္မာမာ မေတြ႔ရဘူးလို႔ အစိုးရစစ္ေဆးေရးအဖဲြ႔က တုန္႔ျပန္ထားပါတယ္။ ဌာနဆိုင္ရာအရာထမ္း ၅ဦးနဲ႔ ေက်ာက္မ်က္လုပ္ငန္းရွင္ေတြ အပါအ၀င္ စုစုေပါင္း ၁၃ ဦးကို စစ္ေဆးခဲ့ၿပီးၿပီလို႔ စစ္ေဆးေရးအဖဲြ႔က ဗီြအိုေအကို ေျပာပါတယ္။ ဗီြအိုေအ သတင္းေထာက္ မေမခ စံုစမ္းေမးျမန္း ထားတာပါ။

သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ျမန္မာနိုင္ငံေက်ာက္မ်က္ လုပ္ငန္းရွင္မ်ား အသင္းရံပံုေငြထဲက စာရင္းေပ်ာက္ေနတဲ အေမရိကန္ေဒၚလာ ၈၆ သန္း ကိစၥအတြက္ အသင္းအမႈေဆာင္ေတြရဲ့တိုင္ၾကားခ်က္ကို ဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ အပါအဝင္ လူ ပုဂၢိဳလ္ ၃ ဦးနဲ႔ ခံုရံုးဖြဲ႔ၿပီး စစ္ေဆးခဲ့ပါ တယ္။

စစ္ေဆးခ်က္ေတြအရ သမၼတေဟာင္းဦးသိန္းစိန္ကို ေငြေပးထားတယ္ဆိုတဲ့ စြပ္စဲြခ်က္ အေထာက္အထားအခိုင္အမာ မေတြ႔ရဘူးလို႔ စစ္ေဆးေရး အဖဲြ႔ေခါင္းေဆာင္ သတၳဳတြင္းဝန္ႀကီးဌာန ညြန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းထိန္က ဗီြအိုေအကို ေျပာပါတယ္။

" က်ေနာ္ကေတာ့ ေျပာရရင္ေတာ့ ပထမ သမၼတေဟာင္းဦးသိန္းစိန္လက္ကို ေဒၚလာ ၇ သန္းေပးရပါတယ္ဆိုတဲ့ သူတို႔ရဲ႕တိုင္စာထဲမွာ ပါတာေပါ့။ တကယ္ စစ္ေဆးတဲ့ အခါမွာေတာ့ ဦးသိန္းစိန္ကို ဘာမွ မေပးလိုက္ရဘူး။ Myanmar Art Center ကိုပဲ ဗဟိုေကာ္မတီ ရံပံုေငြအတြက္ကို ေဒၚလာတစ္သန္းကို အေကာင့္ထဲကေန လႊဲေပးလုိက္တာ ရွိပါတယ္။ ေနာက္တခါ ဦးစိုးသိန္းကိုလည္း ဗဟိုေကာ္မတီ ရံပံုေငြထဲက ထုတ္ေပးတာ တစ္ျပားတစ္ခ်ပ္မွ မရွိပါဘူး။ အေကာင့္ေတြထဲကေန လႊဲေပးခဲ့ရတာ မရွိပါဘူး။ "

စြပ္စြဲခ်က္မ်ားအေပၚ တိုင္ခံရသူေတြဘက္ကေတာ့ ျငင္းဆန္မႈေတြ ရွိပါတယ္။ သမၼတရံုးဝန္ႀကီးေဟာင္း ဦးစိုးသိန္းကိုယ္တိုင္ကလည္း စြပ္စြဲမႈ အေပၚ ျငင္းဆို ထားသလို သတၳဳတြင္း ဝန္ႀကီးေဟာင္းကလည္း ျငင္းဆိုထားပါတယ္။ ဒီခံုရံုးဖြဲ႔ စစ္ေဆးတဲ့ ရလာတဲ့အေျဖ၊ စစ္ေဆးမႈ ဒီေငြေၾကးနဲ႔ပတ္သတ္ၿပီး စစ္ေဆးေရးမွဴး ဦးဝင္းထိန္ က အခုလိုေျပာပါတယ္။

" အဲ့တာ ေက်ာက္မ်က္အသင္းပိုင္ေငြ မဟုတ္ဘူးေနာ္။ ဗဟိုေကာ္မတီပိုင္ျဖစ္တယ္။ အသင္းဆိုတာ က်ေနာ္ထင္တယ္။ ၂၀၁၁ ခုႏွစ္ ေနာက္ပိုင္းမွာ အသင္းက ေနာက္မွ ေပၚတာေပါ့ေနာ္။ ဗဟိုေကာ္မတီဆိုတာ အရင္ေပၚၿပီး အသင္းအတြက္ သံုးလာခဲ့တာေပါ့ေနာ္။ ျပပြဲအတြက္ သံုးခဲ့တာေပါ့ေနာ္။ အဲ့ေတာ့ အသင္းပိုင္ေငြေတာ့ မဟုတ္ဘူးေနာ္။ အသင္းပိုင္ေငြမဟုတ္ဘူး ဒါ။ ျပပြဲဗဟိုေကာ္မတီ ပိုင္တဲ့ေငြျဖစ္တယ္။ ၉၃ သန္းတို႔ ဘာတို႔ ေျပာတာ ျပပြဲ ဗဟိုေကာ္မတီ ပုိင္တဲ့ေငြျဖစ္တယ္။ အဲ့ေတာ့ ျပပြဲ ဗဟိုေကာ္မတီမွာ ပါတဲ့ နာယကေတြ၊ ဥကၠ႒ေတြ အပါအဝင္ တက္တဲ့အဖြဲ႔ေတြေပါ့ေနာ္။ အရင္တုန္းကေတာ့ ၄၀ ေက်ာ္ရွိတာေပါ့ ဗဟိုေကာ္မတီဝင္။ အဲ့ဒီ့အဖြဲ႔ေတြရဲ႕ဆံုးျဖတ္ခ်က္နဲ႔ ဒါေတာ့ ဘယ္လိုသံုးမယ္ ဘယ္လိုလုပ္မယ္ဆိုတာ။ ၂၀၀၆ ကတည္းက သံုးလာတာ ၂၀၁၆ ခုႏွစ္ အခုက်မွ ဟိုလူက သူပိုင္တယ္ ဒီလူက သူပိုင္တယ္နဲ႔ ဟိုတုန္းက သူတို႔ တစ္ခြန္းမွ ေျပာခဲ့ၾကတာမဟုတ္ဘူးေနာ္။"

ျမန္မာႏုိင္ငံ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ရဲ႕ တိုင္ၾကားစာမွာ အသင္း စတင္ တည္ေထာင္ သည့္ ၂၀၀၉ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ ေက်ာက္မ်က္လုပ္ငန္း ရွင္မ်ားထံမွ ၁ ရာခိုင္ႏႈန္း ေကာက္ခံထားေသာ ရန္ပုံေငြေတြကုုိ အမ်ားသေဘာဆႏၵ မပါဘဲ သုုံးစြဲမႈနဲ႔ပတ္သက္တဲ့ တုိင္ၾကားခ်က္ ၁၂ ခ်က္နဲ႔ တုိင္ၾကားခဲ့တာပါ။

ဒီအထဲမွာ သမၼတေဟာင္း ဦးသိန္းစိန္ကုုိ အႏုုပညာ ဦးစီးဌာန အတြက္ဟုုဆိုုကာ အေမရိကန္ေဒၚလာ ၇ သန္းေပးအပ္ျခင္းနဲ႔ သမၼတရုုံး၀န္ႀကီးေဟာင္း ဦးစုုိးသိန္းကိုု ကန္ ေဒၚလာ ၅ သန္းေပးအပ္ျခင္း ကိစၥေတြလည္း ပါတယ္။ တုုိင္ၾကားသူေတြထဲမွာ ပါ၀င္တဲ့ ေက်ာက္မ်က္အသင္း ဗဟုုိအလုုပ္အမႈေဆာင္ ဦးေက်ာ္ေက်ာ္ဦး ကေတာ့ ေက်ာက္မ်က္ ရန္ပုုံေငြ အေမရိကန္ေဒၚလာ ၈၆ သန္းရွိခဲ့တယ္လိုု႔ ဆုုိပါတယ္။ ဒါေပမယ့္ ဒါနဲ႔ပတ္သက္လိုု႔ စာရင္းအတိအက် ဘယ္လိုု ရထားသလဲ ဆုုိတာလည္း ထုုတ္ျပန္ျခင္းမရွိပါဘူး။

ဒီသံုးစြဲေငြ ကန္ေဒၚလာ ၈၆သန္းကို စိစစ္တာမွာ အ့ဲဒီအထဲမွာ သမၼတေဟာင္း ဦးသိန္းစိန္ ကို အႏုပညာဦးစီးဌာန ေဆာက္လုပ္ရန္ ေပးအပ္ခဲ့တဲ့ ေငြေၾကးနဲ႔ ပတ္သတ္ၿပီး စြပ္စြဲ သေလာက္ ေပးခဲ့ျခင္း မရွိေၾကာင္း ဒီေငြေၾကးကို အႏုပညာစင္တာ လုပ္ရတဲ့အေပၚ ဝန္ႀကီးေဟာင္း ေဒါက္တာျမင့္ေအာင္က ခုလို ေျပာဆိုထားပါတယ္။

" ဒီေက်ာက္မ်က္ေတြသည္ ခင္ဗ်ားတို႔ က်ေနာ္တို႔ ျပည္သူပိုင္တဲ့ဟာ။ အဲ့တာေတြကို ထုတ္ယူသံုးစြဲ၊ ထုတ္ယူၿပီးတဲ့ေနာက္ ေရာင္းရတယ္။ ေရာင္းရတဲ့ဟာက သတ္မွတ္တဲ့ အခြန္အခ ႏုိင္ငံေတာ္ကို ေပးတယ္။ က်န္တဲ့ အက်ိဳးအျမတ္ သူတို႔ယူတယ္။ အဲ့ဒီ့အက်ိဳးအျမတ္ ယူတဲ့ဟာက ဒီ ၅၂သန္းေသာ ျပည္သူေတြရဲ႕ ဖြ႔ံၿဖိဳးတုိးတက္ေရး အတြက္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး တခုတည္းတင္ မယူဆဘူး က်န္တဲ့ ဖြ႔ံၿဖိဳးတိုးတက္ေရး သံုးစြဲရမယ္လို႔ သံုးစြဲေပးမယ္လို႔ က်ေနာ္တို႔ကယူဆတယ္ေလ ဒါေၾကာင့္မို႔လို႔ ခုနက အႏုပညာစင္တာ အဲ့ဟာက က်ေနာ္တို႔ ဒီေငြေတြနဲ႔ ဘာမွ မပတ္သတ္ဘူး။ "

လက္ရွိမွာ အခ်ိဳ႕ေလ့လာသံုးသပ္သူေတြကေတာ့ ေက်ာက္မ်က္ရန္ပုုံေငြ အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာ သုုံးစြဲမႈ ကိစၥဟာ ႏုုိင္ငံေရး အရ အရင္အစုုိးရေဟာင္းကိုု တုုိက္ခိုုက္တာျဖစ္တယ္လိုု႔ သံုးသပ္မႈေတြရွိေနေပမယ့္ တိုင္တန္းသူေတြထဲက ပါဝင္တဲ့ ကိုေက်ာ္ေက်ာ္ဦးက ေတာ့ ဒါကိုျငင္းဆိုထားပါတယ္။

ဒီျပင္စစ္ေဆးမႈနဲ႔ ပတ္သတ္ၿပီး တရားနည္းလမ္းက်ဖို႔ ေက်ာက္မ်က္လုပ္ငန္းရွင္မ်ား အသင္း အမႈေဆာင္ေတြက သမာသမတ္ ရွိတဲ့ခံုရံုးအသစ္နဲ႔စစ္ေဆးေပးဖို႔ ဝန္ႀကီးဌာနကိုေတာင္းဆိုထားပါတယ္။ ဒီဝန္ႀကီးဌာန စစ္ေဆးမႈရလဒ္က မၾကာခင္ထြက္လာေတာ့မွာပါ။ ခုခ်ိန္ထိကေတာ့ ေက်ာက္မ်က္ရန္ပုုံေငြ အေမရိကန္ေဒၚလာ သန္းေပါင္းမ်ားစြာ သုုံးစြဲခဲ့တဲ့ ကိစၥဟာ အရင္သတၱဳတြင္း ၀န္ႀကီးဌာန၊ ေက်ာက္မ်က္ရတနာျပပြဲ ဗဟုိေကာ္မတီ၊ ေက်ာက္မ်က္အသင္း ဥကၠဌနဲ႔ တုိင္ၾကား ထားတဲ့ ေက်ာက္မ်က္လုပ္ငန္းရွင္ ေတြအၾကား ရႈပ္ေထြးေနဆဲျဖစ္ပါတယ္။

 ေမခ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/
.........


ကျောက်မျက်ရတနာ အရောင်းပြပွဲ။ (ဇူလိုင် ၃၊ ၂၀၀၆)
ကျောက်မျက်ရတနာ ရောင်းချတဲ့ အခွန်ငွေထဲကနေ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ၀န်ကြီးဟောင်း ဦးစိုးသိန်းတို့က ငွေအလွဲသုံးစားမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အထောက်အထားခိုင်ခိုင်မာမာ မတွေ့ရဘူးလို့ အစိုးရစစ်ဆေးရေးအဖွဲ့က တုန့်ပြန်ထားပါတယ်။ ဌာနဆိုင်ရာအရာထမ်း ၅ဦးနဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေ အပါအဝင် စုစုပေါင်း ၁၃ ဦးကို စစ်ဆေးခဲ့ပြီးပြီလို့ စစ်ဆေးရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်းမေးမြန်း ထားတာပါ။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များ အသင်းရံပုံငွေထဲက စာရင်းပျောက်နေတဲ အမေရိကန်ဒေါ်လာ ၈၆ သန်း ကိစ္စအတွက် အသင်းအမှုဆောင်တွေရဲ့တိုင်ကြားချက်ကို ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် အပါအဝင် လူ ပုဂ္ဂိုလ် ၃ ဦးနဲ့ ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပါ တယ်။

စစ်ဆေးချက်တွေအရ သမ္မတဟောင်းဦးသိန်းစိန်ကို ငွေပေးထားတယ်ဆိုတဲ့ စွပ်စွဲချက် အထောက်အထားအခိုင်အမာ မတွေ့ရဘူးလို့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် သတ္ထုတွင်းဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

" ကျနော်ကတော့ ပြောရရင်တော့ ပထမ သမ္မတဟောင်းဦးသိန်းစိန်လက်ကို ဒေါ်လာ ရ သန်းပေးရပါတယ်ဆိုတဲ့ သူတို့ရဲ့တိုင်စာထဲမှာ ပါတာပေါ့။ တကယ် စစ်ဆေးတဲ့ အခါမှာတော့ ဦးသိန်းစိန်ကို ဘာမှ မပေးလိုက်ရဘူး။ Myanmar Art Center ကိုပဲ ဗဟိုကော်မတီ ရံပုံငွေအတွက်ကို ဒေါ်လာတစ်သန်းကို အကောင့်ထဲကနေ လွှဲပေးလိုက်တာ ရှိပါတယ်။ နောက်တခါ ဦးစိုးသိန်းကိုလည်း ဗဟိုကော်မတီ ရံပုံငွေထဲက ထုတ်ပေးတာ တစ်ပြားတစ်ချပ်မှ မရှိပါဘူး။ အကောင့်တွေထဲကနေ လွှဲပေးခဲ့ရတာ မရှိပါဘူး။ "

စွပ်စွဲချက်များအပေါ် တိုင်ခံရသူတွေဘက်ကတော့ ငြင်းဆန်မှုတွေ ရှိပါတယ်။ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကိုယ်တိုင်ကလည်း စွပ်စွဲမှု အပေါ် ငြင်းဆို ထားသလို သတ္ထုတွင်း ဝန်ကြီးဟောင်းကလည်း ငြင်းဆိုထားပါတယ်။ ဒီခုံရုံးဖွဲ့ စစ်ဆေးတဲ့ ရလာတဲ့အဖြေ၊ စစ်ဆေးမှု ဒီငွေကြေးနဲ့ပတ်သတ်ပြီး စစ်ဆေးရေးမှူး ဦးဝင်းထိန် က အခုလိုပြောပါတယ်။

" အဲ့တာ ကျောက်မျက်အသင်းပိုင်ငွေ မဟုတ်ဘူးနော်။ ဗဟိုကော်မတီပိုင်ဖြစ်တယ်။ အသင်းဆိုတာ ကျနော်ထင်တယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ အသင်းက နောက်မှ ပေါ်တာပေါ့နော်။ ဗဟိုကော်မတီဆိုတာ အရင်ပေါ်ပြီး အသင်းအတွက် သုံးလာခဲ့တာပေါ့နော်။ ပြပွဲအတွက် သုံးခဲ့တာပေါ့နော်။ အဲ့တော့ အသင်းပိုင်ငွေတော့ မဟုတ်ဘူးနော်။ အသင်းပိုင်ငွေမဟုတ်ဘူး ဒါ။ ပြပွဲဗဟိုကော်မတီ ပိုင်တဲ့ငွေဖြစ်တယ်။ ၉၃ သန်းတို့ ဘာတို့ ပြောတာ ပြပွဲ ဗဟိုကော်မတီ ပိုင်တဲ့ငွေဖြစ်တယ်။ အဲ့တော့ ပြပွဲ ဗဟိုကော်မတီမှာ ပါတဲ့ နာယကတွေ၊ ဥက္ကဋ္ဌတွေ အပါအဝင် တက်တဲ့အဖွဲ့တွေပေါ့နော်။ အရင်တုန်းကတော့ ၄၀ ကျော်ရှိတာပေါ့ ဗဟိုကော်မတီဝင်။ အဲ့ဒီ့အဖွဲ့တွေရဲ့ဆုံးဖြတ်ချက်နဲ့ ဒါတော့ ဘယ်လိုသုံးမယ် ဘယ်လိုလုပ်မယ်ဆိုတာ။ ၂၀၀၆ ကတည်းက သုံးလာတာ ၂၀၁၆ ခုနှစ် အခုကျမှ ဟိုလူက သူပိုင်တယ် ဒီလူက သူပိုင်တယ်နဲ့ ဟိုတုန်းက သူတို့ တစ်ခွန်းမှ ပြောခဲ့ကြတာမဟုတ်ဘူးနော်။"

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တိုင်ကြားစာမှာ အသင်း စတင် တည်ထောင် သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျောက်မျက်လုပ်ငန်း ရှင်များထံမှ ၁ ရာခိုင်နှုန်း ကောက်ခံထားသော ရန်ပုံငွေတွေကုုိ အများသဘောဆန္ဒ မပါဘဲ သုုံးစွဲမှုနဲ့ပတ်သက်တဲ့ တိုင်ကြားချက် ၁၂ ချက်နဲ့ တိုင်ကြားခဲ့တာပါ။

ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်ကုုိ အနုုပညာ ဦးစီးဌာန အတွက်ဟုုဆိုုကာ အမေရိကန်ဒေါ်လာ ရ သန်းပေးအပ်ခြင်းနဲ့ သမ္မတရုုံးဝန်ကြီးဟောင်း ဦးစုုိးသိန်းကိုု ကန် ဒေါ်လာ ၅ သန်းပေးအပ်ခြင်း ကိစ္စတွေလည်း ပါတယ်။ တုုိင်ကြားသူတွေထဲမှာ ပါ၀င်တဲ့ ကျောက်မျက်အသင်း ဗဟုုိအလုုပ်အမှုဆောင် ဦးကျော်ကျော်ဦး ကတော့ ကျောက်မျက် ရန်ပုုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်းရှိခဲ့တယ်လိုု့ ဆုုိပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လိုု့ စာရင်းအတိအကျ ဘယ်လိုု ရထားသလဲ ဆုုိတာလည်း ထုုတ်ပြန်ခြင်းမရှိပါဘူး။

ဒီသုံးစွဲငွေ ကန်ဒေါ်လာ ၈၆သန်းကို စိစစ်တာမှာ အဲ့ဒီအထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် ကို အနုပညာဦးစီးဌာန ဆောက်လုပ်ရန် ပေးအပ်ခဲ့တဲ့ ငွေကြေးနဲ့ ပတ်သတ်ပြီး စွပ်စွဲ သလောက် ပေးခဲ့ခြင်း မရှိကြောင်း ဒီငွေကြေးကို အနုပညာစင်တာ လုပ်ရတဲ့အပေါ် ဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ခုလို ပြောဆိုထားပါတယ်။

" ဒီကျောက်မျက်တွေသည် ခင်ဗျားတို့ ကျနော်တို့ ပြည်သူပိုင်တဲ့ဟာ။ အဲ့တာတွေကို ထုတ်ယူသုံးစွဲ၊ ထုတ်ယူပြီးတဲ့နောက် ရောင်းရတယ်။ ရောင်းရတဲ့ဟာက သတ်မှတ်တဲ့ အခွန်အခ နိုင်ငံတော်ကို ပေးတယ်။ ကျန်တဲ့ အကျိုးအမြတ် သူတို့ယူတယ်။ အဲ့ဒီ့အကျိုးအမြတ် ယူတဲ့ဟာက ဒီ ၅၂သန်းသော ပြည်သူတွေရဲ့ ဖွ့ံဖြိုးတိုးတက်ရေး အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တခုတည်းတင် မယူဆဘူး ကျန်တဲ့ ဖွ့ံဖြိုးတိုးတက်ရေး သုံးစွဲရမယ်လို့ သုံးစွဲပေးမယ်လို့ ကျနော်တို့ကယူဆတယ်လေ ဒါကြောင့်မို့လို့ ခုနက အနုပညာစင်တာ အဲ့ဟာက ကျနော်တို့ ဒီငွေတွေနဲ့ ဘာမှ မပတ်သတ်ဘူး။ "

လက်ရှိမှာ အချို့လေ့လာသုံးသပ်သူတွေကတော့ ကျောက်မျက်ရန်ပုုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုုံးစွဲမှု ကိစ္စဟာ နုုိင်ငံရေး အရ အရင်အစုုိးရဟောင်းကိုု တုုိက်ခိုုက်တာဖြစ်တယ်လိုု့ သုံးသပ်မှုတွေရှိနေပေမယ့် တိုင်တန်းသူတွေထဲက ပါဝင်တဲ့ ကိုကျော်ကျော်ဦးက တော့ ဒါကိုငြင်းဆိုထားပါတယ်။

ဒီပြင်စစ်ဆေးမှုနဲ့ ပတ်သတ်ပြီး တရားနည်းလမ်းကျဖို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း အမှုဆောင်တွေက သမာသမတ် ရှိတဲ့ခုံရုံးအသစ်နဲ့စစ်ဆေးပေးဖို့ ဝန်ကြီးဌာနကိုတောင်းဆိုထားပါတယ်။ ဒီဝန်ကြီးဌာန စစ်ဆေးမှုရလဒ်က မကြာခင်ထွက်လာတော့မှာပါ။ ခုချိန်ထိကတော့ ကျောက်မျက်ရန်ပုုံငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုုံးစွဲခဲ့တဲ့ ကိစ္စဟာ အရင်သတ္တုတွင်း ၀န်ကြီးဌာန၊ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ ကျောက်မျက်အသင်း ဥက္ကဌနဲ့ တိုင်ကြား ထားတဲ့ ကျောက်မျက်လုပ်ငန်းရှင် တွေအကြား ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။

 မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)