အလှူခံပုံး ဖောက်ခိုးယူနေသူအား ဘုရားဂေါပကများ ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီး







သာယာဝတီ မြို့မ ရဲစခန်းသို့ ဘုရား၏ အလှူငွေများကို ခိုးယူ သွားသော အောင်သူရဇော် ( ၂၁ )နှစ် အား အရေးယူ ပါရန် ဘုရား ၏ လုံခြုံရေး တာဝန်ထမ်းဆောင်သော ကိုမြင့်အောင် မှ တရားလို လုပ်တိုင်ကြားလာသဖြင့် မြို့မ ရဲစခန်းမှ တိုင်ကြားမှု့ကို လက်ခံပြီး အမှု့ကိုခိုင်လုံစွာ တည်ဆောက်နိင်ရန် ဒု /ရဲအုပ် အုန်းခိုင် မှ အမှု့ကိုစီစစ်ပြီးလက်ခံကာ မြို့မ ရဲစခန်းမှ ( ပ ) ၁၅၆ / ၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၈၀ ဖြင့်အရေးယူနိင် ဆောင်ရွက်လျှ က်ရှိ သည်ဟုသိရသည် ။


အဆိုပါ အောင်သူရဇော်သည် အသက် ( ၂၁ )နှစ်သာရှိပြီး သာယာအေးကျေးရွာ တွင် နေထိုင်သူတစ်ဦ့းဖြစ်ပြီး လက်ပံတန်းမြို့ လမ်းမကြီးပေါ် သာမောဓရ ဘုရားကြီး ၏ မဟာဗောဓိ စေတီတော်မြတ်ကြီး ၏ စိနိဖူးတော် ကို လွန်ခဲ့သော ( ၄ )နှစ်ခန့်က ခိုးယူ ခဲ့ပြီး လက်ပံတန်းမြို့ တရားရုံးတွင် ခိုးမှု့ဖြင့်ထောင်ဒဏ် ( ၆ )နှစ် ကျခံဘူးပြီး လွတ်ငြိမ်းချမ်းသာခွင့် ကျိုက်စက္ကော ရဲဖတ် စခန်းတွင် ( ၃ )နှစ် နေခဲ့ပြီး လွတ်မြောက်လာခဲ့ရာ တစ်နှစ်ပင်မပြည့်သေးဘဲ ဘုရား၏ အလှူငွေကို ခိုးယူ သဖြင့် ယခု ထပ်မံဖမ်းဆီးခံရသည်ဟု ခိုးယူ အားတွေ့ဆုံမေးမြန်းရာ မှ ပြောကြားခြင်းဖြစ်သည် ။

ကိုဖိုးစံ
သာယာဝတီ
..............



ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ ကွက်သစ်ရပ်ကွက် ရန်ကုန် - ပြည်လမ်းမ ကြီးပေါ် ရှိ တည်ထားကိုးကွယ်သော အောင်သိဒ္ဓိ ဘုရားဝန်းအတွင်း မဟာ မြတ်မုနီ ရုပ်ပွားတော် ဘုရားကြီး ၏ အဆောင်အတွင်းရှိ အလှူခံပုံး ကို ခိုးယူ မှုကို ၁၄ ၆ ၂၀၁၆ ရက်နေ့ ညနေ ၄းဝဝ နာရီ အချိန် ဖြစ်ပွားခဲ့ပါသည် ။



အဆိုပါ ခိုးယူ နေစဉ် ဘုရားဖူး လာရောက် နေသော မနန်းရီဝင်း မှ တွေ့မြင်သဖြင့် ဘုရား၏ လုံခြုံရေး တာဝန်ယူထားသော ကိုမြင့်အောင်ကို အော်ခေါ်ပြီး တိုင်ကြားခဲ့ရာ ကိုမြင့်အောင် နှင့်အတူ ဘုရား၏ဂေါပက အဖွဲ့ဝင် ဦးခင်ရီ တို့ ဝန်းဝိုင်းဖမ်းဆီးရာ ဝိသာခါလမ်း မှ ထွက်ပြေး ခဲ့ရာ တွင် ရွာသို့ပြန်ရန် ကိုမျိုးလှိုင် ( ခ ) ဖိုးချက် နှင့်တွေ့ကာ အကူအညီ ထပ်မံ ရယူကာ ဦးခင်ရီ နှင့်ဖိုးချက်တို့ ပူးပေါင်းကာ မော်တော်ဆိုင်ကယ်ဖြင့် ထပ်မံရှာဖွေရာ တွင် ဖိုးချက်မှာ ( ၄ )လမ်း လမ်းဆုံမှာ သွားရောက်စောင့်ဆိုင်းခဲ့၏ ။လူမှားမှာစိုးသဖြင့် သာယာဝတီမြို့မ ရဲစခန်းသို့ ထပ်မံအကြောင်းကြားရာ မြို့ပေါ် တာဝန် ထမ်းဆောင်နေသော နယ်ထိမ်း ရဲတပ်ကြပ် ကျော်မျိုးဦး နှင့်ရဲတပ်သား ထွန်းဖြိုးအောင် တို့နှင့်ရန်ကုန် -ပြည်လမ်း ရေဝေ အောင်ချမ်းသာဘုရားကြီးရှေ့တွင် ဆိုင်ကယ် ပေါ်တွင် တွေ့ရှိကာ ရပ်နားခိုင်းပြီး စစ်ဆေးရာတွင် ဘုရားထဲမှ အလှူခံပုံးအား ခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည် ခိုးယူ ခဲ့သော ငွေစုစုပေါင်းမှာ လေးသောင်းတစ်ထောင်ကျပ် ဖြစ်သည် ။ဆိုင်ကယ် ကယ်ရီ ကို သမဝါယမ ဘဏ် ( CB Bank ) ရှေ့တွင်ဌားစီးခဲ့သည်ဟုသိရသည် ။



သာယာဝတီ မြို့မ ရဲစခန်းသို့ ဘုရား၏ အလှူငွေများကို ခိုးယူ သွားသော အောင်သူရဇော် ( ၂၁ )နှစ် အား အရေးယူ ပါရန် ဘုရား ၏ လုံခြံုရေး တာဝန်ထမ်းဆောင်သော ကိုမြင့်အောင် မှ တရားလို လုပ်တိုင်ကြားလာသဖြင့် မြို့မ ရဲစခန်းမှ တိုင်ကြားမှု့ကို လက်ခံပြီး အမှု့ကိုခိုင်လုံစွာ တည်ဆောက်နိင်ရန် ဒု /ရဲအုပ် အုန်းခိုင် မှ အမှု့ကိုစီစစ်ပြီးလက်ခံကာ မြို့မ ရဲစခန်းမှ ( ပ ) ၁၅၆ / ၂၀၁၆ ပြစ်မှု့ဆိုင်ရာပုဒ်မ ၃၈၀ ဖြင့်အရေးယူနိင် ဆောင်ရွက်လျှ က်ရှိ သည်ဟုသိရသည် ။



အဆိုပါ အောင်သူရဇော်သည် အသက် ( ၂၁ )နှစ်သာရှိပြီး သာယာအေးကျေးရွာ တွင် နေထိုင်သူတစ်ဦး့ဖြစ်ပြီး လက်ပံတန်းမြို့ လမ်းမကြီးပေါ် သာမောဓရ ဘုရားကြီး ၏ မဟာဗောဓိ စေတီတော်မြတ်ကြီး ၏ စိန် ိဖူးတော် ကို လွန်ခဲ့သော ( ၄ )နှစ်ခန့်က ခိုးယူ ခဲ့ပြီး လက်ပံတန်းမြို့ တရားရုံးတွင် ခိုးမှု့ဖြင့် ့်ထောင်ဒဏ် ( ၆ )နှစ် ကျခံဘူးပြီး လွတ်ငြိမ်းချမ်းသာခွင့် ကျိုက်စက္ကော ရဲဖတ် စခန်းတွင် ( ၃ )နှစ် နေခဲ့ပြီး လွတ်မြောက်လာခဲ့ရာ တစ်နှစ်ပင်မပြည့်သေးဘဲ ဘုရား၏ အလှူငွေကို ခိုးယူ သဖြင့် ယခု ထပ်မံဖမ်းဆီးခံရသည်ဟု ခိုးယူ အားတွေ့ဆုံမေးမြန်းရာ မှ ပြောကြားခြင်းဖြစ်သည် ။

ကိုဖိုးစံ
သာယာဝတီ
Kophoe San Tharrawaddy
https://www.facebook.com/tharrawaddy.tharrawaddy
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)