မူးယစ္ရမ္းကားေနသူကို သြားေရာက္ဖမ္းဆီးသည့္ ရဲစခန္းမွဴး အိမ္ေပၚမွ တြန္းခ်ခံရ၍ ေသဆုံး



ရွမ္းျပည္နယ္မုိင္းယန္း ၿမိဳ႕တြင္ မူးယစ္ရမ္းကားေနသူအ မ်ဳိးသားကို သြားေရာက္ဖမ္းဆီး သည့္ ရဲစခန္းမွဴးတစ္ဦးအိမ္ေပၚမွ တြန္းခ်ခံရ၍ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

မုိင္းယန္းၿမိဳ႕ ေဟာကန္ရပ္ ကြက္ေနအသက္(၄၄)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး ေနအိမ္ေပၚတြင္ မူူးယစ္ရမ္းကားေနစဥ္ မုိင္းယန္းၿမိဳ႕မရဲစခန္း စခန္းမွဴးႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား သြားေရာက္ဖမ္းဆီးရာမွ ျဖစ္ပြားခဲ့ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕ ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴးရဲမွဴးႀကီး သက္လြင္က ေျပာသည္။

‘‘ေသဆုံးသြားတာက မုိင္း ယန္းၿမိဳ႕မရဲစခန္းမွဴးဒုရဲမွဴးထြန္းစံ ေအာင္ျဖစ္ပါတယ္။ ဇြန္လ ၂၈ရက္ညက ျဖစ္တာ။ သူ(ဒုရဲမွဴးထြန္းစံ ေအာင္)က ၿမိဳ႕မွာ ဆက္ဆံေရး လည္းေကာင္းတယ္။ လူခ်စ္လူ ခင္လည္းေပါေတာ့ ကုိယ့္ကုိယ္ ကုိယ္ယုံၾကည္မႈ လြန္ကဲသြားပုံရ ပါတယ္။ အိမ္ေပၚေရာက္ေတာ့ မူးေနတဲ့လူနဲ႔ လုံးေထြးလုိက္ရၿပီး ႏွစ္ေယာက္စလုံး ျပဳတ္က်တာ။ သူက ၀ေတာ့ အက်ျပင္းသြား တယ္။ ေခါင္းကို ထိၿပီးဦးေႏွာက္ ထဲေသြးေရာက္သြားတာ’’ဟု ရဲမွဴး ႀကီးသက္လြင္ကေျပာသည္။

ျပဳတ္က်၍ ေျမေပၚ အ ေရာက္တြင္ ရဲအရာရွိက ေအာက္ ဘက္သုိ႔ ေရာက္သြားၿပီး အရက္ မူးေနသူက ဖိလ်က္အေနအထား ျဖင့္ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း က်ဳိင္းတုံခ႐ုိင္ရဲတပ္ဖြဲ႕မွဴးဒုတိယ ရဲမွဴးႀကီး ျမင့္ဦးေဆြကေျပာၾကားသည္။

‘‘အရက္မူးေနတဲ့သူက ဘာ ဒဏ္ရာမွ မရဘူး။ သူကအေပၚက ထပ္က်တာ။ ရဲစခန္းမွဴးက ေအာက္ကက်တာ။ လူကလည္း ၀တယ္ေလ။ ကၽြန္ေတာ္တုိ႔အေရး ယူထားတဲ့သူက ဒဏ္ရာ မရပါ ဘူး’’ဟု ၎ကေျပာသည္။

အိမ္အျမင့္မွာ ရွစ္ေပခန္႔ရွိၿပီး ေဆး႐ုံသုိ႔ ခ်က္ခ်င္းပို႔ေဆာင္ေသာ္လည္း ဒဏ္ရာ ျပင္းထန္ေသာေၾကာင့္ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူ ရဲအရာရွိသည္ရခုိင္ျပည္နယ္ဇာတိျဖစ္ၿပီး ဇနီးႏွင့္ သားသမီးသုံးဦးက်န္ရစ္ကာ လုိအပ္ေသာ ေထာက္ပံ့မႈမ်ားကို ရဲတပ္ဖြဲ႕က ျဖည့္ဆည္းေပးထားေၾကာင္း ရဲမွဴးႀကီး သက္လြင္ကေျပာသည္။

မူးယစ္ရမ္းကားသူကုိ လူ ေသဆုံးသည္အထိ က်ဴးလြန္ခဲ့ ေသာေၾကာင့္ ျပစ္မႈ ဥပေဒပုဒ္မ ၃၀၂ျဖင့္ မုိင္းယန္းၿမိဳ႕မရဲစခန္း တြင္ အမႈဖြင့္ထားေၾကာင္းသတင္း ရရွိသည္။
7day daily
.......
မူးယစ်ရမ်းကားနေသူကို သွားရောက်ဖမ်းဆီးသည့် ရဲစခန်းမှူး အိမ်ပေါ်မှ တွန်းချခံရ၍ သေဆုံး

ရှမ်းပြည်နယ်မိုင်းယန်း မြို့တွင် မူးယစ်ရမ်းကားနေသူအ မျိုးသားကို သွားရောက်ဖမ်းဆီး သည့် ရဲစခန်းမှူးတစ်ဦးအိမ်ပေါ်မှ တွန်းချခံရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းယန်းမြို့ ဟောကန်ရပ် ကွက်နေအသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်ပေါ်တွင် မူူးယစ်ရမ်းကားနေစဉ် မိုင်းယန်းမြို့မရဲစခန်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီးရာမှ ဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး သက်လွင်က ပြောသည်။

‘‘သေဆုံးသွားတာက မိုင်း ယန်းမြို့မရဲစခန်းမှူးဒုရဲမှူးထွန်းစံ အောင်ဖြစ်ပါတယ်။ ဇွန်လ ၂၈ရက်ညက ဖြစ်တာ။ သူ(ဒုရဲမှူးထွန်းစံ အောင်)က မြို့မှာ ဆက်ဆံရေး လည်းကောင်းတယ်။ လူချစ်လူ ခင်လည်းပေါတော့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု လွန်ကဲသွားပုံရ ပါတယ်။ အိမ်ပေါ်ရောက်တော့ မူးနေတဲ့လူနဲ့ လုံးထွေးလိုက်ရပြီး နှစ်ယောက်စလုံး ပြုတ်ကျတာ။ သူက ၀တော့ အကျပြင်းသွား တယ်။ ခေါင်းကို ထိပြီးဦးနှောက် ထဲသွေးရောက်သွားတာ’’ဟု ရဲမှူး ကြီးသက်လွင်ကပြောသည်။

ပြုတ်ကျ၍ မြေပေါ် အ ရောက်တွင် ရဲအရာရှိက အောက် ဘက်သို့ ရောက်သွားပြီး အရက် မူးနေသူက ဖိလျက်အနေအထား ဖြင့် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီး မြင့်ဦးဆွေကပြောကြားသည်။

‘‘အရက်မူးနေတဲ့သူက ဘာ ဒဏ်ရာမှ မရဘူး။ သူကအပေါ်က ထပ်ကျတာ။ ရဲစခန်းမှူးက အောက်ကကျတာ။ လူကလည်း ၀တယ်လေ။ ကျွန်တော်တို့အရေး ယူထားတဲ့သူက ဒဏ်ရာ မရပါ ဘူး’’ဟု ၎င်းကပြောသည်။

အိမ်အမြင့်မှာ ရှစ်ပေခန့်ရှိပြီး ဆေးရုံသို့ ချက်ချင်းပို့ဆောင်သော်လည်း ဒဏ်ရာ ပြင်းထန်သောကြောင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူ ရဲအရာရှိသည်ရခိုင်ပြည်နယ်ဇာတိဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးဦးကျန်ရစ်ကာ လိုအပ်သော ထောက်ပံ့မှုများကို ရဲတပ်ဖွဲ့က ဖြည့်ဆည်းပေးထားကြောင်း ရဲမှူးကြီး သက်လွင်ကပြောသည်။

မူးယစ်ရမ်းကားသူကို လူ သေဆုံးသည်အထိ ကျူးလွန်ခဲ့ သောကြောင့် ပြစ်မှု ဥပဒေပုဒ်မ ၃၀၂ဖြင့် မိုင်းယန်းမြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်းသတင်း ရရှိသည်။
7day daily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)