သဃၤန္းကၽြန္းၿမိဳ႕နယ္၌ျဖစ္ပြားေသာ လူသတ္မႈအား လာေရာက္တုိင္တန္း ခဲ့သည့္အခ်ိန္မွ ၄ နာရီ(အခ်ိန္တုိ)အတြင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ေဖာ္ထုတ္ဖမ္းဆီးရမိ



ရန္ကုန္၊ ဇြန္ ၂၁

၂၀.၆.၂၀၁၆ ရက္ေန႔ ၀၈၃၀ အခ်ိန္တြင္ ကုိေက်ာ္ရဲႏုိင္၊ (၂၅)ႏွစ္၊ အႀကီးတန္း
စာေရး၊ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားညႊန္ၾကားမႈဦးစီးဌာနရံုး၊ (ဘ)ဦးသိန္းႏုိင္၊
အမွတ္(၁၃၁-A)၊ (ပ)ထပ္(ယာ)၊ (၅)လမ္း၊ စံျပ ရပ္ကြက္၊ သဃၤန္းကၽြန္းၿမိဳ႕နယ္
ေနသူသည္ အလုပ္သုိ႔သြားေရာက္ခဲ့ၿပီး ၁၇၃၀ အခ်ိန္တြင္ ေနအိမ္သုိ႔ ျပန္လာ
ရာ ေနအိမ္တုိက္ခန္းေအာက္သုိ႔ေရာက္ရွိစဥ္ မိခင္ျဖစ္သူ ေဒၚခင္ျမ၀င္း၊
(၅၃)ႏွစ္အား တုိက္အ၀င္ေလွကားတံခါးေသာ့ေတာင္းရန္ ဖုန္းဆက္သြယ္ရာ
မရရွိသျဖင့္ အိမ္နီးခ်င္းျဖစ္သူထံမွ ေသာ့အားေတာင္း၍ေနအိမ္သုိ႔၀င္ေရာက္ခဲ့
ရာ ေနအိမ္ေနာက္ေဖး ေရခ်ဳိးခန္းအတြင္း၌ မိခင္ျဖစ္သူအား မ်က္ႏွာ၀ဲဘက္
ျပတ္ရွ၊ ဦးေခါင္းေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကုိေတြ႕ရွိရ၍
ျပစ္မႈက်ဴးလြန္သူအား စံုစမ္းအေရးယူေပးရန္ သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းသုိ႔
လာေရာက္တုိင္တန္းသျဖင့္ (ပ)၅၇၆/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂
ျဖင့္ အမႈဖြင့္ကာ စံုစမ္းေဆာင္ရြက္ခ့ဲပါသည္။

အမႈႏွင့္ပတ္သက္၍ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးမွတပ္ဖြဲ႕၀င္မ်ား၊
အေရွ႕ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴး ရံုးမွတပ္ဖြဲ႕၀င္မ်ားႏွင့္ သဃၤန္းကၽြန္းၿမိဳ႕မရဲစခန္းမွ
တပ္ဖြဲ႕၀င္မ်ားပူးေပါင္း၍ အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္းကာ အခင္းျဖစ္ရပ္ႏွင့္
ပတ္၀န္းက်င္အား စံုစမ္းခဲ့ရာ ယင္းေန႔ ၁၀၀၀ အခ်ိန္ခန္႔က အခင္းျဖစ္တုိက္ခန္း
ေပၚတြင္ ဆူညံသံမ်ားၾကားရၿပီး “ဆရာမရယ္မလုပ္ပါနဲ႔”ဟု ေအာ္ဟစ္ေျပာဆုိ
သံမ်ားၾကားရေၾကာင္း၊ တုိင္တန္းသူအား ဆရာမဆုိသူမ်ားႏွင့္ ဆက္စပ္သည့္
သတင္းအား ေမးျမန္းစံုစမ္းခဲ့ရာ လြန္ခဲ့ေသာ ၂၀၀၇ ခုႏွစ္ခန္႔မွစတင္၍
ေက်ာင္းဆရာမ ေဒၚေအးေအးေမာ္ဆုိသူႏွင့္ အဆက္အသြယ္ရွိေၾကာင္း
သတင္းအတည္ျပဳရရွိခဲ့ပါသည္။

အမႈစစ္အဖြဲ႕မွ ေဒၚေအးေအးေမာ္(ခ)အင္ၾကင္းခုိင္၏လိပ္စာအား အဖြဲ႕မ်ားခြဲ၍
စံုစမ္းေဆာင္ရြက္ခဲ့ရာ ၎သည္ ၂၀၀၇ ခုႏွစ္တြင္ အထက(၂)ပုဇြန္ေတာင္မွ
လွည္းကူးၿမိဳ႕နယ္သုိ႔ ေျပာင္းေရႊ႕သြားခဲ့ေၾကာင္း၊ ၂၀၁၅ ခုႏွစ္တြင္ လွည္းကူး
ၿမိဳ႕နယ္မွ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သု၀ဏၰ အမွတ္(၇)မူလြန္ေက်ာင္းအုပ္ႀကီး
အျဖစ္ ေျပာင္းေရႊ႕တာ၀န္ထမ္းေဆာင္ခဲ့ၿပီး သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ႀကီးပြားေရး
ရပ္ကြက္၊ အေနာ္ရထာလမ္းတြင္ေနထုိင္ေၾကာင္းသိရွိရ၍ ၂၂၃၀ အခ်ိန္တြင္
သြားေရာက္ရွာေဖြခဲ့ရာ ၎အားေနအိမ္တြင္မေတြ႕ရွိဘဲ တစ္လမ္းတည္းေန
၎၏ေမြးစားသမီးျဖစ္သူေနအိမ္သုိ႔ သြားေရာက္ရွာေဖြခဲ့ရာ သမီးျဖစ္သူ
မေက်ာ့ေကခုိင္(ခ)ခ်စ္ပုႏွင့္ သားမက္ျဖစ္သူ ညီညီလင္းတုိ႔ကုိသာေတြ႕ရွိခဲ့ၿပီး
မေက်ာ့ေကခိုင္(ခ)ခ်စ္ပု၏ ယာဘက္ေခ်ာင္းမ်ားတြင္ ဒဏ္ရာအနည္းငယ္ရရွိ
ထားသည္ကုိ ေတြ႕ရွိခဲ့သျဖင့္ ရဲစခန္းသုိ႔ ေခၚယူစစ္ေဆးခဲ့ပါသည္။

စစ္ေဆးခ်က္အရ ရဲတပ္ဖြဲ႕၀င္မ်ားမွ အခင္းျဖစ္ရပ္အားစစ္ေဆးစဥ္ ျပစ္မႈ
က်ဴးလြန္သူက်န္ရစ္ခဲ့ေသာ ၾကယ္ပံု ၂ ခုပါ ဘဲဥပံု(ေရႊအတု)ေလာ့ကက္သီး
အား ေမြးစားသမီးျဖစ္သူ မေက်ာ့ေကခုိင္ထံျပသရာ ၎ပစၥည္းမွာ ေမြးစား
မိခင္ ေဒၚေအးေအးေမာ္(ခ)အင္ၾကင္းခုိင္၏ပစၥည္းျဖစ္ေၾကာင္း ၀န္ခံေျပာဆုိ
သျဖင့္ ေဒၚေအးေအးေမာ္သြားလာတတ္ရာ ေနရာမ်ားအားေမးျမန္းရာ ၎၏
မိခင္ျဖစ္သူ ေဒၚေအးေအးေမာ္မွာ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ စိန္ေတာင္ႀကီး
ဟုိတယ္သုိ႔ သြားေရာက္တည္းခုိေလ့ရွိေၾကာင္းသိရွိရသျဖင့္ ၂၃၃၀ အခ်ိန္
တြင္ ပူးေပါင္းအဖြဲ႕မွ ၎ဟုိတယ္သုိ႔ သြားေရာက္ရွာေဖြရာ အခန္းအမွတ္
(၂၁၅)တြင္ ေဒၚေအးေအးေမာ္အား အင္ၾကင္းခုိင္အမည္ျဖင့္ ေက်ာ္ေက်ာ္
ဆုိသူႏွင့္အတူ တည္းခိုေနထုိင္လ်က္ရွိေၾကာင္း ေတြ႕ရွိရ၍ ၎တုိ႔အား
ရဲစခန္းသုိ႔ေခၚယူ စစ္ေဆးခဲ့ပါသည္။

အမႈႏွင့္ပတ္သက္၍ ေဒၚေအးေအးေမာ္(ခ)အင္ၾကင္းခုိင္၊ မေက်ာ့ေကခုိင္
(ခ)ခ်စ္ပုႏွင့္ ညီညီလင္းတုိ႔ အားစစ္ေဆးရာ ၎တုိ႔(၃)ဦးသည္ ၂၀.၆.၂၀၁၆
ရက္ေန႔ ၀၉၀၀ အခ်ိန္ခန္႔တြင္ ေနအိမ္မွထြက္လာခဲ့ၿပီး သဃၤန္းကၽြန္းၿမိဳ႕နယ္၊
ငမုိးရိပ္စံျပ(၅)လမ္းထိပ္ရွိ လက္ဖက္ရည္ဆုိင္တြင္ သားမက္ျဖစ္သူ ညီညီလင္း
အားထားခဲ့ကာ စံျပ(၅)လမ္း၊ အခင္းျဖစ္တုိက္ခန္းရွိ ေဒၚခင္ျမ၀င္းထံ အေၾကြး
သြားေတာင္းမည္ဟုေျပာဆုိ၍ သမီးျဖစ္သူ ေက်ာ့ေကခုိင္(ခ)ခ်စ္ပုႏွင့္အတူ
ထြက္ခြာသြားခဲ့ေၾကာင္း၊ ေနအိမ္ေပၚအေရာက္တြင္ရရန္ရွိေသာ အေၾကြးေငြ
သိန္း(၃၀)ေတာင္းခံရာမွ တစ္ဦးႏွင့္တစ္ဦး အေခ်အတင္စကားမ်ားၾကၿပီး
ေဒၚေအးေအးေမာ္(ခ)အင္ၾကင္းခုိင္မွ ေဒၚခင္ျမ၀င္းအား စတင္ရုိက္ႏွက္ရာ
ေဒၚခင္ျမ၀င္းမွ ဖုန္းအားသြင္းႀကိဳးျဖင့္ လည္ပင္းအားရစ္ပတ္ဆြဲသျဖင့္
မေက်ာ့ေကခုိင္(ခ)ခ်စ္ပုမွ ၀င္ေရာက္ရုိက္ႏွက္ခဲ့ေၾကာင္း၊ ေဒၚခင္ျမ၀င္းမွ
ေနာက္ေဖးမီးဖုိမွ ဓားမအား ယူေဆာင္၍ခုတ္ရာ မေက်ာ့ေကခိုင္(ခ)ခ်စ္ပု၏
ယာဘက္လက္ေခ်ာင္းတြင္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဒၚေအးေအးေမာ္(ခ)
အင္ၾကင္းခိုင္မွ ေဒၚခင္ျမ၀င္းအား ေရခ်ဳိးခန္းအတြင္းသုိ႔တြန္းလွဲကာ လည္ပင္း
ႏွင့္ပါးမ်ားကုိ ဓားမျဖင့္ထုိးခုတ္ခဲ့ေၾကာင္း၊ ယင္းေနာက္ သမီးျဖစ္သူအား
အိပ္ခန္းအတြင္းမွ ေခါင္းအံုးယူခိုင္းကာ ေဒၚခင္ျမ၀င္း၏မ်က္ႏွာအား အသက္ရွဴ
ရပ္သည္အထိဖိထားၿပီး ေဒၚခင္ျမ၀င္း၀တ္ဆင္ထားေသာ ေရႊဆြဲႀကိဳးႏွင့္
လက္ေကာက္(၃)ကြင္းအားျဖဳတ္ယူ၍ လက္ဖက္ရည္ဆုိင္မွ သားမက္ျဖစ္သူ
အား ေခၚေဆာင္ၿပီး ေနအိမ္သုိ႔ျပန္လာခဲ့ၾကေၾကာင္း၊ ေရႊဆြဲႀကိဳးႏွင့္ ေရႊလက္
ေကာက္တုိ႔အား ၁၄၀၀ အခ်ိန္ခန္႔တြင္ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၂၄)
ရပ္ကြက္၊ စည္ပင္လမ္း၊ အမွတ္(၉၉)ရွိ “ပုိ႔ပုိ႔” အေပါင္ဆုိင္ႏွင့္ ေငြေခ်းလုပ္ငန္း
သုိ႔သြားေရာက္၍ မေက်ာ့ေကခုိင္၊ သားမက္ျဖစ္သူ ညီညီလင္းတုိ႔ႏွင့္အတူ
ေငြက်ပ္ (၂၁)သိန္းျဖင့္ ေပါင္ႏွံခဲ့ျခင္းျဖစ္ၾကာင္း ေပၚေပါက္ခဲ့ပါသည္။

ေပၚေပါက္ခ်က္အရ အမႈမွသက္ေသခံေရႊထည္ပစၥည္းမ်ားအား မူလပံုမပ်က္
ျပန္လည္သိမ္းဆည္းႏုိင္ခဲ့ကာ ျပစ္မႈက်ဴးလြန္သူ ေဒၚေအးေအးေမာ္(ခ)
အင္ၾကင္းခိုင္၊ (၄၆)ႏွစ္ႏွင့္ မေက်ာ့ေကခုိင္(ခ)ခ်စ္ပု၊ (၂၆)ႏွစ္တုိ႔အား အခင္း
ျဖစ္ပြားၿပီး လာေရာက္တုိင္တန္းသည့္ ၁၉၃၀ အခ်ိန္မွစတင္၍ ၄ နာရီအတြင္း
ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဖမ္းဆီးႏုိင္ခဲ့ၿပီး အမႈျဖင့္အေရးယူေဆာင္ရြက္
လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
Yangon Police
........
သင်္ဃန်းကျွန်းမြို့နယ်၌ဖြစ်ပွားသော လူသတ်မှုအား လာရောက်တိုင်တန်း
ခဲ့သည့်အချိန်မှ ၄ နာရီ(အချိန်တို)အတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
ဖော်ထုတ်ဖမ်းဆီးရမိ




ရန်ကုန်၊ ဇွန် ၂၁

၂၀.၆.၂၀၁၆ ရက်နေ့ ၀၈၃၀ အချိန်တွင် ကိုကျော်ရဲနိုင်၊ (၂၅)နှစ်၊ အကြီးတန်း
စာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး၊ (ဘ)ဦးသိန်းနိုင်၊
အမှတ်(၁၃၁-A)၊ (ပ)ထပ်(ယာ)၊ (၅)လမ်း၊ စံပြ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
နေသူသည် အလုပ်သို့သွားရောက်ခဲ့ပြီး ၁၇၃၀ အချိန်တွင် နေအိမ်သို့ ပြန်လာ
ရာ နေအိမ်တိုက်ခန်းအောက်သို့ရောက်ရှိစဉ် မိခင်ဖြစ်သူ ဒေါ်ခင်မြဝင်း၊
(၅၃)နှစ်အား တိုက်အဝင်လှေကားတံခါးသော့တောင်းရန် ဖုန်းဆက်သွယ်ရာ
မရရှိသဖြင့် အိမ်နီးချင်းဖြစ်သူထံမှ သော့အားတောင်း၍နေအိမ်သို့ဝင်ရောက်ခဲ့
ရာ နေအိမ်နောက်ဖေး ရေချိုးခန်းအတွင်း၌ မိခင်ဖြစ်သူအား မျက်နှာဝဲဘက်
ပြတ်ရှ၊ ဦးခေါင်းသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍
ပြစ်မှုကျူးလွန်သူအား စုံစမ်းအရေးယူပေးရန် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့
လာရောက်တိုင်တန်းသဖြင့် (ပ)၅၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂
ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ်နှင့်
ပတ်ဝန်းကျင်အား စုံစမ်းခဲ့ရာ ယင်းနေ့ ၁၀၀၀ အချိန်ခန့်က အခင်းဖြစ်တိုက်ခန်း
ပေါ်တွင် ဆူညံသံများကြားရပြီး “ဆရာမရယ်မလုပ်ပါနဲ့”ဟု အော်ဟစ်ပြောဆို
သံများကြားရကြောင်း၊ တိုင်တန်းသူအား ဆရာမဆိုသူများနှင့် ဆက်စပ်သည့်
သတင်းအား မေးမြန်းစုံစမ်းခဲ့ရာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်ခန့်မှစတင်၍
ကျောင်းဆရာမ ဒေါ်အေးအေးမော်ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်း
သတင်းအတည်ပြုရရှိခဲ့ပါသည်။

အမှုစစ်အဖွဲ့မှ ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၏လိပ်စာအား အဖွဲ့များခွဲ၍
စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည် ၂၀၀၇ ခုနှစ်တွင် အထက(၂)ပုဇွန်တောင်မှ
လှည်းကူးမြို့နယ်သို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် လှည်းကူး
မြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ အမှတ်(၇)မူလွန်ကျောင်းအုပ်ကြီး
အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး
ရပ်ကွက်၊ အနော်ရထာလမ်းတွင်နေထိုင်ကြောင်းသိရှိရ၍ ၂၂၃၀ အချိန်တွင်
သွားရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်တွင်မတွေ့ရှိဘဲ တစ်လမ်းတည်းနေ
၎င်း၏မွေးစားသမီးဖြစ်သူနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ သမီးဖြစ်သူ
မကျော့ကေခိုင်(ခ)ချစ်ပုနှင့် သားမက်ဖြစ်သူ ညီညီလင်းတို့ကိုသာတွေ့ရှိခဲ့ပြီး
မကျော့ကေခိုင်(ခ)ချစ်ပု၏ ယာဘက်ချောင်းများတွင် ဒဏ်ရာအနည်းငယ်ရရှိ
ထားသည်ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်အားစစ်ဆေးစဉ် ပြစ်မှု
ကျူးလွန်သူကျန်ရစ်ခဲ့သော ကြယ်ပုံ ၂ ခုပါ ဘဲဥပုံ(ရွှေအတု)လော့ကက်သီး
အား မွေးစားသမီးဖြစ်သူ မကျော့ကေခိုင်ထံပြသရာ ၎င်းပစ္စည်းမှာ မွေးစား
မိခင် ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၏ပစ္စည်းဖြစ်ကြောင်း ၀န်ခံပြောဆို
သဖြင့် ဒေါ်အေးအေးမော်သွားလာတတ်ရာ နေရာများအားမေးမြန်းရာ ၎င်း၏
မိခင်ဖြစ်သူ ဒေါ်အေးအေးမော်မှာ တောင်ဥက္ကလာပမြို့နယ်၊ စိန်တောင်ကြီး
ဟိုတယ်သို့ သွားရောက်တည်းခိုလေ့ရှိကြောင်းသိရှိရသဖြင့် ၂၃၃၀ အချိန်
တွင် ပူးပေါင်းအဖွဲ့မှ ၎င်းဟိုတယ်သို့ သွားရောက်ရှာဖွေရာ အခန်းအမှတ်
(၂၁၅)တွင် ဒေါ်အေးအေးမော်အား အင်ကြင်းခိုင်အမည်ဖြင့် ကျော်ကျော်
ဆိုသူနှင့်အတူ တည်းခိုနေထိုင်လျက်ရှိကြောင်း တွေ့ရှိရ၍ ၎င်းတို့အား
ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၊ မကျော့ကေခိုင်
(ခ)ချစ်ပုနှင့် ညီညီလင်းတို့ အားစစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၀.၆.၂၀၁၆
ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် နေအိမ်မှထွက်လာခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊
ငမိုးရိပ်စံပြ(၅)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် သားမက်ဖြစ်သူ ညီညီလင်း
အားထားခဲ့ကာ စံပြ(၅)လမ်း၊ အခင်းဖြစ်တိုက်ခန်းရှိ ဒေါ်ခင်မြဝင်းထံ အကြွေး
သွားတောင်းမည်ဟုပြောဆို၍ သမီးဖြစ်သူ ကျော့ကေခိုင်(ခ)ချစ်ပုနှင့်အတူ
ထွက်ခွာသွားခဲ့ကြောင်း၊ နေအိမ်ပေါ်အရောက်တွင်ရရန်ရှိသော အကြွေးငွေ
သိန်း(၃၀)တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး အချေအတင်စကားများကြပြီး
ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်မှ ဒေါ်ခင်မြဝင်းအား စတင်ရိုက်နှက်ရာ
ဒေါ်ခင်မြဝင်းမှ ဖုန်းအားသွင်းကြိုးဖြင့် လည်ပင်းအားရစ်ပတ်ဆွဲသဖြင့်
မကျော့ကေခိုင်(ခ)ချစ်ပုမှ ၀င်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ဒေါ်ခင်မြဝင်းမှ
နောက်ဖေးမီးဖိုမှ ဓားမအား ယူဆောင်၍ခုတ်ရာ မကျော့ကေခိုင်(ခ)ချစ်ပု၏
ယာဘက်လက်ချောင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်အေးအေးမော်(ခ)
အင်ကြင်းခိုင်မှ ဒေါ်ခင်မြဝင်းအား ရေချိုးခန်းအတွင်းသို့တွန်းလှဲကာ လည်ပင်း
နှင့်ပါးများကို ဓားမဖြင့်ထိုးခုတ်ခဲ့ကြောင်း၊ ယင်းနောက် သမီးဖြစ်သူအား
အိပ်ခန်းအတွင်းမှ ခေါင်းအုံးယူခိုင်းကာ ဒေါ်ခင်မြဝင်း၏မျက်နှာအား အသက်ရှူ
ရပ်သည်အထိဖိထားပြီး ဒေါ်ခင်မြဝင်းဝတ်ဆင်ထားသော ရွှေဆွဲကြိုးနှင့်
လက်ကောက်(၃)ကွင်းအားဖြုတ်ယူ၍ လက်ဖက်ရည်ဆိုင်မှ သားမက်ဖြစ်သူ
အား ခေါ်ဆောင်ပြီး နေအိမ်သို့ပြန်လာခဲ့ကြကြောင်း၊ ရွှေဆွဲကြိုးနှင့် ရွှေလက်
ကောက်တို့အား ၁၄၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄)
ရပ်ကွက်၊ စည်ပင်လမ်း၊ အမှတ်(၉၉)ရှိ “ပို့ပို့” အပေါင်ဆိုင်နှင့် ငွေချေးလုပ်ငန်း
သို့သွားရောက်၍ မကျော့ကေခိုင်၊ သားမက်ဖြစ်သူ ညီညီလင်းတို့နှင့်အတူ
ငွေကျပ် (၂၁)သိန်းဖြင့် ပေါင်နှံခဲ့ခြင်းဖြစ်ကြာင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံရွှေထည်ပစ္စည်းများအား မူလပုံမပျက်
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးမော်(ခ)
အင်ကြင်းခိုင်၊ (၄၆)နှစ်နှင့် မကျော့ကေခိုင်(ခ)ချစ်ပု၊ (၂၆)နှစ်တို့အား အခင်း
ဖြစ်ပွားပြီး လာရောက်တိုင်တန်းသည့် ၁၉၃၀ အချိန်မှစတင်၍ ၄ နာရီအတွင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖြင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)