

ဇွန်လ ၁၃ ရက်
အဆိုပါ သူ၏အမည်မှာ ခင်မောင်ဆန်းဟု သိရပြီး ၎င်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တ ထိန်းသိမ်း၍ မိသားစုနှင့် ကြုံပေါကျေးရွာ ရွာခွဲခေါင်းဆောင် ထံသို့ ပြန်လည် အပ်နှံ ပေးမည်ဟု သိရပါသည်။
Aung Naing Win





.......................
စိတ်ဖောက်လာသူတစ်ဦးမှ ရွှေသာလျောင်းဘုရား ဦးခေါင်းပေါ်သို့ တက်ရောက်ခြင်းကြောင့် အရံမီးသတ်တပ်ဖွဲ့ တွေ ၀ိုင်းဝန်းဖမ်ဆီး
-
ဇွန်လ ၁၃ ရက်
မွန်ပြည်နယ် ရေးမြို့ ရွှေဆံတော်ဘုရားရှိ ရွှေသာလျောင်းဘုရား၏ ဦးခေါင်းပေါ်သို့ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးသည် တက်၍ မသင့်မလျော် ပြုလုပ်နေမှုအား ရေးမြို့ ရန်ကြီးအောင် ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ ရေးမြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် မြို့ခံလူငယ်များ ပူးပေါင်း၍ ဘုရားပေါ်မှ ပြန်လည်ဆင်းသက်အောင် ဆောင်ရွက် ခဲ့ရသည်။
အဆိုပါ အမျိုးသားသည် ကြုံပေါကျေးရွာမှ လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၌ စိတ်မူမမှန် ဖြစ်နေသူ တစ်ဦးဖြစ်ပြီး ယနေ့ရေးမြို့သို့ မိသားစုနှင့်အတူ လာရောက်စဉ် နေ့ခင်း တစ်နာရီခွဲခန့်က စိတ်ဖောက်ပြန်လာပြီး ယခုကဲ့သို့ ဘုရားပေါ် တက်ပြီး မသင့်မလျော် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သူ၏အမည်မှာ ခင်မောင်ဆန်းဟု သိရပြီး ၎င်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တ ထိန်းသိမ်း၍ မိသားစုနှင့် ကြံုပေါကျေးရွာ ရွာခွဲခေါင်းဆောင် ထံသို့ ပြန်လည် အပ်နှံ ပေးမည်ဟု သိရပါသည်။
Aung Naing Win
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)