ဇနီးဖြစ်သူအား ဓါးမြှောင်ဖြင့်(၅)ချက် ထိုးသတ်ခဲ့မှု




ဖြစ်စဉ်မှာ ၂၉-၆-၂၀၁၆ ရက်နေ့ နံနက် ၇နာရီခန့်အချိန် အဇင်းရဲစခန်းမှူး ရဲအုပ် လှိုင်ဘွားသည် အဇင်းကျေးရွာ၊ အမှတ်(၃) ရပ်ကွက်၊ နှင်းဆီးလမ်းတွင် လူသတ်မှုဖြစ်ပွားကြောင်း သိရ၍ သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အဇင်းကျေးရွာနေ မအေးစန္ဒနှင့် မကြည်အောင်တို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် မအေးစန္ဒ၏ လင်ယောကျာ်းဖြစ်သူ ဝေယံဦး (၂၀)နှစ်၊ (ဘ)ဦးသန်းအောင်မှ ဆိုင်ကယ်အား ၀ါးလုံးဖြင့် ရိုက်လိုက်ရာ ဆိုင်ကယ်လဲကျ တိမ်မှောက်စဉ် ဝေယံဦးသည် ဇနီးဖြစ်သူ မအေးစန္ဒ(၂၃)နှစ် အား ဓားမြောင်ဖြင့် (၅)ချက်တိတိ ထိုးခဲ့ခြင်းကြောင်း သိရသည်။



သစ်ထူးလွင်
........

ကြာအင်းဆိပ်ကြီး ဇွန် ၃၀

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို  ့နယ်၊ အဇင်းကျေးရွာ၊ အမှတ်(၃) ရပ်ကွက်၊ နှင်းဆီးလမ်းတွင် ဇွန်လ (၂၉)ရက်နေ ့က ဇနီးဖြစ်သူအား ခင်ပွန်းဖြစ်သူက ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၉-၆-၂၀၁၆ ရက်နေ့ နံနက် ရနာရီခန့်အချိန် အဇင်းရဲစခန်းမှူး ရဲအုပ် လှိုင်ဘွားသည် အဇင်းကျေးရွာ၊ အမှတ်(၃) ရပ်ကွက်၊ နှင်းဆီးလမ်းတွင် လူသတ်မှုဖြစ်ပွားကြောင်း သိရ၍ သွားရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အဇင်းကျေးရွာနေ မအေးစန္ဒနှင့် မကြည်အောင်တို့နှစ်ဦးသည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ ပြန်လာစဉ် မအေးစန္ဒ၏ လင်ယောကျား်ဖြစ်သူ ဝေယံဦး (၂၀)နှစ်၊ (ဘ)ဦးသန်းအောင်မှ ဆိုင်ကယ်အား ၀ါးလုံးဖြင့် ရိုက်လိုက်ရာ ဆိုင်ကယ်လဲကျ တိမ်မှောက်စဉ် ဝေယံဦးသည် ဇနီးဖြစ်သူ မအေးစန္ဒ(၂၃)နှစ် အား ဓားမြောင်ဖြင့် (၅)ချက်တိတိ ထိုးခဲ့ခြင်းကြောင်း သိရသည်။

ဓားဒဏ်ရာ ရင်ညွှန့်ဝဲ/ယာ (၁)ချက်စီး ၀မ်းဗိုက် ထိုးသွင်းဒဏ်ရာ(၃)ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။

 တရားခံ ဝေယံဦးသည် ထွက်ပြေးတိမ်းရှောင် သွားသဖြင့် အဇင်းနယ်မြေရဲစခန်း (ပ) ၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပြီး တရားခံအား စခန်းမှူးဦးစီး ပူးပေါင်းအဖွဲ့များဖြင့် ည(၈)နာရီ၊(၃၀)မိနစ်အချိန်ဖမ်းဆီး ရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သစ်ထူးလွင်
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)