လူငယ္ခ်င္းစကားမ်ားရာမွ ဓားမ်ားျဖင့္ဝိုင္းခုတ္၍ တစ္ဦးေသ ငါးဦးဒဏ္ရာရ



လူငယ္ခ်င္းစကားမ်ားရာမွ ဓားမ်ားျဖင့္ဝိုင္းခုတ္၍ တစ္ဦးေသ ငါးဦးဒဏ္ရာရ
ထြက္ေျပးသြားေသာ လူငယ္ရွစ္ဦးအား ရဲကသံုးနာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီး

မိတၴီလာ ဇြန္ ၂၆

မိတီၴလာၿမိဳ႕ ေအာင္ဆန္းနယ္ ေျမ စက္တန္းရပ္လမ္းၾကားတြင္ ယခုလ ၂၄ ရက္ ည ၉ နာရီက မိတီၴလာၿမိဳ႕ အေရွ႕ဘက္ဥယ်ာဥ္ ကုန္းေက်းရြာေန စိုးမင္းေနာင္(၁၈ ႏွစ္)၊ ေကာင္းျမင့္ထြန္း (၂ဝ ႏွစ္)၊ သူရိန္စံ(၁၇ႏွစ္)၊ ေနလင္းစိုး (၁၆ ႏွစ္)၊သန္႔ဇင္ဦး(၂၅ႏွစ္)၊ ဥာဏ္လင္း ထြန္း (၁၈ႏွစ္)ႏွင့္ စိုးလင္းေအာင္ တို႔ႏွင့္ အမည္မသိ လူငယ္တစ္စု စကားမ်ားရန္ျဖစ္ရာမွ ဓားမ်ားျဖင့္ ဝိုင္းဝန္းခုတ္ခံရသျဖင့္ လူငယ္မ်ား မွာ ဒဏ္ရာအသီးသီးရရွိသြားကာ မိတီၴလာျပည္သူ႔ေဆး႐ံုႀကီးတြင္ အတြင္းလူနာအျဖစ္တင္ပို႔ကုသထား ရသည္။

ထုိအမႈကို ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးသိန္းဟန္ကတရားလိုျပဳလုပ္ ၍ အမွတ္(၁)ၿမိဳ႕မရဲစခန္းတြင္ အမႈ ဖြင့္တိုင္ၾကားရာ ရဲစခန္းက (ပ) ၁၆၇/၂ဝ၁၆ပုဒ္မ ၃၂၆/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူခဲ့သည္။ လူငယ္ ခ်င္း စကားမ်ားရန္ျဖစ္ရာမွ ဓား ျဖင့္ဝိုင္းဝန္းခုတ္သျဖင့္ စိုးမင္း ေနာင္ (၁၈ႏွစ္)မွာ ေဆး႐ံုတြင္ ေသဆံုးသြားခဲ့သည္။ ထို႔ေၾကာင့္ ရဲစခန္းက (ပ) ၁၆၇/၂ဝ၁၆ ပုဒ္မ ၃၂၅/၁၁၄ မွ ၃ဝ၂ လူသတ္မႈ အျဖစ္ ေျပာင္းလဲဖြင့္လွစ္ခဲ့ရသည္။
မိတီၴလာခ႐ုိင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးရဲထြဋ္၏ဦးေဆာင္ မႈ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴး ေမာင္ေရႊ၏ႀကီးၾကပ္မႈ၊ မိတၴီလာ ခ႐ိုင္ မႈခင္းႏွိမ္နင္းေရးဌာနစိတ္မွ တာဝန္ခံ ရဲအုပ္ဇင္ကိုကိုႏွင့္ အဖြဲ႕ ဝင္ရဲတပ္ဖြဲ႕ဝင္မ်ား၊ ၿမိဳ႕မရဲစခန္း မွဴး ဒုရဲမွဴးသိန္းဟန္ႏွင့္အဖြဲ႕ဝင္ မ်ား၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲ အုပ္ရန္ႏိုင္ထြန္းတို႔ ပူးေပါင္းအဖြဲ႕ သည္ ၿမိဳ႕ေပၚရပ္ကြက္အသီးသီးရွိ အမာခံသတင္းေပးမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား၏ ကူညီပံပိုးမႈ ျဖင့္ ဥယ်ာဥ္ကုန္းရြာေန ေနလင္းစိုး (၁၆ ႏွစ္)ႏွင့္အဖြဲ႕အား ဓားမ်ားျဖင့္ ဝိုင္းဝန္းခုတ္သတ္ခဲ့ၾကေသာ က်ီ ေတာ္ကုန္းရပ္ကြက္ေနတရားခံ မ်ားျဖစ္ၾကေသာ ေက်ာ္ေက်ာ္ထြန္း (၁၉ ႏွစ္)ကားေဆးမႈတ္၊ ရန္ၿငိမ္း ေအာင္ (၂ဝ ႏွစ္)က်ပန္းလုပ္သား၊ ေက်ာ္ကိုကို(၂၂ ႏွစ္) က်ပန္းလုပ္ သား၊ မ်ဳိးဗလၿငိမ္း(၁၈ ႏွစ္) ကား ေဘာ္ဒီထုလုပ္သား၊ ရန္မ်ဳိးႏိုင္ (၂ဝႏွစ္) သံပန္းသံတံခါးလုပ္ငန္း၊ ေနသူရိန္ထြန္း(၁၉ ႏွစ္) ကားေဆး သုတ္လုပ္ငန္း၊ ေအာင္ေက်ာ္ေက်ာ္ (၁၈ႏွစ္) ဆိုင္ကယ္ျပဳျပင္ေရး လုပ္ငန္း၊ မင္းႏွစ္ဆန္းေအာင္(၁၈ ႏွစ္) အလူ မီနီယံလုပ္ငန္းတို႔အား သံုးနာရီအတြင္း ရဲကေဖာ္ထုတ္ ဖမ္းဆီးႏိုင္ခဲ့ၿပီး မိတီၴလာၿမိဳ႕မရဲစခန္း က တရားခံရွစ္ဦးအား (ပ) ၁၆၇/ ၂ဝ၁၆ပုဒ္မ-၃ဝ၂ျဖင့္ ေျပာင္းလဲ အေရးယူအမႈဖြင့္ထားသည္။

လူငယ္ခ်င္းစကားမ်ားရန္ျဖစ္ ရာမွ လူသတ္မႈျဖစ္ပြားခဲ့ေသာ အမႈကို မိတီၴလာခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးရဲထြဋ္၏ဦးေဆာင္ မႈျဖင့္ လူသတ္တရားခံရွစ္ဦးအား ရဲတပ္ဖြဲ႕ဝင္မ်ား၏ ႀကိဳးပမ္းေဖာ္ ထုတ္မႈအရ သံုးနာရီအတြင္း လူ သတ္တရားခံမ်ားႏွင့္ သက္ေသခံ ပစၥည္းမ်ားအား အသိသက္ေသ မ်ားႏွင့္တကြ ဖမ္းဆီးေဖာ္ထုတ္ ႏိုင္ျခင္းျဖစ္သည္။

တင္လႈိင္(မိတၴီလာ)
The Union Daily
https://www.facebook.com/uniondaily.net
.....



လူငယ်ချင်းစကားများရာမှ ဓားများဖြင့်ဝိုင်းခုတ်၍ တစ်ဦးသေ ငါးဦးဒဏ်ရာရ
ထွက်ပြေးသွားသော လူငယ်ရှစ်ဦးအား ရဲကသုံးနာရီအတွင်း ဖော်ထုတ်ဖမ်းဆီး

မိတ္ထီလာ ဇွန် ၂၆

မိတ္ထီလာမြို့ အောင်ဆန်းနယ် မြေ စက်တန်းရပ်လမ်းကြားတွင် ယခုလ ၂၄ ရက် ည ၉ နာရီက မိတ္ထီလာမြို့ အရှေ့ဘက်ဥယျာဉ် ကုန်းကျေးရွာနေ စိုးမင်းနောင်(၁၈ နှစ်)၊ ကောင်းမြင့်ထွန်း (၂ဝ နှစ်)၊ သူရိန်စံ(၁၇နှစ်)၊ နေလင်းစိုး (၁၆ နှစ်)၊သန့်ဇင်ဦး(၂၅နှစ်)၊ ဉာဏ်လင်း ထွန်း (၁၈နှစ်)နှင့် စိုးလင်းအောင် တို့နှင့် အမည်မသိ လူငယ်တစ်စု စကားများရန်ဖြစ်ရာမှ ဓားများဖြင့် ဝိုင်းဝန်းခုတ်ခံရသဖြင့် လူငယ်များ မှာ ဒဏ်ရာအသီးသီးရရှိသွားကာ မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်တင်ပို့ကုသထား ရသည်။

ထိုအမှုကို မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်ကတရားလိုပြုလုပ် ၍ အမှတ်(၁)မြို့မရဲစခန်းတွင် အမှု ဖွင့်တိုင်ကြားရာ ရဲစခန်းက (ပ) ၁၆၇/၂ဝ၁၆ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ လူငယ် ချင်း စကားများရန်ဖြစ်ရာမှ ဓား ဖြင့်ဝိုင်းဝန်းခုတ်သဖြင့် စိုးမင်း နောင် (၁၈နှစ်)မှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ရဲစခန်းက (ပ) ၁၆၇/၂ဝ၁၆ ပုဒ်မ ၃၂၅/၁၁၄ မှ ၃ဝ၂ လူသတ်မှု အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ရသည်။
မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲထွဋ်၏ဦးဆောင် မှု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်ရွှေ၏ကြီးကြပ်မှု၊ မိတ္ထီလာ ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တာဝန်ခံ ရဲအုပ်ဇင်ကိုကိုနှင့် အဖွဲ့ ဝင်ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်း မှူး ဒုရဲမှူးသိန်းဟန်နှင့်အဖွဲ့ဝင် များ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲ အုပ်ရန်နိုင်ထွန်းတို့ ပူးပေါင်းအဖွဲ့ သည် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အမာခံသတင်းပေးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ကူညီပံပိုးမှု ဖြင့် ဥယျာဉ်ကုန်းရွာနေ နေလင်းစိုး (၁၆ နှစ်)နှင့်အဖွဲ့အား ဓားများဖြင့် ဝိုင်းဝန်းခုတ်သတ်ခဲ့ကြသော ကျီ တော်ကုန်းရပ်ကွက်နေတရားခံ များဖြစ်ကြသော ကျော်ကျော်ထွန်း (၁၉ နှစ်)ကားဆေးမှုတ်၊ ရန်ငြိမ်း အောင် (၂ဝ နှစ်)ကျပန်းလုပ်သား၊ ကျော်ကိုကို(၂၂ နှစ်) ကျပန်းလုပ် သား၊ မျိုးဗလငြိမ်း(၁၈ နှစ်) ကား ဘော်ဒီထုလုပ်သား၊ ရန်မျိုးနိုင် (၂ဝနှစ်) သံပန်းသံတံခါးလုပ်ငန်း၊ နေသူရိန်ထွန်း(၁၉ နှစ်) ကားဆေး သုတ်လုပ်ငန်း၊ အောင်ကျော်ကျော် (၁၈နှစ်) ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်း၊ မင်းနှစ်ဆန်းအောင်(၁၈ နှစ်) အလူ မီနီယံလုပ်ငန်းတို့အား သုံးနာရီအတွင်း ရဲကဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး မိတ္ထီလာမြို့မရဲစခန်း က တရားခံရှစ်ဦးအား (ပ) ၁၆၇/ ၂ဝ၁၆ပုဒ်မ-၃ဝ၂ဖြင့် ပြောင်းလဲ အရေးယူအမှုဖွင့်ထားသည်။

လူငယ်ချင်းစကားများရန်ဖြစ် ရာမှ လူသတ်မှုဖြစ်ပွားခဲ့သော အမှုကို မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲထွဋ်၏ဦးဆောင် မှုဖြင့် လူသတ်တရားခံရှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဖော် ထုတ်မှုအရ သုံးနာရီအတွင်း လူ သတ်တရားခံများနှင့် သက်သေခံ ပစ္စည်းများအား အသိသက်သေ များနှင့်တကွ ဖမ်းဆီးဖော်ထုတ် နိုင်ခြင်းဖြစ်သည်။

တင်လှိုင်(မိတ္ထီလာ)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)