ေက်ာင္းဆင္းခ်ိန္တြင္ေနဝင္ခဲ့သည္🌹


ေလွနစ္ျမဳပ္မႈမွ အသက္ရွင္လြတ္ေျမာက္ခဲ့ၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ား။

လိႈင္းဂယက္မရွိေသာ ျမစ္ေရျပင္ထက္ဝယ္ သံုးႀကိမ္တုိင္ေအာင္ လက္ေထာင္ျပသြားခဲ့ျခင္းက သူ၏ေနာက္ဆံုးႏႈတ္ဆက္ျခင္းျဖစ္ခဲ့ပါသည္။ နဝမတန္းေက်ာင္းသား ေမာင္ရီေဝလင္းက ေရျပင္တြင္ ကူးခတ္ရင္းမွ အကူအညီရလိုရျငား လက္ေထာင္ျပခဲ့ျခင္းသည္ ကမ္းစပ္ရွိ သူငယ္ခ်င္းမ်ားႏွင့္အတူ လူ႔ေလာကႀကီးကို ေနာက္ဆံုးႏႈတ္ဆက္သည့္အလား ျဖစ္ခဲ့ပါသည္။

အဠမတန္းႏွင့္ သတၱမတန္းေက်ာင္းသူေလး ႏွစ္ဦး၏အသက္ကို ကယ္တင္အၿပီး က်န္ေနေသးေသာေက်ာင္းသူကို ကယ္ဆယ္ရန္အသြား လက္ပန္းက်ကာ ကြယ္လြန္ခဲ့ေသာ နဝမတန္းေက်ာင္းသား ေမာင္ရီေဝလင္း။

ေက်ာင္းမ်ား စတင္ဖြင့္သည့္ ဇြန္လ ၁ ရက္က ေက်ာင္းတက္အၿပီး အိမ္သို႔ျပန္လာေသာ ေမာင္ရီေဝလင္းသည္ အိမ္သို႔ ဘယ္ေသာအခါမွ် ျပန္မေရာက္ႏိုင္ေတာ့ပါေခ်။ သူအပါအဝင္ ပုဏၰားကြၽန္းၿမိဳ႕နယ္ထဲမွ ဂန္႔ဂါရြာဇာတိေက်ာင္းသူေက်ာင္းသား ၃၅ ဦးလိုက္ပါလာေသာ ကူးတို႔ေလွသည္ ေတာဖ်ားေခ်ာင္းဟုေခၚဆိုၾကေသာ ပိုးရႊီျပင္ျမစ္အလယ္တြင္ နစ္ျမဳပ္သြားခဲ့ရာမွ ေမာင္ရီေဝလင္းႏွင့္ အျခားေက်ာင္းသားေျခာက္ဦးတို႔ကို အသက္ဆံုး႐ႈံးသြားေစခဲ့သည္။
ဂန္႔ဂါေက်းရြာမွာ ပိုးရႊီျပင္အထက္တန္းေက်ာင္းခြဲသို႔ တစ္နာရီၾကာ ေရေၾကာင္းခရီးျဖင့္ သြားရသည္။ ေက်ာင္းသို႔သြားရန္ ေရလမ္းကိုသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား အားထားၾကရသည္။
လူဦးေရအေယာက္ ၂၀ ကိုသာ တင္ေဆာင္ႏိုင္စြမ္းရွိသည့္ ကူးတို႔ေလွသည္ ေက်ာင္းသူ၊ ေက်ာင္းသားေပါင္း ၃၅ ဦးကိုတင္ေဆာင္ကာ ရြာသို႔ျပန္လာခဲ့စဥ္ ေလွဦးပိုင္းအတြင္းသို႔ ေရမ်ားစိမ့္ဝင္လာကာ နစ္ျမဳပ္သြားခဲ့ျခင္းျဖစ္သည္။
ေလွနစ္လွ်င္နစ္ခ်င္း ေရကူးတတ္သူမ်ားက ကမ္းသို႔ ေရာက္ေအာင္ကူးခတ္သြားၾကသည္။ ေရကူးကြၽမ္းက်င္ေသာ ေမာင္ရီေဝလင္း ႏွင့္ အခင္ဆံုးသူငယ္ခ်င္း ေမာင္စိုးေအာင္လင္းႏွင့္ ေမာင္ထြန္းျမင့္ေက်ာ္တို႔မွာမူ ကိုယ္လြတ္႐ုန္း၍မကူးခဲ့ၾကဘဲ အျခားေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို ရႏုိင္သမွ် ကယ္ဆယ္ခဲ့ၾကသည္။ ကမ္းစပ္မွ ေပ ၅၀ ေက်ာ္အကြာတြင္ နစ္ျမဳပ္ေနေသာ ေလွရွိရာေနရာမွ ကမ္းစပ္သို႔ သြားခ်ည္ျပန္ခ်ည္ႏွင့္ ရႏိုင္သမွ်ေသာ အသက္မ်ားကို ကယ္ဆယ္ခဲ့ၾကသည္။
ေမာင္ရီေဝလင္း၏ သူငယ္ခ်င္း ေမာင္စိုးေအာင္လင္းက ေက်ာင္းသူေလးဦးကို ကယ္ဆယ္ခဲ့ေသာ္လည္း တစ္ဦးမွာ ကံအေၾကာင္းမလွဘဲ အသက္ဆံုးသည့္အထဲ ပါသြားခဲ့သည္။
ေမာင္ရီေဝလင္းကမူ အ႒မတန္းႏွင့္ သတၱမတန္း ေက်ာင္းသူေလးႏွစ္ဦး၏အသက္ကို ႏွစ္ေခါက္ျပန္ကူးခတ္ကာ ကယ္တင္ေပးခဲ့သည္။ ေက်ာင္းသူႏွစ္ဦးကို ကမ္းသို႔ပို႔အၿပီး က်န္ေနေသာ ေက်ာင္းသူကို ကယ္ဆယ္ရန္အသြား လက္ပန္းက်ေနေသာ ေမာင္ရီေဝလင္းသည္ အေၾကာက္လြန္ေနေသာ ေက်ာင္းသူကို ဆြဲယူကယ္ဆယ္ရင္းက မဟန္ႏိုင္ေတာ့ကာ လက္ျပအကူအညီေတာင္းရင္း သူပါေရထဲသို႔ နစ္ျမဳပ္သြားခဲ့ျခင္း ျဖစ္သည္ဟု ျမင္ေတြ႕ခဲ့သူမ်ားက ေျပာၾကသည္။

ေက်ာင္းသူ သံုးဦး၏အသက္ကို ကယ္တင္ခဲ့ေသာ ေမာင္စိုးေအာင္လင္း။

ေရကူးကြၽမ္းက်င္သည့္ ေမာင္ရီေဝလင္းသည္ ေလွနစ္ျမဳပ္မႈေၾကာင့္ ေပ်ာက္ဆံုးေနသည္ဟူေသာသတင္းကို ဖခင္ျဖစ္သူက ၾကားလွ်င္ၾကားခ်င္း မယံုၾကည္ႏိုင္ခဲ့ေပ။ ေလွနစ္ျမဳပ္ရာေနရာသို႔ ေရာက္လာကာမွ သားျဖစ္သူကို မေတြ႕သျဖင့္ မယံုတစ္ဝက္ယံုတစ္ဝက္ျဖင့္ ေနာက္ဆံုးေမွ်ာ္လင့္ခ်က္ကို ဆုပ္ကိုင္ထားေသာ္လည္း အေလာင္းျပန္ရလိုက္ခ်ိန္တြင္ေတာ့ ယူက်ံဳးမရစြာ အျဖစ္မွန္ကို လက္ခံလိုက္ရေလေတာ့သည္။ ေမာင္ရီေဝလင္း၏မိခင္ကေတာ့ သားစိတ္ျဖင့္ပင္ ေလွနစ္ျမဳပ္သည့္ေန႔မွစတင္ကာ အိပ္ရာထဲတြင္ လဲေနေတာ့သည္ဟု ဖခင္ျဖစ္သူက ဆိုသည္။
ေမာင္ရီေဝလင္းသည္ မိသားစုတြင္ အငယ္ဆံုးသားျဖစ္ၿပီး အႀကီးျဖစ္သူမွာ ထုိင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနၿပီး အလတ္ျဖစ္သူကေတာ့ မိသားစုကို ကူညီလုပ္ကိုင္ေပးေနကာ မိသားစု၏ ေမွ်ာ္လင့္ခ်က္ကို အငယ္ဆံုးသားထံတြင္ စုပံုထားသည္။ ပညာတတ္ေစလိုၾကသည္။ အငယ္ဆံုးသားျဖစ္သူ ေမာင္ရီေဝလင္းႏွင့္ ပတ္သက္၍ ဖခင္ျဖစ္သူက ယခုလို ဝမ္းနည္းစကားဆိုသည္။
‘‘ရီေဝလင္းကို ပညာတတ္ျဖစ္ေစခ်င္လို႔ မရွိမဲ့ရွိမဲ့ ဒုကၡခံၿပီး စာသင္ေပးတာ။ အခုလိုအျဖစ္ဆိုးနဲ႔ ႀကံဳရေတာ့ အရမ္းဝမ္းနည္းတယ္’’ဟု ဦးေမာင္သန္းစိန္က တိုးတိမ္ေနေသာအသံျဖင့္ ေျပာသည္။ ေမာင္ရီေဝလင္းသည္ ငယ္စဥ္ကတည္းက သူတစ္ပါးကို ကူညီတတ္သူ ျဖစ္သည္ဟုလည္း ဖခင္ျဖစ္သူက ေျပာသည္။
ေလွနစ္သူမ်ားတြင္ အတန္းစံုအရြယ္စံုပါဝင္ခဲ့ၿပီး ထိုအထဲတြင္(၁၃)ႏွစ္သား ေမာင္ျမင့္ထြန္းေက်ာ္တစ္ေယာက္ အသက္ရွင္ခြင့္ရခဲ့ေသာ္လည္း ယူက်ံဳးမရျဖစ္လ်က္ရွိသည္။ ေလွနစ္ရာမွ ကိုယ္လြတ္႐ုန္းကူးခတ္လာႏိုင္ခဲ့ေသာ္လည္း အစ္မျဖစ္သူ ေရနစ္ေနသည္ကို ကယ္ဆယ္ရန္ ႀကိဳးပမ္းခဲ့စဥ္ အားမမွ်သျဖင့္ ခ်န္ထားခဲ့ရသည္ဟု ဆိုသည္။
‘‘ေရနစ္ေနတဲ့ အစ္မကို ကြၽန္ေတာ္ကိုယ္တုိင္ ကယ္တင္ခဲ့ေပမယ့္ ေရထဲမွာ အားမမွ်လို႔ ကိုယ့္အသက္ကိုယ္သာ ကယ္လိုက္ႏိုင္တယ္’’ဟု အသက္ေဘးမွ လြတ္ေျမာက္လာခဲ့သူ ေမာင္ျမင့္ထြန္းေက်ာ္က ေျပာသည္။
ယခုကဲ့သို႔ အျဖစ္ဆိုးႏွင့္ ေသဆံုးရျခင္းသည္ ဂန္႔ဂါေက်းရြာတြင္ မူလတန္းလြန္ေက်ာင္းသာရွိၿပီး အလယ္တန္းအဆင့္ ေက်ာင္းတစ္ေက်ာင္းမရွိသည့္အတြက္ ျဖစ္ရသည္ဟု ေလွနစ္ရာတြင္ ေသဆံုးခဲ့သူ ေက်ာင္းသူတစ္ဦး၏ဖခင္ ဦးထြန္းလိႈင္ကဆိုသည္။
‘‘လိႈင္းေလႀကီးလို႔ ေလွေမွာက္တယ္ဆိုရင္ လက္ခံႏုိင္ေသးတယ္။ အခုေတာ့ ရာသီဥတုကလည္း သာယာေနတဲ့အခ်ိန္မွာ အခုလိုမ်ိဳးျဖစ္တာ လံုးဝမျဖစ္သင့္တဲ့ အရာတစ္ခုပါ။ တကယ္လို႔ ကြၽန္ေတာ္တို႔ရြာမွာ အထက္တန္းေက်ာင္းခြဲအဆင့္ ေက်ာင္းရွိမယ္ဆိုရင္ ဒီအျဖစ္ဆိုးလည္း ႀကံဳမွာမဟုတ္ပါဘူး’’ဟု ဦးထြန္းလိႈင္က မခ်ိတင္ကဲ ေျပာသည္။
ေလွနစ္ျမဳပ္မႈ ျဖစ္ပြားၿပီးေနာက္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕က ေသဆံုးသူ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အလွဴျပဳလုပ္ရန္ တစ္ဦးလွ်င္ က်ပ္ေျခာက္သိန္းေထာက္ပံ့ကူညီခဲ့သည္။
ေလွနစ္ျမဳပ္မႈေၾကာင့္ ေသဆံုးသြားသူမ်ားအတြက္ ရည္စူး၍ အလွဴျပဳလုပ္သည့္ ဇြန္လ ၄ ရက္ တြင္ ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ ဂန္႔ဂါရြာသို႔ ေရာက္ရွိလာခဲ့ၾကသည္။
ဂန္႔ဂါရြာတြင္ အထက္တန္းေက်ာင္း ဖြင့္လွစ္ခြင့္ရေရး ႀကိဳးစားေပးမည္ဟု လႊတ္ေတာ္ဥကၠ႒က ေျပာၾကားခဲ့သည့္ အခါတြင္ေတာ့ ရြာသူရြာသားမ်ား ဝမ္းနည္းဝမ္းသာ ျဖစ္ခဲ့ၾကရသည္။
ရခိုင္ျပည္နယ္သည္ ဘဂၤလားပင္လယ္ေအာ္တစ္ေလွ်ာက္ ရွည္လ်ားေသာ ကမ္း႐ိုးတန္း၊ မ်ားျပားလွေသာ ကြၽန္းမ်ားႏွင့္ ျမစ္မ်ားေၾကာင့္ ျပည္နယ္အတြင္း ေနရာအေတာ္မ်ားမ်ားသည္ အပိုင္းပိုင္းကြဲေနကာ သြားလာရခက္ခဲေနဆဲ ျဖစ္သည္။
ရခိုင္ျပည္နယ္၏ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္အနက္ ငါးၿမိဳ႕နယ္မွာ ကြၽန္းမ်ားေပၚတြင္သာ လံုးလံုးလ်ားလ်ားတည္ရွိၿပီး က်န္ၿမိဳ႕နယ္အခ်ိဳ႕မွာလည္း တစ္စိတ္တစ္ပိုင္းအားျဖင့္ ကြၽန္းမ်ားေပၚတြင္ရွိေနကာ ျပည္နယ္တြင္းရွိ အဓိက သယ္ယူပို႔ေဆာင္ေရးအျဖစ္ ေရလမ္းမွ သြားလာေရးကိုသာ အားထားေနရဆဲျဖစ္ေၾကာင္း ကမၻာ႔ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ (UNDP) က ထုတ္ျပန္သည့္ ရခိုင္ျပည္နယ္၏ေဒသႏၲရ အုပ္ခ်ဳပ္ေရးလုပ္ငန္းစဥ္ အေျခအေနတြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံတြင္ ခ်င္းျပည္နယ္ၿပီးပါက ဒုတိယဖြံ႕ၿဖိဳးမႈ အနည္းဆံုးျဖစ္သည့္ ရခိုင္ျပည္နယ္တြင္ ေဒသခံအမ်ားစုသည္ ၿမိဳ႕ေပၚေဒသမ်ားထက္ ေက်းလက္ေဒသမ်ား၌ ေနထုိင္လ်က္ရွိၾကၿပီး သြားလာေရးအတြက္ ေရေၾကာင္းကိုသာ အားထားေနရဆဲျဖစ္သည္။
ေငြေၾကးခ်ိဳ႕တဲ့ၾကသျဖင့္ ေက်းလက္ေဒသမ်ားတြင္ ပညာသင္ၾကားရန္ အဆင့္ျမင့္ေက်ာင္းမ်ားမရွိျခင္း၊ အျခားေက်းရြာရွိ အလယ္တန္း၊ အထက္တန္းေက်ာင္းမ်ားသို႔ နိစၥဓူဝေရေၾကာင္းခရီးကို သံုးကာသြားလာေနရဆဲ ျဖစ္သည္။ တစ္ၿမိဳ႕ႏွင့္တစ္ၿမိဳ႕၊ တစ္ရြာႏွင့္တစ္ရြာ ကူးလူူးသြားလာရာတြင္ သံုးၾကသည့္ေလွမ်ား၊ သေဘၤာမ်ားေပၚတြင္လည္း သတ္မွတ္ကုန္ခ်ိန္၊ တန္ခ်ိန္မ်ားထက္ ေက်ာ္လြန္တင္ေဆာင္ေနမႈမ်ားကလည္း ရခိုင္ျပည္နယ္တြင္ ရွိေနၾကဆဲျဖစ္ပါသည္။
ထိုသို႔ သတ္မွတ္အေလးခ်ိန္ထက္ ေက်ာ္လြန္ကာ တင္ေဆာင္ခဲ့သျဖင့္ ၂၀၁၅ မတ္လ ၁၃ ရက္က ေက်ာက္ျဖဴၿမိဳ႕မွ စစ္ေတြၿမိဳ႕သို႔ ထြက္ခြာလာသည့္ ျပည္တြင္းေရေၾကာင္းသေဘၤာ ေအာင္တံခြန္(၃)သည္ ေျမပံုၿမိဳ႕နယ္ ေျမာက္ႀကိမ္ကြၽန္းအနီး ပင္လယ္ျပင္တြင္ နစ္ျမဳပ္ကာ သေဘၤာေပၚလိုက္ပါလာသည့္ ခရီးသည္တစ္ရာေက်ာ္ ေရနစ္ေသဆံုးခဲ့သည့္ အျဖစ္ဆိုးကို ႀကံဳေတြ႕ခဲ့ရၿပီးျဖစ္သည္။
ေရေၾကာင္းသြားယာဥ္မ်ား၊ ေလွမ်ားေဘးအႏၲရာယ္ မျဖစ္ေအာင္ ေရယာဥ္ေမာင္းသူမ်ား စည္းကမ္းလိုက္နာရန္ လိုအပ္သည္။ အစိုးရကလည္း ခရီးသည္မ်ား လံုၿခံဳေရးအတြက္ စည္းကမ္းၾကပ္မတ္ရန္၊ အသက္ကယ္အက်ႌမ်ား၊ ေကာင္းမြန္ခိုင္ခံ့ေသာ ေရယာဥ္မ်ား စီစဥ္ေပးရန္ လိုအပ္ေၾကာင္း ရခိုင္ျပည္နယ္ေဒသခံမ်ားက ေျပာသည္။
ေလွနစ္ျမဳပ္မႈ ျဖစ္ပြားၿပီးေနာက္ ဂန္႔ဂါေက်းရြာမွ ေက်ာင္းသားမ်ားသည္ ပိုးရႊီျပင္ျမစ္ (ေတာဖ်ားေခ်ာင္း) ကိုျဖတ္ကာ ေက်ာင္းသြားရန္ အလြန္စိုးရြံ႕ေနၾကၿပီဟု ဆိုၾကသည္။
‘‘ကြၽန္ေတာ္တို႔ေလွနဲ႔ ျမစ္ကိုကူးၿပီး ေက်ာင္းတက္သြားဖို႔ အရမ္းေၾကာက္သြားပါၿပီ။ ေက်ာင္းမတက္ရရင္လည္း ေနပါေစေတာ့’’ ဟု အသက္ေဘးမွ လြတ္ေျမာက္လာသူ ေမာင္ျမင့္ထြန္းေက်ာ္က ဆိုသည္။
ဂန္႔ဂါ ရြာသူရြာသားမ်ားကေတာ့ ရြာတြင္ အထက္တန္းေက်ာင္း အျမန္ဖြင့္လွစ္ကာ ရြာမွကေလးငယ္မ်ား စိတ္ေအးခ်မ္းသာစြာ ပညာသင္ၾကားခြင့္ရမည့္ တစ္ေန႔ကိုသာ ေမွ်ာ္လင့္ေစာင့္စားေနၾကသည္။
(7 Day Daily)
......
ကျောင်းဆင်းချိန်တွင်နေဝင်ခဲ့သည်🌹
လှိုင်းဂယက်မရှိသော မြစ်ရေပြင်ထက်ဝယ် သုံးကြိမ်တိုင်အောင် လက်ထောင်ပြသွားခဲ့ခြင်းက သူ၏နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ခဲ့ပါသည်။ နဝမတန်းကျောင်းသား မောင်ရီဝေလင်းက ရေပြင်တွင် ကူးခတ်ရင်းမှ အကူအညီရလိုရငြား လက်ထောင်ပြခဲ့ခြင်းသည် ကမ်းစပ်ရှိ သူငယ်ချင်းများနှင့်အတူ လူ့လောကကြီးကို နောက်ဆုံးနှုတ်ဆက်သည့်အလား ဖြစ်ခဲ့ပါသည်။
ကျောင်းများ စတင်ဖွင့်သည့် ဇွန်လ ၁ ရက်က ကျောင်းတက်အပြီး အိမ်သို့ပြန်လာသော မောင်ရီဝေလင်းသည် အိမ်သို့ ဘယ်သောအခါမျှ ပြန်မရောက်နိုင်တော့ပါချေ။ သူအပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှ ဂန့်ဂါရွာဇာတိကျောင်းသူကျောင်းသား ၃၅ ဦးလိုက်ပါလာသော ကူးတို့လှေသည် တောဖျားချောင်းဟုခေါ်ဆိုကြသော ပိုးရွှီပြင်မြစ်အလယ်တွင် နစ်မြုပ်သွားခဲ့ရာမှ မောင်ရီဝေလင်းနှင့် အခြားကျောင်းသားခြောက်ဦးတို့ကို အသက်ဆုံးရှုံးသွားစေခဲ့သည်။
ဂန့်ဂါကျေးရွာမှာ ပိုးရွှီပြင်အထက်တန်းကျောင်းခွဲသို့ တစ်နာရီကြာ ရေကြောင်းခရီးဖြင့် သွားရသည်။ ကျောင်းသို့သွားရန် ရေလမ်းကိုသာ ကျောင်းသူ၊ ကျောင်းသားများ အားထားကြရသည်။
လူဦးရေအယောက် ၂၀ ကိုသာ တင်ဆောင်နိုင်စွမ်းရှိသည့် ကူးတို့လှေသည် ကျောင်းသူ၊ ကျောင်းသားပေါင်း ၃၅ ဦးကိုတင်ဆောင်ကာ ရွာသို့ပြန်လာခဲ့စဉ် လှေဦးပိုင်းအတွင်းသို့ ရေများစိမ့်ဝင်လာကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။
လှေနစ်လျှင်နစ်ချင်း ရေကူးတတ်သူများက ကမ်းသို့ ရောက်အောင်ကူးခတ်သွားကြသည်။ ရေကူးကျွမ်းကျင်သော မောင်ရီဝေလင်း နှင့် အခင်ဆုံးသူငယ်ချင်း မောင်စိုးအောင်လင်းနှင့် မောင်ထွန်းမြင့်ကျော်တို့မှာမူ ကိုယ်လွတ်ရုန်း၍မကူးခဲ့ကြဘဲ အခြားကျောင်းသူ၊ ကျောင်းသားများကို ရနိုင်သမျှ ကယ်ဆယ်ခဲ့ကြသည်။ ကမ်းစပ်မှ ပေ ၅၀ ကျော်အကွာတွင် နစ်မြုပ်နေသော လှေရှိရာနေရာမှ ကမ်းစပ်သို့ သွားချည်ပြန်ချည်နှင့် ရနိုင်သမျှသော အသက်များကို ကယ်ဆယ်ခဲ့ကြသည်။
မောင်ရီဝေလင်း၏ သူငယ်ချင်း မောင်စိုးအောင်လင်းက ကျောင်းသူလေးဦးကို ကယ်ဆယ်ခဲ့သော်လည်း တစ်ဦးမှာ ကံအကြောင်းမလှဘဲ အသက်ဆုံးသည့်အထဲ ပါသွားခဲ့သည်။
မောင်ရီဝေလင်းကမူ အဋ္ဌမတန်းနှင့် သတ္တမတန်း ကျောင်းသူလေးနှစ်ဦး၏အသက်ကို နှစ်ခေါက်ပြန်ကူးခတ်ကာ ကယ်တင်ပေးခဲ့သည်။ ကျောင်းသူနှစ်ဦးကို ကမ်းသို့ပို့အပြီး ကျန်နေသော ကျောင်းသူကို ကယ်ဆယ်ရန်အသွား လက်ပန်းကျနေသော မောင်ရီဝေလင်းသည် အကြောက်လွန်နေသော ကျောင်းသူကို ဆွဲယူကယ်ဆယ်ရင်းက မဟန်နိုင်တော့ကာ လက်ပြအကူအညီတောင်းရင်း သူပါရေထဲသို့ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု မြင်တွေ့ခဲ့သူများက ပြောကြသည်။
ရေကူးကျွမ်းကျင်သည့် မောင်ရီဝေလင်းသည် လှေနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည်ဟူသောသတင်းကို ဖခင်ဖြစ်သူက ကြားလျှင်ကြားချင်း မယုံကြည်နိုင်ခဲ့ပေ။ လှေနစ်မြုပ်ရာနေရာသို့ ရောက်လာကာမှ သားဖြစ်သူကို မတွေ့သဖြင့် မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသော်လည်း အလောင်းပြန်ရလိုက်ချိန်တွင်တော့ ယူကျုံးမရစွာ အဖြစ်မှန်ကို လက်ခံလိုက်ရလေတော့သည်။ မောင်ရီဝေလင်း၏မိခင်ကတော့ သားစိတ်ဖြင့်ပင် လှေနစ်မြုပ်သည့်နေ့မှစတင်ကာ အိပ်ရာထဲတွင် လဲနေတော့သည်ဟု ဖခင်ဖြစ်သူက ဆိုသည်။
မောင်ရီဝေလင်းသည် မိသားစုတွင် အငယ်ဆုံးသားဖြစ်ပြီး အကြီးဖြစ်သူမှာ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေပြီး အလတ်ဖြစ်သူကတော့ မိသားစုကို ကူညီလုပ်ကိုင်ပေးနေကာ မိသားစု၏ မျှော်လင့်ချက်ကို အငယ်ဆုံးသားထံတွင် စုပုံထားသည်။ ပညာတတ်စေလိုကြသည်။ အငယ်ဆုံးသားဖြစ်သူ မောင်ရီဝေလင်းနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက ယခုလို ဝမ်းနည်းစကားဆိုသည်။
‘‘ရီဝေလင်းကို ပညာတတ်ဖြစ်စေချင်လို့ မရှိမဲ့ရှိမဲ့ ဒုက္ခခံပြီး စာသင်ပေးတာ။ အခုလိုအဖြစ်ဆိုးနဲ့ ကြံုရတော့ အရမ်းဝမ်းနည်းတယ်’’ဟု ဦးမောင်သန်းစိန်က တိုးတိမ်နေသောအသံဖြင့် ပြောသည်။ မောင်ရီဝေလင်းသည် ငယ်စဉ်ကတည်းက သူတစ်ပါးကို ကူညီတတ်သူ ဖြစ်သည်ဟုလည်း ဖခင်ဖြစ်သူက ပြောသည်။
လှေနစ်သူများတွင် အတန်းစုံအရွယ်စုံပါဝင်ခဲ့ပြီး ထိုအထဲတွင်(၁၃)နှစ်သား မောင်မြင့်ထွန်းကျော်တစ်ယောက် အသက်ရှင်ခွင့်ရခဲ့သော်လည်း ယူကျံုးမရဖြစ်လျက်ရှိသည်။ လှေနစ်ရာမှ ကိုယ်လွတ်ရုန်းကူးခတ်လာနိုင်ခဲ့သော်လည်း အစ်မဖြစ်သူ ရေနစ်နေသည်ကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့စဉ် အားမမျှသဖြင့် ချန်ထားခဲ့ရသည်ဟု ဆိုသည်။
‘‘ရေနစ်နေတဲ့ အစ်မကို ကျွန်တော်ကိုယ်တိုင် ကယ်တင်ခဲ့ပေမယ့် ရေထဲမှာ အားမမျှလို့ ကိုယ့်အသက်ကိုယ်သာ ကယ်လိုက်နိုင်တယ်’’ဟု အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ မောင်မြင့်ထွန်းကျော်က ပြောသည်။
ယခုကဲ့သို့ အဖြစ်ဆိုးနှင့် သေဆုံးရခြင်းသည် ဂန့်ဂါကျေးရွာတွင် မူလတန်းလွန်ကျောင်းသာရှိပြီး အလယ်တန်းအဆင့် ကျောင်းတစ်ကျောင်းမရှိသည့်အတွက် ဖြစ်ရသည်ဟု လှေနစ်ရာတွင် သေဆုံးခဲ့သူ ကျောင်းသူတစ်ဦး၏ဖခင် ဦးထွန်းလှိုင်ကဆိုသည်။
‘‘လှိုင်းလေကြီးလို့ လှေမှောက်တယ်ဆိုရင် လက်ခံနိုင်သေးတယ်။ အခုတော့ ရာသီဥတုကလည်း သာယာနေတဲ့အချိန်မှာ အခုလိုမျိုးဖြစ်တာ လုံးဝမဖြစ်သင့်တဲ့ အရာတစ်ခုပါ။ တကယ်လို့ ကျွန်တော်တို့ရွာမှာ အထက်တန်းကျောင်းခွဲအဆင့် ကျောင်းရှိမယ်ဆိုရင် ဒီအဖြစ်ဆိုးလည်း ကြံုမှာမဟုတ်ပါဘူး’’ဟု ဦးထွန်းလှိုင်က မချိတင်ကဲ ပြောသည်။
လှေနစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သေဆုံးသူ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူပြုလုပ်ရန် တစ်ဦးလျှင် ကျပ်ခြောက်သိန်းထောက်ပံ့ကူညီခဲ့သည်။
လှေနစ်မြုပ်မှုကြောင့် သေဆုံးသွားသူများအတွက် ရည်စူး၍ အလှူပြုလုပ်သည့် ဇွန်လ ၄ ရက် တွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ဂန့်ဂါရွာသို့ ရောက်ရှိလာခဲ့ကြသည်။
ဂန့်ဂါရွာတွင် အထက်တန်းကျောင်း ဖွင့်လှစ်ခွင့်ရရေး ကြိုးစားပေးမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည့် အခါတွင်တော့ ရွာသူရွာသားများ ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ကြရသည်။
ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ရှည်လျားသော ကမ်းရိုးတန်း၊ များပြားလှသော ကျွန်းများနှင့် မြစ်များကြောင့် ပြည်နယ်အတွင်း နေရာအတော်များများသည် အပိုင်းပိုင်းကွဲနေကာ သွားလာရခက်ခဲနေဆဲ ဖြစ်သည်။
ရခိုင်ပြည်နယ်၏မြို့နယ် ၁၇ မြို့နယ်အနက် ငါးမြို့နယ်မှာ ကျွန်းများပေါ်တွင်သာ လုံးလုံးလျားလျားတည်ရှိပြီး ကျန်မြို့နယ်အချို့မှာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ကျွန်းများပေါ်တွင်ရှိနေကာ ပြည်နယ်တွင်းရှိ အဓိက သယ်ယူပို့ဆောင်ရေးအဖြစ် ရေလမ်းမှ သွားလာရေးကိုသာ အားထားနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ထုတ်ပြန်သည့် ရခိုင်ပြည်နယ်၏ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် အခြေအနေတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ချင်းပြည်နယ်ပြီးပါက ဒုတိယဖွံ့ဖြိုးမှု အနည်းဆုံးဖြစ်သည့် ရခိုင်ပြည်နယ်တွင် ဒေသခံအများစုသည် မြို့ပေါ်ဒေသများထက် ကျေးလက်ဒေသများ၌ နေထိုင်လျက်ရှိကြပြီး သွားလာရေးအတွက် ရေကြောင်းကိုသာ အားထားနေရဆဲဖြစ်သည်။
ငွေကြေးချို့တဲ့ကြသဖြင့် ကျေးလက်ဒေသများတွင် ပညာသင်ကြားရန် အဆင့်မြင့်ကျောင်းများမရှိခြင်း၊ အခြားကျေးရွာရှိ အလယ်တန်း၊ အထက်တန်းကျောင်းများသို့ နိစ္စဓူဝရေကြောင်းခရီးကို သုံးကာသွားလာနေရဆဲ ဖြစ်သည်။ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ ကူးလူူးသွားလာရာတွင် သုံးကြသည့်လှေများ၊ သင်္ဘောများပေါ်တွင်လည်း သတ်မှတ်ကုန်ချိန်၊ တန်ချိန်များထက် ကျော်လွန်တင်ဆောင်နေမှုများကလည်း ရခိုင်ပြည်နယ်တွင် ရှိနေကြဆဲဖြစ်ပါသည်။
ထိုသို့ သတ်မှတ်အလေးချိန်ထက် ကျော်လွန်ကာ တင်ဆောင်ခဲ့သဖြင့် ၂၀၁၅ မတ်လ ၁၃ ရက်က ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် ပြည်တွင်းရေကြောင်းသင်္ဘော အောင်တံခွန်(၃)သည် မြေပုံမြို့နယ် မြောက်ကြိမ်ကျွန်းအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ကာ သင်္ဘောပေါ်လိုက်ပါလာသည့် ခရီးသည်တစ်ရာကျော် ရေနစ်သေဆုံးခဲ့သည့် အဖြစ်ဆိုးကို ကြံုတွေ့ခဲ့ရပြီးဖြစ်သည်။
ရေကြောင်းသွားယာဉ်များ၊ လှေများဘေးအန္တရာယ် မဖြစ်အောင် ရေယာဉ်မောင်းသူများ စည်းကမ်းလိုက်နာရန် လိုအပ်သည်။ အစိုးရကလည်း ခရီးသည်များ လုံခြံုရေးအတွက် စည်းကမ်းကြပ်မတ်ရန်၊ အသက်ကယ်အကျႌများ၊ ကောင်းမွန်ခိုင်ခံ့သော ရေယာဉ်များ စီစဉ်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဒေသခံများက ပြောသည်။
လှေနစ်မြုပ်မှု ဖြစ်ပွားပြီးနောက် ဂန့်ဂါကျေးရွာမှ ကျောင်းသားများသည် ပိုးရွှီပြင်မြစ် (တောဖျားချောင်း) ကိုဖြတ်ကာ ကျောင်းသွားရန် အလွန်စိုးရွံ့နေကြပြီဟု ဆိုကြသည်။
‘‘ကျွန်တော်တို့လှေနဲ့ မြစ်ကိုကူးပြီး ကျောင်းတက်သွားဖို့ အရမ်းကြောက်သွားပါပြီ။ ကျောင်းမတက်ရရင်လည်း နေပါစေတော့’’ ဟု အသက်ဘေးမှ လွတ်မြောက်လာသူ မောင်မြင့်ထွန်းကျော်က ဆိုသည်။
ဂန့်ဂါ ရွာသူရွာသားများကတော့ ရွာတွင် အထက်တန်းကျောင်း အမြန်ဖွင့်လှစ်ကာ ရွာမှကလေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားခွင့်ရမည့် တစ်နေ့ကိုသာ မျှော်လင့်စောင့်စားနေကြသည်။
(7 Day Daily)



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)