ပုဏ္ဏားကျွန်းမြို့နယ်၊ စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးကျောင်းသား ၇ ဦး၏ အလောင်းများ အားလုံး ရှာဖွေတွေ့ရှိ
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်းကျေးရွာအနီး ကျောင်းသူ/သားများ ၃၅ ဦး တင်ဆောင်လာသော ကူးတို့စက်လှေ ဇွန်လ ၁ ရက်နေ့ နေ့လည်ပိုင်းက နစ်မြုပ်မှုတွင် ၇ ဦးပျောက်ဆုံးနေခဲ့ရာ ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီကျော်တွင် ကျောင်းသား ၂ ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၀ နာရီခန့်တွင် အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ညနေ ၃ နာရီ ၀န်းကျင်တွင် အလောင်းအားလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ပျောက်ဆုံး ကျောင်းသား ၇ ဦးတို့မှာ ဂန့်ဂါရွာနှင့် ရဟတ်တောင်ရွာတို့မှ ကျောင်းသားများဖြစ်ပြီး အဆိုပါ ကျေးရွာမှ ကျောင်းသားများ အနေဖြင့် နေ့စဉ်စက်လှေဖြင့် ကျောင်းသို့ သွားရကြောင်း၊ ယင်းသို့ စက်လှေဖြင့် သွားရောက်ရာတွင် ကျောင်းသို့ ရောက်ရန် အတွက် အချိန် မိနစ် ၂၀ ခန့် ကြာမြင့်ကြောင်း၊ စက်လှေမှာ ရေ၀င်လာသဖြင့် ထိုင်နေသောနေရာ ရွှေ့ကြစဉ် တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ စက်လှေမောင်းသမား မောင်ရဲနိုင် (ဘ) ဦးမောင်သန်းညွန့်၊ အသက် ၂၅ နှစ်အား ပိုးရွှီပြင်ရဲစခန်းမှ အရေးယူနိုင်ရန် စိစစ်လျက်ရှိကြောင်း သိရသည်။
■ သန်းလှိုင်၊ ၀င်းမောင်
..............
ပုဏ္ဏားကျွန်းမြို့နယ်၊ စက်လှေနစ်မြုပ်မှုမှ ပျောက်ဆုံးကျောင်းသား ရ ဦး၏ အလောင်းများ အားလုံး ရှာဖွေတွေ့ရှိ
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်းကျေးရွာအနီး ကျောင်းသူ/သားများ ၃၅ ဦး တင်ဆောင်လာသော ကူးတို့စက်လှေ ဇွန်လ ၁ ရက်နေ့ နေ့လည်ပိုင်းက နစ်မြုပ်မှုတွင် ရ ဦးပျောက်ဆုံးနေခဲ့ရာ ဇွန်လ ၂ ရက်နေ့ နံနက် ရ နာရီကျော်တွင် ကျောင်းသား ၂ ဦး၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၀ နာရီခန့်တွင် အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ညနေ ၃ နာရီ ၀န်းကျင်တွင် အလောင်းအားလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
“ပျောက်ဆုံးနေတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့့ အလောင်း အားလုံးကို ပြန်ရှာတွေ့ပြီး ဖြစ်ပါတယ်။ ၃ နာရီကျော်လောက်က တွေ့တာပါ။ ကောင်းမွန်စွာ သင်္ဂြိလ်ဖို့ တာဝန်ရှိသူတွေနဲ့ စီစဉ်ဆောင်ရွက် နေကြပါတယ်။” ဟု တာဝန်ကျ ရဲတပ်သား တစ်ဦးဖြစ်သူ သိန်းချေမောင်က ပြောကြားခဲ့ပါသည်။
ပျောက်ဆုံး ကျောင်းသား ရ ဦးတို့မှာ ဂန့်ဂါရွာနှင့် ရဟတ်တောင်ရွာတို့မှ ကျောင်းသားများဖြစ်ပြီး အဆိုပါ ကျေးရွာမှ ကျောင်းသားများ အနေဖြင့် နေ့စဉ်စက်လှေဖြင့် ကျောင်းသို့ သွားရကြောင်း၊ ယင်းသို့ စက်လှေဖြင့် သွားရောက်ရာတွင် ကျောင်းသို့ ရောက်ရန် အတွက် အချိန် မိနစ် ၂၀ ခန့် ကြာမြင့်ကြောင်း၊ စက်လှေမှာ ရေဝင်လာသဖြင့် ထိုင်နေသောနေရာ ရွှေ့ကြစဉ် တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ စက်လှေမောင်းသမား မောင်ရဲနိုင် (ဘ) ဦးမောင်သန်းညွန့်၊ အသက် ၂၅ နှစ်အား ပိုးရွှီပြင်ရဲစခန်းမှ အရေးယူနိုင်ရန် စိစစ်လျက်ရှိကြောင်း သိရသည်။
"ဒီနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း ရောက်လာတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေကို ကျောင်းသား တစ်ယောက်စီ အတွက် ငွေကျပ် ၆ သိန်းစီ ကူညီလှူဒါန်းခဲ့သလို ဝံလက်ဖောင်ဒေးရှင်းကလည်း ၁ သိန်းစီ လှူဒါန်းခဲ့ပါတယ်။ ရဲကတော့ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်" ဟု ရွာသားတစ်ဦးမှ ပြောကြားခဲ့သည်။
■ သန်းလှိုင်၊ ၀င်းမောင်
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)