Thursday, June 30, 2016
ကျပ် သိန်းပေါင်း ၁၁၈ဝဝ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါး ပြုလုပ် ရာတွင် အသုံးပြု သည့် ပစ္စည်းများ သိမ်းဆည်း ရမိ
နေပြည်တော် ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အတွင်း နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံ ခြုံရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ကွမ်းလုံမြို့မြောက်ဘက် မီတာ ၁ဝဝဝ အကွာရှိ ကွမ်းလုံ-လောက်ကိုင် သွား ကားလမ်း၏ မြို့ရှောင်လမ်းပေါ်၌ ရပ်တန့် ထားသော ယာဉ်နှစ်စီးကို မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းများကို မတွေ့ရှိရ ဘဲ ယာဉ်အမှတ်၊ ၅က/--လီဖန်း အမျိုးအစား (လေးလုံးထိုး)(အစိမ်းနုရောင်) ယာဉ်ပေါ်မှ ပလတ်စတစ် အကြည်ရောင် နှစ်ထပ်ဖြင့် ထုပ်ပိုးထားသော ကဖင်း (အဖြူရောင်အမှုန့်) ၄ဝ ကီလိုခန့်စီပါ ဆာလာအိတ် ၁၆၅ အိတ်၊ စုစုပေါင်း အလေးချိန် ၆၆ဝဝ ကီလိုခန့်(ကာလတန်ဖိုး ကျပ်သိန်း ၄၉၅ဝ ခန့်)၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အညိုရောင် အရည် ၁၄ဝ ကီလိုခန့်စီပါ စုစုပေါင်း စတီးပီပါ ၁၃ လုံး(၁၈၂ဝ လီတာခန့်) (ကာလတန်ဖိုး ကျပ်သိန်း ၁၃၆၅ ခန့်)နှင့် ဆာလဖျူရစ် အက်စစ် အညိုရောင်အရည် ၁၄ဝ လီတာခန့်စီပါ အပြာရောင် ပလတ်စတစ်ပီပါ နှစ်ပီပါ (၂၈ဝ လီတာခန့်) (ကာလတန်ဖိုးကျပ် ၂၂၄ဝဝဝ ခန့်)တို့ကို သိမ်းဆည်းရမိခဲ့သည်။
မြ၀တီ
..........
နေပြည်တော် ဇွန် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုုင်း)၊ ကွမ်းလုံမြို့နယ် အတွင်း နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင််များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံ ခြုံရေး ဆောင်ရွက်စဉ် ယနေ့ နံနက် ၉ နာရီခွဲခန့်တွင် ကွမ်းလုံမြို့မြောက်ဘက် မီတာ ၁ဝဝဝ အကွာရှိ ကွမ်းလုံ-လောက်ကိုင် သွား ကားလမ်း၏ မြို့ရှောင်လမ်းပေါ်၌ ရပ်တန့် ထားသော ယာဉ်နှစ်စီးကို မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းများကို မတွေ့ရှိရ ဘဲ ယာဉ်အမှတ်၊ ၅က/--လီဖန်း အမျိုးအစား (လေးလုံုးထိုး)(အစိမ်းနုရောင်) ယာဉ်ပေါ်မှ ပလတ်စတစ် အကြည်ရောင် နှစ်ထပ်ဖြင့် ထုပ်ပိုးထားသော ကဖင်း (အဖြူရောင်အမှုန့်) ၄ဝ ကီလိုခန့်စီပါ ဆာလာအိတ် ၁၆၅ အိတ်၊ စုစုပေါင်း အလေးချိန် ၆၆ဝဝ ကီလိုခန့်(ကာလတန်ဖိုး ကျပ်သိန်း ၄၉၅ဝ ခန့်)၊ ဟိုက်ဒရိုကလိုရစ် အက်စစ်အညိုရောင် အရည် ၁၄ဝ ကီလိုခန့်စီပါ စုစုပေါင်း စတီးပီပါ ၁၃ လုံး(၁၈၂ဝ လီတာခန့်) (ကာလတန်ဖိုး ကျပ်သိန်း ၁၃၆၅ ခန့်)နှင့် ဆာလဖျူရစ် အက်စစ် အညိုရောင်အရည် ၁၄ဝ လီတာခန့်စီပါ အပြာရောင် ပလတ်စတစ်ပီပါ နှစ်ပီပါ (၂၈ဝ လီတာခန့်) (ကာလတန်ဖိုးကျပ် ၂၂၄ဝဝဝ ခန့်)တို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ယာဉ်အမှတ်၊ ၄ယ/--၊ အမျိုးအစား(ခြောက်လုံးထိုး)(အပြာရောင်) ယာဉ်ပေါ်မှ ပလတ် စတစ် အကြည်ရောင်နှစ်ထပ်ဖြင့် ထုပ်ပိုးထားသည့် ကဖင်း (အဖြူရောင်အမှုန့်) ၄ဝ ကီလိုခန့်စီပါ ဆာလာအိတ် ၁၈၃ အိတ်(၇၃၂ဝ ကီလိုခန့်) (ကာလတန်ဖိုးကျပ်သိန်း ၅၄၉ဝ ခန့်)ကို သိမ်း ဆည်း ရမိခဲ့သည်။ ထိုသိမ်းဆည်းရမိ ယာဉ်နှင့်ပစ္စည်းများကို ကွမ်းလုံမြို့မ ရဲစခန်းသို့ စနစ် တကျလွှဲပြောင်း အပ်နှံခဲ့ပြီးမယ(ပ)၂၂/၁၆၊ မူး/စိတ် ၁၆(ခ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
မြဝတီ
https://www.facebook.com/mwdmedia/
ကျပ် သိန်းပေါင်း ၁၁၈ဝဝ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါး ပြုလုပ် ရာတွင် အသုံးပြု သည့် ပစ္စည်းများ သိမ်းဆည်း ရမိ
Reviewed by MP4 YoU
on
June 30, 2016
Rating: 5

Subscribe to:
Post Comments (Atom)