ဒဂုံျမိဳ႕သစ္(အေရွ႕ပုိင္း) တြင္ တံတားက်ိဳးက်၍ လူသုံးဦး ဒဏ္ရာရ



ရန္ကုန္ ဇြန္ ၁၅

ဒဂုံျမိဳ႕သစ္(အေရွ႕ပုိင္း) တြင္ ဇြန္ ၁၅ရက္ နံနက္ပုိင္းက ရပ္ကြက္ႏွစ္ခုၾကားရွိ ေျမာင္းေက်ာ္ တံတားမွာ ေျမသယ္ကား ျဖတ္ျပီးခ်ိန္တြင္ က်ိဳးက်ခဲ့ကာ လူသုံးဦး ထိခုိက္ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။
'' တံတားက ႏွစ္ ၂၀ ေလာက္ရွိေနျပီ ဆိုေတာ့ ခုိင္ခံ႔မူက မရွိေတာ့ဘူး။ ကားလည္း ျဖတ္ျပီးေရာ ျပိဳက်တာပဲ''ဟု (၄) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္သိန္းကေျပာၾကားသည္။


အဆိုပါတံတားသည္ဒဂုံၿမိဳ႕သစ္(အေရွ႕ပုိင္း)ၿမိဳ႕နယ္ စပ္စံထြန္းလမ္းေပၚတြင္ တည္ရွိျပီး အမွတ္(၄) ရပ္ကြက္ႏွင့္ အမွတ္ (၂) ရပ္ကြက္ၾကားရွိ ေရေျမာင္းအားျဖတ္ကာ တည္ေဆာက္ထား သည့္ တံတားငယ္ျဖစ္သည္။

ယေန႔ ေန႔ နံနက္ ၁၁ နာရီ ၀န္းက်င္ခန္႔က တံတားက်ိဳးက်ခဲ့ရာ တံတားေပၚထိုင္ေနသည့္ အမ်ိဳးသားတစ္ဦး၊ တံတားေပၚ ျဖတ္သြားသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦးတို႔ ဒဏ္ရာ ရရွိခဲ့ေသာေၾကာင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေဆးရုံသုိ႔ တင္ပုိ႔ခဲ့ေၾကာင္း သိရသည္။

စည္သူ
china.com Myanmar
https://www.facebook.com/china.com.mm/
.......



ရန်ကုန် ဇွန် ၁၅

ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် ဇွန် ၁၅ရက် နံနက်ပိုင်းက ရပ်ကွက်နှစ်ခုကြားရှိ မြောင်းကျော် တံတားမှာ မြေသယ်ကား ဖြတ်ပြီးချိန်တွင် ကျိုးကျခဲ့ကာ လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
'' တံတားက နှစ် ၂၀ လောက်ရှိနေပြီ ဆိုတော့ ခိုင်ခံ့မူက မရှိတော့ဘူး။ ကားလည်း ဖြတ်ပြီးရော ပြိုကျတာပဲ''ဟု (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကပြောကြားသည်။



အဆိုပါတံတားသည်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စပ်စံထွန်းလမ်းပေါ်တွင် တည်ရှိပြီး အမှတ်(၄) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက်ကြားရှိ ရေမြောင်းအားဖြတ်ကာ တည်ဆောက်ထား သည့် တံတားငယ်ဖြစ်သည်။

ယနေ့ နေ့ နံနက် ၁၁ နာရီ ၀န်းကျင်ခန့်က တံတားကျိုးကျခဲ့ရာ တံတားပေါ်ထိုင်နေသည့် အမျိုးသားတစ်ဦး၊ တံတားပေါ် ဖြတ်သွားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့သောကြောင့် မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)