ေနာင္က်င္းပမယ့္ အခမ္းအနားေတြမွာသူ႔အတြက္ထိုင္ခံုကို သီးသန္႔ မျပင္ဆင္ထားဖို႔ ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္ေျပာ


ေနျပည္ေတာ္ ဇြန္ ၅ ရက္ ။ ။

ႏိုင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္က သူတက္ေရာက္မယ့္ အခမ္းအနားေတြမွာ သူထုိင္မယ့္ ထိုင္ခုံအတြက္ ပြဲ စီစဥ္သူေတြက သီးသန္႔ မျပင္ဆင္ထားၾကဖို႔ သည္ကေန႔မနက္ကေျပာပါတယ္။

ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ က
"ကြၽန္ေတာ္လည္းဝင္လာမွပဲ ျမင္ပါတယ္၊ ကြၽန္ေတာ့္ခံုက ေရွ႕မွာ သီးသန္႔ႀကီးျဖစ္ေနပါတယ္၊ေနာင္ကိုေတာ့ ၾကြေရာက္လာတဲ႔ ဧည့္သည္ေတြနဲ႔ တစ္တန္းတည္းထိုင္လိုပါတယ္၊စီစဥ္တဲ႔သူေတြ သတိျပဳမိေအာင္ပါ"လို ့ေျပာပါတယ္။

သည္ေန႔ (ဇြန္လ ၅ရက္က)ေနျပည္ေတာ္ ဟိုတယ္ဇုန္(၁)သဂ္ဟ ဟိုတယ္မွာျပဳလုပ္တဲ့ ၂၀၁၆ခုႏွစ္ သဘာဝပတ္ဝန္းက်င္ေန႔ အခမ္းအနား ရဲ့ အဖြင့္မိန္႔ခြန္းမေျပာခင္မွာ အခုလိုမွာၾကားတာျဖစ္ပါတယ္။

သည္အခမ္းအနားက ႏိုင္ငံေတာ္ သမၼတ အျဖစ္ ပထမဆံုးအႀကိမ္တက္ေရာက္တဲ့ သမၼတအိမ္ေတာ္ျပင္ပ အခမ္းအနားလည္းျဖစ္ပါတယ္။
Author/Photo - ေဖသက္ထက္ခင္
Kumudra
..........

"နောင်ကျင်းပမယ့် အခမ်းအနားတွေမှာသူ့အတွက်ထိုင်ခုံကို သီးသန့် မပြင်ဆင်ထားဖို့ နိုင်ငံတော်သမ္မတဦးထင်ကျော်ပြော"

နေပြည်တော် ဇွန် ၅ ရက် ။ ။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သူတက်ရောက်မယ့် အခမ်းအနားတွေမှာ သူထိုင်မယ့် ထိုင်ခုံအတွက် ပွဲ စီစဉ်သူတွေက သီးသန့် မပြင်ဆင်ထားကြဖို့ သည်ကနေ့မနက်ကပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က
"ကျွန်တော်လည်းဝင်လာမှပဲ မြင်ပါတယ်၊ ကျွန်တော့်ခုံက ရှေ့မှာ သီးသန့်ကြီးဖြစ်နေပါတယ်၊နောင်ကိုတော့ ကြွရောက်လာတဲ့ ဧည့်သည်တွေနဲ့ တစ်တန်းတည်းထိုင်လိုပါတယ်၊စီစဉ်တဲ့သူတွေ သတိပြုမိအောင်ပါ"လို ့ပြောပါတယ်။

သည်နေ့ (ဇွန်လ ၅ရက်က)နေပြည်တော် ဟိုတယ်ဇုန်(၁)သဂ်ဟ ဟိုတယ်မှာပြုလုပ်တဲ့ ၂၀၁၆ခုနှစ် သဘာဝပတ်ဝန်းကျင်နေ့ အခမ်းအနား ရဲ့ အဖွင့်မိန့်ခွန်းမပြောခင်မှာ အခုလိုမှာကြားတာဖြစ်ပါတယ်။

သည်အခမ်းအနားက နိုင်ငံတော် သမ္မတ အဖြစ် ပထမဆုံးအကြိမ်တက်ရောက်တဲ့ သမ္မတအိမ်တော်ပြင်ပ အခမ်းအနားလည်းဖြစ်ပါတယ်။
Author/Photo - ဖေသက်ထက်ခင်
Kumudra






Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)