စင္ကာပူ၀န္ႀကီးခ်ဳပ္လာမည္

ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ နိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္နွင့္ ဇနီးတုိ႔၏ ဖိတ္ၾကားခ်က္အရ စင္ကာပူသမၼတနိုင္ငံ၊ ၀န္ၾကီးခ်ဳပ္ မစၥတာ လီရွန္လြန္းနွင့္ ဇနီးတို့သည္ ျမန္မာနိုင္ငံသို႔မၾကာမီကာလအတြင္း ခ်စ္ၾကည္ေရးခရီးလာေရာက္မည္ဟုျမန္မာႏိုင္ငံျခားေရး၀န္ႀကီးဌာနကသတင္းထုတ္ျပန္သည္။

ျမန္မာ-စင္ကာပူႏွစ္ႏိုင္ငံဆက္ဆံေရးအက်ဥ္းခ်ဳပ္

- စင္ကာပူနို္င္ငံ အေနျဖင့္ ျဗိတိသွ်ကိုလိုနီလက္ေအာက္တြင္ရွိေနေသးသည့္ ၁၉၅၂ ခုနွစ္ ကတည္းက ျမန္မာနိုင္ငံနွင့္ စင္ကာပူနုိင္ငံတို႔အၾကားေကာင္စစ္ဆိုင္ရာကိစၥရပ္မ်ား ဆက္သြယ္ေဆာင္ရြက္ခဲ့သည္။

- ၁၉၆၁ ခုနွစ္တြင္ ေကာင္စစ္၀န္ခ်ဳပ္အဆင့္ တိုးျမွင့္ခန္႔ထားခဲ့သည္။

- ၁၉၆၅ ခုနွစ္တြင္ စင္ကာပူနိုင္ငံသည္ မေလးရွားမွ ခဲြထြက္ျပီး စင္ကာပူသမၼတနိုင္ငံျဖစ္လာျပီးေနာက္ ၁၉၆၆ ခုနွစ္ ၾသဂုတ္လ ၁၂ ရက္ေန႔ တြင္ နွစ္နုိင္ငံ သံအမတ္ၾကီးမ်ားအဆင့္ သံတမန္ဆက္ဆံမႈကို စတင္ခဲ့သည္။

- ျမန္မာနုိင္ငံနွင့္ စင္ကာပူနုိင္ငံတို႔သည္ အာဆီယံအဖဲြ႔၀င္နုိ္င္ငံမ်ားျဖစ္ၾကျပီး ေဒသတြင္းပူးေပါင္း ေဆာင္ရြက္မွုမ်ားတြင္ နီးကပ္စြာ လက္တဲြေဆာင္ရြက္လ်က္ရွိသည္။

- နွစ္နုိင္ငံဆက္ဆံေရးတြင္လည္း စင္ကာပူနုိင္ငံသည္ ျမန္မာနုိင္ငံ၏ တတိယေျမာက္ ကုန္သြယ္မွႈ ပမာဏအျမင့္ဆံုးေသာ မိတ္ဖက္နုိ္င္ငံျဖစ္ပါသည္။ ျမန္မာနိုင္ငံမွ စင္ကာပူနိုင္ငံသို႔ လယ္ယာထြက္ကုန္၊ ေရထြက္၊ တိရိစၦာန္၊ သတၱဳ ၊ သစ္ေတာ စသည္တို႔ကို တင္ပို႔ပါသည္။ စင္ကာပူနိုင္ငံမွ ျမန္မာနုိင္ငံသို႔ လုပ္ငန္းသံုးကုန္ၾကမ္းမ်ားနွင့္ လူသံုးကုန္ပစၥည္းမ်ား တင္သြင္းသည္။

- နွစ္နုိင္ငံအၾကား လူ႔စြမ္းအားအရင္းအျမစ္ဖြံ႔ျဖိဳးေရး၊ ကၽြမ္းက်င္မွုျမွင့္တင္ေရးလုပ္ငန္းမ်ားတြင္ ပိုမိုအာရံုစိုက္ ပူးေပါင္းေဆာင္ရြက္နုိင္ရန္ ေဆာင္ရြက္လ်က္ရွိသည္။
Popular News Journal
.....

စင်ကာပူဝန်ကြီးချုပ်လာမည်
=======================
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံ၊ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းနှင့် ဇနီးတို့သည် မြန်မာနိုင်ငံသို့မကြာမီကာလအတွင်း ချစ်ကြည်ရေးခရီးလာရောက်မည်ဟုမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

မြန်မာ-စင်ကာပူနှစ်နိုင်ငံဆက်ဆံရေးအကျဉ်းချုပ်

- စင်ကာပူနို်င်ငံ အနေဖြင့် ဗြိတိသျှကိုလိုနီလက်အောက်တွင်ရှိနေသေးသည့် ၁၉၅၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြားကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ခဲ့သည်။

- ၁၉၆၁ ခုနှစ်တွင် ကောင်စစ်ဝန်ချုပ်အဆင့် တိုးမြှင့်ခန့်ထားခဲ့သည်။

- ၁၉၆၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသည် မလေးရှားမှ ခွဲထွက်ပြီး စင်ကာပူသမ္မတနိုင်ငံဖြစ်လာပြီးနောက် ၁၉၆၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ တွင် နှစ်နိုင်ငံ သံအမတ်ကြီးများအဆင့် သံတမန်ဆက်ဆံမှုကို စတင်ခဲ့သည်။

- မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နို်င်ငံများဖြစ်ကြပြီး ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများတွင် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိသည်။

- နှစ်နိုင်ငံဆက်ဆံရေးတွင်လည်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏ တတိယမြောက် ကုန်သွယ်မှှု ပမာဏအမြင့်ဆုံးသော မိတ်ဖက်နို်င်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လယ်ယာထွက်ကုန်၊ ရေထွက်၊ တိရိစ္ဆာန်၊ သတ္တု ၊ သစ်တော စသည်တို့ကို တင်ပို့ပါသည်။ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လုပ်ငန်းသုံးကုန်ကြမ်းများနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းသည်။

- နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ကျွမ်းကျင်မှုမြှင့်တင်ရေးလုပ်ငန်းများတွင် ပိုမိုအာရုံစိုက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
Popular News Journal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)