ၾကက္ဥမႈိစားသံုးမိရာမွ အစာအဆိပ္သင့္၍ ႏွစ္ဦးေသဆံုး


မင္းတပ္ ဇြန္ ၁၃

ဇြန္ ၉ ရက္က မင္းတပ္ၿမိဳ႕ အေရွ႕ျပင္ ရပ္ကြက္ေတာအတြင္း ရွာေဖြရရွိေသာ ၾကက္ဥမႈိမ်ားအား မင္းတပ္ၿမိဳ႕ ဘဝ သစ္ရပ္ကြက္ ဆက္သြယ္ေရး႐ံုးဝင္းအတြင္းေနထိုင္သူ ဆက္သြယ္ေရး႐ံုး ဝန္ထမ္း(ဆသရ-၃) ဦးေလာဟုန္း အြမ္၏ေနအိမ္တြင္ ခ်က္ျပဳတ္စားေသာက္ၾကရာမွ ဇြန္ ၁ဝ ရက္ နံနက္ ပိုင္းတြင္ အစာအဆိပ္သင့္ၿပီး မူးေဝေအာ့အန္သျဖင့္ ေနအိမ္တြင္ ကုသခဲ့ၾကသည္။

ဇြန္ ၁၂ ရက္တြင္ မင္းတပ္ခ႐ိုင္ျပည္သူ႔ေဆး႐ံုးႀကီးတြင္ အတြင္းလူနာအျဖစ္ ေဆးဝါးကုသမႈခံယူေနစဥ္ အတြင္း ဦးေလာဟုန္းအြမ္(၃၆)ႏွစ္ႏွင့္ ဦးေဂခြီရွိန္း(၄၅)ႏွစ္ (လငသ-၂၊လ/ထနည္းျပ)တို႔မွာ ဇြန္ ၁၃ ရက္ နံနက္ပိုင္းက မင္းတပ္ၿမိဳ႕ ျပည္သူ႔ ေဆး႐ံုတြင္ ေသဆံုးသြားခဲ့ေၾကာင္းႏွင့္ က်န္မိသားစုမ်ားျဖစ္သည့္ ေဒၚအြမ္ တီး(၆ဝ)ႏွစ္၊ ေဒၚေဂအြယ္(၃၅)ႏွစ္ႏွင့္ မဟုန္းျမဴးမံ(၂၅)ႏွစ္တို႔မွာ(မစိုးရိမ္ရ)ႏွင့္ မယမင္းလႈိင္(၁ဝ)ႏွစ္မွာ (စိုးရိမ္ရ)အေျခအေနျဖင့္ ေဆးဝါးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

လိန္းဟုန္းမာန္(ျပန္/ဆက္)
The Mirror Daily
https://www.facebook.com/TheMirrorDaily
.............

မင်းတပ် ဇွန် ၁၃

ဇွန် ၉ ရက်က မင်းတပ်မြို့ အရှေ့ပြင် ရပ်ကွက်တောအတွင်း ရှာဖွေရရှိသော ကြက်ဥမှိုများအား မင်းတပ်မြို့ ဘဝ သစ်ရပ်ကွက် ဆက်သွယ်ရေးရုံးဝင်းအတွင်းနေထိုင်သူ ဆက်သွယ်ရေးရုံး ဝန်ထမ်း(ဆသရ-၃) ဦးလောဟုန်း အွမ်၏နေအိမ်တွင် ချက်ပြုတ်စားသောက်ကြရာမှ ဇွန် ၁ဝ ရက် နံနက် ပိုင်းတွင် အစာအဆိပ်သင့်ပြီး မူးဝေအော့အန်သဖြင့် နေအိမ်တွင် ကုသခဲ့ကြသည်။

ဇွန် ၁၂ ရက်တွင် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံးကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေစဉ် အတွင်း ဦးလောဟုန်းအွမ်(၃၆)နှစ်နှင့် ဦးဂေခွီရှိန်း(၄၅)နှစ် (လငသ-၂၊လ/ထနည်းပြ)တို့မှာ ဇွန် ၁၃ ရက် နံနက်ပိုင်းက မင်းတပ်မြို့ ပြည်သူ့ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်းနှင့် ကျန်မိသားစုများဖြစ်သည့် ဒေါ်အွမ် တီး(၆ဝ)နှစ်၊ ဒေါ်ဂေအွယ်(၃၅)နှစ်နှင့် မဟုန်းမြူးမံ(၂၅)နှစ်တို့မှာ(မစိုးရိမ်ရ)နှင့် မယမင်းလှိုင်(၁ဝ)နှစ်မှာ (စိုးရိမ်ရ)အခြေအနေဖြင့် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

လိန်းဟုန်းမာန်(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)