အေဆာင္ေန ဆရာမမ်ား၏အိပ္ခန္းထဲ ၀င္ေရာက္ရန္ ႀကိဳးပမ္းသူကုိ အမႈဖြင့္တုိင္ၾကား


By DVB
    9 June 2016
ေပါက္ေတာၿမိဳ႕နယ္ အလကခြဲေက်ာင္းအတြင္း ဆရာမေတြရဲ႕ အေဆာင္မွာ အမ်ဳိးသားတဦးက ညအခ်ိန္မေတာ္ တံခါးတြန္းဖြင့္ၿပီး အခန္းတြင္း၀င္ဖုိ႔ ႀကိဳးပမ္းခဲ့တာနဲ႔ ပတ္သက္လုိ႔ ဖမ္းဆီးအေရးယူေပးဖုိ႔ ဇြန္ ၈ ရက္ေန႔က ရဲစခန္းမွာ ဆရာမေတြ အမႈဖြင့္တုိင္ၾကားလိုက္ပါတယ္။

ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕နယ္၊ သစ္ပုတ္ေက်းရြာ အလကခြဲမွာ စာသင္ျပေနတဲ့ ဆရာမေတြရဲ႕ အေဆာင္ေန အိပ္ခန္းထဲကို ဇြန္ ၆ ရက္ေန႔ ည ၁၁ နာရီအခ်ိန္ေလာက္မွာ အသက္ ၃၀ ႏွစ္အရြယ္ လူတဦးက အခ်ိန္မေတာ္ ေက်ာင္း၀င္းထဲ ၀င္ေရာက္လာၿပီး အိပ္ခန္းတံခါးကို တြန္းဖြင့္ဖုိ႔ ႀကိဳးပမ္းခဲ့တာလို႔ မူလတန္းျပဆရာ မသဇင္ျမတ္က ေျပာပါတယ္။

“အဲ့ဒီမွာ ၁၁ နာရီရွိေနၿပီ။ ညီမတို႔အိပ္တဲ့ ႏွစ္ေယာက္ခန္းတံခါးကို ႏွစ္ခ်က္တြန္းဖြင့္လိုက္ပါတယ္။ ညီမတို႔က လန္႔ၿပီး ေအာ္လိုက္ၾကပါတယ္။ အဲ့ဒီအခ်ိန္မွာ တဘက္အခန္းကို ညီမတို႔က လွမ္းေအာ္ၿပီးေတာ့ အကူအညီ ေတာင္းလိုက္တယ္။ အကုန္လုံးထြက္ၿပီး ဓာတ္မီးထိုးၾကည့္လိုက္တဲ့အခါမွာ တံခါးေရွ႕မွာ မတ္တပ္ရပ္ၿပီး ညီမတို႔ကို ၾကည့္ေနပါတယ္။ အဲ့ဒီအခ်ိန္မွာ ညီမတို႔ အရမ္းကိုေၾကာက္ေနၿပီ” လုိ႔ ဒီဗြီဘီကုိ ေျပာပါတယ္။

အဲဒီေနာက္ အဲဒီလူဟာ ေက်ာင္း၀င္းထဲက ထြက္မသြားဘဲ အပင္ရိပ္ကိုကြယ္ၿပီး တုတ္တေခ်ာင္းနဲ႔ ဓာတ္မီးကိုကိုင္ကာ ေမွာင္ရိပ္ခိုေနတာေၾကာင့္ ရြာက တာ၀န္ရွိသူေတြကုိ ဖုန္းဆက္ အကူအညီေတာင္းခဲ့လို႔ လာေရာက္ဖမ္းဆီးခဲ့ၿပီးေနာက္ စစ္ေဆးေမးျမန္းၿပီး ျပန္လႊတ္ေပးခဲ့တယ္လို႔ ဆရာမက ဆက္လက္ေျပာပါတယ္။

ဒါေပမယ့္ အရင္ကလည္း အဲဒီလူဟာ ဆရာမေတြရဲ႕ အတြင္းခံေဘာင္းဘီ၊ ေဘာ္လီေတြ ယူၿပီး ဆုတ္ၿဖဲတာ၊ မေတာ္တေရာ္ေတြ လုပ္တာရွိတာေၾကာင့္ ဆက္ၿပီး ေႏွာင့္ယွက္မွာ စုိးရိမ္လုိ႔ ဆရာမေတြက  ရဲစခန္းမွာ တုိင္ၾကားခဲ့တာျဖစ္ေၾကာင္း ဆရာမ မသဇင္ျမတ္က ေျပာပါတယ္။

13393540_287381271601331_301159559_n“အရင္တုန္းက ဆရာမေတြရဲ႕ အတြင္းခံေဘာင္းဘီေတြ၊ အတြင္းခံေဘာ္လီေတြ ယူသြားတယ္။ ေနာက္ၿပီး ဆုတ္ၿဖဲထားတယ္။ ေပါက္ကရေတြ လုပ္ပစ္ခဲ့တယ္။ အဲ့ဒီလိုမ်ိဳးျဖစ္ခဲ့တယ္။ ညီမတို႔ေနတဲ့ အေဆာင္က ဆရာမေတြက အကုန္ အပ်ိဳေတြပဲစုၿပီး ေနၾကတာပါ။ မေတာ္မတရား ျပဳက်င့္သြားမွာကို ညီမတို႔ေၾကာက္တယ္။ ဒါေၾကာင့္ ရဲစခန္းမွာ အမႈဖြင့္လိုက္တာပါ။”

ဒါနဲ႔ပတ္သက္ၿပီး ေပါက္ေတာၿမိဳ႕ ပညာေရးမႉး႐ုံးမွ ဒု-ၿမိဳ႕နယ္ပညာေရးမႉး ဦးမ်ိဳးႏိုင္က  “အဲ့ဒီေက်ာင္းက ဆရာမေတြ တင္ျပလာပါတယ္။ ဒီအခ်က္လက္ေတြကို ပညာေရးမႉးဌာနေတြကုိ တင္ျပထားၿပီးပါၿပီ။ ေပါက္ေတာၿမိဳ႕မရဲစခန္းကို အေၾကာင္းၾကားထားပါတယ္။ ဆရာမေတြကိုေတာ့ အေထြေထြပညာေရးမႉးရဲ႕ ညႊန္ၾကားခ်က္အရ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမွာ တြဲဖက္တာ၀န္ထမ္းေဆာင္ဖို႔ ယာယီခန္႔ထားပါတယ္။ ဆရာမေတြအစား အမ်ိဳးသားေက်ာင္းဆရာေတြကို ခန္႔အပ္သြားဖို႔ စီစဥ္ေနၾကပါတယ္” လုိ႔ ေျပာပါတယ္။

ေပါက္ေတာၿမိဳ႕မ ရဲစခန္းမႉး ဦးဘေစာက ဆက္သြယ္ေမးျမန္းရာမွာ ဒီအမႈဟာ က်ဴးေက်ာ္၀င္ေရာက္မႈနဲ႔ အက်ဳံး၀င္ေၾကာင္း၊ တုိင္ၾကားခံရသူဟာ ထြက္ေျပးတိမ္းေရွာင္ေနတာေၾကာင့္ စုံစမ္းရွာေဖြေနတယ္လုိ႔ ေျပာပါတယ္။

“မေန႔က ဆရာမေတြ ရဲစခန္းကို တိုင္ခ်က္ဖြင့္ဖို႔ ေရာက္လာပါတယ္။ ျဖစ္စဥ္ေတြကို ေျပာပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ အကုန္လုံး ခ်ဳံလိုက္တဲ့အခါမွာ ညအခ်ိန္မေတာ္ က်ဴးေက်ာ္၀င္ေရာက္မႈနဲ႔ပဲ အက်ံဳး၀င္ပါတယ္။ အခုကေတာ့ တရားခံက ထြက္ေျပးတိမ္းေရွာင္ေနတယ္။ သူေရာက္ႏိုင္တဲ့ ေနရာေတြကို၊ သူရွိႏိုင္မယ့္ေနရာေတြကို ဆက္စစ္ၿပီးေတာ့ လိုက္စုံစမ္းဖမ္းဆီးသြားပါမယ္” လို႔ ေျပာပါတယ္။

ဆရာမေတြရဲ႕ အခန္းကုိ ၀င္ဖုိ႔ ႀကိဳးပမ္းသူဟာ အသက္၃၀ အရြယ္ ကိုေက်ာ္ေဌး၀င္းဆုိသူျဖစ္ကာ အခုလို ေႏွာင့္ယွက္တာဟာ သုံးႀကိမ္တိတိ ျဖစ္ပြားခဲ့တာျဖစ္ၿပီး တႀကိမ္တခါမွ အေရးမယူတာေၾကာင့္ အခုလို တိုင္ၾကားရတာလုိ႔  မသဇင္ျမတ္က ေျပာပါတယ္။

သတင္း – ၀ဏၰခြာညိဳ
..............
အဆောင်နေ ဆရာမများ၏အိပ်ခန်းထဲ ၀င်ရောက်ရန် ကြိုးပမ်းသူကို အမှုဖွင့်တိုင်ကြား
13407510_287381241601334_180312569_n copy

    By DVB
    9 June 2016
    Print

ပေါက်တောမြို့နယ် အလကခွဲကျောင်းအတွင်း ဆရာမတွေရဲ့ အဆောင်မှာ အမျိုးသားတဦးက ညအချိန်မတော် တံခါးတွန်းဖွင့်ပြီး အခန်းတွင်းဝင်ဖို့ ကြိုးပမ်းခဲ့တာနဲ့ ပတ်သက်လို့ ဖမ်းဆီးအရေးယူပေးဖို့ ဇွန် ၈ ရက်နေ့က ရဲစခန်းမှာ ဆရာမတွေ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ သစ်ပုတ်ကျေးရွာ အလကခွဲမှာ စာသင်ပြနေတဲ့ ဆရာမတွေရဲ့ အဆောင်နေ အိပ်ခန်းထဲကို ဇွန် ၆ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ အသက် ၃၀ နှစ်အရွယ် လူတဦးက အချိန်မတော် ကျောင်းဝင်းထဲ ၀င်ရောက်လာပြီး အိပ်ခန်းတံခါးကို တွန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တာလို့ မူလတန်းပြဆရာ မသဇင်မြတ်က ပြောပါတယ်။

“အဲ့ဒီမှာ ၁၁ နာရီရှိနေပြီ။ ညီမတို့အိပ်တဲ့ နှစ်ယောက်ခန်းတံခါးကို နှစ်ချက်တွန်းဖွင့်လိုက်ပါတယ်။ ညီမတို့က လန့်ပြီး အော်လိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာ တဘက်အခန်းကို ညီမတို့က လှမ်းအော်ပြီးတော့ အကူအညီ တောင်းလိုက်တယ်။ အကုန်လုံးထွက်ပြီး ဓာတ်မီးထိုးကြည့်လိုက်တဲ့အခါမှာ တံခါးရှေ့မှာ မတ်တပ်ရပ်ပြီး ညီမတို့ကို ကြည့်နေပါတယ်။ အဲ့ဒီအချိန်မှာ ညီမတို့ အရမ်းကိုကြောက်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနောက် အဲဒီလူဟာ ကျောင်းဝင်းထဲက ထွက်မသွားဘဲ အပင်ရိပ်ကိုကွယ်ပြီး တုတ်တချောင်းနဲ့ ဓာတ်မီးကိုကိုင်ကာ မှောင်ရိပ်ခိုနေတာကြောင့် ရွာက တာဝန်ရှိသူတွေကို ဖုန်းဆက် အကူအညီတောင်းခဲ့လို့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဆရာမက ဆက်လက်ပြောပါတယ်။

ဒါပေမယ့် အရင်ကလည်း အဲဒီလူဟာ ဆရာမတွေရဲ့ အတွင်းခံဘောင်းဘီ၊ ဘော်လီတွေ ယူပြီး ဆုတ်ဖြဲတာ၊ မတော်တရော်တွေ လုပ်တာရှိတာကြောင့် ဆက်ပြီး နှောင့်ယှက်မှာ စိုးရိမ်လို့ ဆရာမတွေက  ရဲစခန်းမှာ တိုင်ကြားခဲ့တာဖြစ်ကြောင်း ဆရာမ မသဇင်မြတ်က ပြောပါတယ်။

13393540_287381271601331_301159559_n“အရင်တုန်းက ဆရာမတွေရဲ့ အတွင်းခံဘောင်းဘီတွေ၊ အတွင်းခံဘော်လီတွေ ယူသွားတယ်။ နောက်ပြီး ဆုတ်ဖြဲထားတယ်။ ပေါက်ကရတွေ လုပ်ပစ်ခဲ့တယ်။ အဲ့ဒီလိုမျိုးဖြစ်ခဲ့တယ်။ ညီမတို့နေတဲ့ အဆောင်က ဆရာမတွေက အကုန် အပျိုတွေပဲစုပြီး နေကြတာပါ။ မတော်မတရား ပြုကျင့်သွားမှာကို ညီမတို့ကြောက်တယ်။ ဒါကြောင့် ရဲစခန်းမှာ အမှုဖွင့်လိုက်တာပါ။”

ဒါနဲ့ပတ်သက်ပြီး ပေါက်တောမြို့ ပညာရေးမှူးရုံးမှ ဒု-မြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်က  “အဲ့ဒီကျောင်းက ဆရာမတွေ တင်ပြလာပါတယ်။ ဒီအချက်လက်တွေကို ပညာရေးမှူးဌာနတွေကို တင်ပြထားပြီးပါပြီ။ ပေါက်တောမြို့မရဲစခန်းကို အကြောင်းကြားထားပါတယ်။ ဆရာမတွေကိုတော့ အထွေထွေပညာရေးမှူးရဲ့ ညွှန်ကြားချက်အရ မြို့နယ်ပညာရေးမှူးရုံးမှာ တွဲဖက်တာဝန်ထမ်းဆောင်ဖို့ ယာယီခန့်ထားပါတယ်။ ဆရာမတွေအစား အမျိုးသားကျောင်းဆရာတွေကို ခန့်အပ်သွားဖို့ စီစဉ်နေကြပါတယ်” လို့ ပြောပါတယ်။

ပေါက်တောမြို့မ ရဲစခန်းမှူး ဦးဘစောက ဆက်သွယ်မေးမြန်းရာမှာ ဒီအမှုဟာ ကျူးကျော်ဝင်ရောက်မှုနဲ့ အကျုံးဝင်ကြောင်း၊ တိုင်ကြားခံရသူဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် စုံစမ်းရှာဖွေနေတယ်လို့ ပြောပါတယ်။

“မနေ့က ဆရာမတွေ ရဲစခန်းကို တိုင်ချက်ဖွင့်ဖို့ ရောက်လာပါတယ်။ ဖြစ်စဉ်တွေကို ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အကုန်လုံး ချုံလိုက်တဲ့အခါမှာ ညအချိန်မတော် ကျူးကျော်ဝင်ရောက်မှုနဲ့ပဲ အကျုံးဝင်ပါတယ်။ အခုကတော့ တရားခံက ထွက်ပြေးတိမ်းရှောင်နေတယ်။ သူရောက်နိုင်တဲ့ နေရာတွေကို၊ သူရှိနိုင်မယ့်နေရာတွေကို ဆက်စစ်ပြီးတော့ လိုက်စုံစမ်းဖမ်းဆီးသွားပါမယ်” လို့ ပြောပါတယ်။

ဆရာမတွေရဲ့ အခန်းကို ၀င်ဖို့ ကြိုးပမ်းသူဟာ အသက်၃၀ အရွယ် ကိုကျော်ဌေးဝင်းဆိုသူဖြစ်ကာ အခုလို နှောင့်ယှက်တာဟာ သုံးကြိမ်တိတိ ဖြစ်ပွားခဲ့တာဖြစ်ပြီး တကြိမ်တခါမှ အရေးမယူတာကြောင့် အခုလို တိုင်ကြားရတာလို့  မသဇင်မြတ်က ပြောပါတယ်။

သတင်း – ၀ဏ္ဏခွာညို
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)